အဖမ်းအဆီးတွေကြားကနေ ဒီမိုကရေစီပြန်လည်ရရှိဖို့ အားကြိုးမာန်တက် နေ့စဥ်လုပ်ဆောင်ခဲ့တဲ့ ထားဝယ်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၇)/(၈)ရက်နေ့တွေမှာ မြို့ခံပြည်သူ့ကာကွယ်ရေး(PDF)တပ်တွေနဲ့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတပ်တွေအကြား အပြန်အလှန် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာတော့ အနီးအနားက ဒေသခံပြည်သူတချို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ယင်းတိုက်ပွဲမှာတော့ ထားဝယ်(PDF)က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုဘက်က (၅)ဦးလောက် ကျဆုံးသွားတယ်လို့လည်း ကြားသိရပါတယ်။ဒါ့အပြင် ပြည်သူတွေအတွက် ရရာလက်နက်ကိုဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ ထားဝယ်(PDF)ဘက်ကလည်း စိတ်မကောင်းစွာ သူရဲကောင်း (၂)ဦး ကျဆုံးသွားခဲ့ပါတယ်။
အဆိုပါကျဆုံးသွားတဲ့ သူရဲကောင်းတွေကတော့ DDT (Dawei Defense Team)မှ ကိုတင်နိုင် (ဆရာဂျိမ်း)နှင့် ကိုရှိုင်းတို့ပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပြည်သူတွေအတွက် အသက်ပေးပြီးတိုက်ပွဲဝင်သွားတဲ့ သူရဲကောင်း(၂)ဦးရဲ့ ပုံရိပ်လေးတွေနဲ့ ထားဝယ်(PDF)အဖွဲ့က ဝမ်းနည်းခြင်းဖြင့် ဂုဏ်ပြုပေးလာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြည်သူတွေကလည်း အဆိုပါ သူရဲကောင်း(၂)ဦးအတွက် ကောင်းရာမွန်ရာ ရောက်အောင်လည်း ဆုမွန်ကောင်းတွေနဲ့အတူ ဂုဏ်ပြုပေးခဲ့ကြပါတယ်။
ကဲ..Myanmarload ပရိသတ်တွေလည်း တိုင်းပြည်အတွက် ထပ်မံအသက်ပေးသွားခဲ့တဲ့ ထားဝယ်က သူရဲကောင်း(၂)ဦးအတွက် ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းပေးကြပါဦးနော်။
crd