ၾကားသိရသမွ်

ပျောက်ဆုံးနေတဲ့ မုဒုံမြို့နယ်ကကျောင်းဆရာမအား အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိ…

ပျောက်ဆုံးနေတဲ့ မုဒုံမြို့နယ်ကကျောင်းဆရာမအား အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိ

ကျိုက်မရော၊ဇူလိုင် ၉

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်မှာ ယမန်နေ့ ဇူလိုင် ၈ ရက်နေ့က ပျောက်ဆုံးနေတဲ့ မုဒုံမြို့နယ်က ကျောင်းဆရာမတစ်ဦးကို ကျိုက်မရောမြို့ မာကာလာမြစ်ချောင်းအတွင်းမှာ အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိပြီးဖြစ်တယ်လို့ ကျိုက်မရောလူငယ်ပရဟိတ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

မုဒုံမြို့နယ်မှာနေထိုင်ပြီး ကျိုက်မရောမြို့နယ် အံကရဲကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကျောင်းဆရာမ မပွင့်သဇင်ဦးဟာ ယမန်နေ့လယ် ၂ နာရီခန့်အချိန်က မုဒုံမြို့သို့အပြန် စံပယ်ဂူလမ်းဟောင်း မာကာလာတံတားအနီးမွာ ပျောက်ဆုံးနေကြောင်းသိရပြီး ကျိုက်မရောလူငယ်လူမှုကူညီရေးအသင်းမှ လိုက်လံရှာဖွေရာမှာ ဒီကနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ အဆိုပါ မာကာလာချောင်း အနီးမလှမ်းမဝေးမှာ အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိတာဖြစ်ပါတယ်။

“ညေန ၆ နာရီလောက်မှာ ဆရာမတစ်ယောက် ပျောက်နေလို့ ကူညီပေးဖို့ ကျနော်တို့အဖွဲ့ကို ဆက်သွယ်လာတယ်။အဲ့ဒါနဲ့ကျနော်တို့လိုက်စုံစမ်းတော့ မာကာလာတံတားပေါ်မှာ ဆွဲခြင်းတွေထမင်းချိုင့်တွေ ဆိုင်ကယ်ရဲ့အပိုင်းအစ အနည်းငယ်တွေ့တယ်ပေါ့၊

အဲ့ဒါနဲ့ ကျနော်တို့အဖွဲ့တွေ ချောင်းထဲမှာလိုက်ရှာကြတယ်၊ဒီနေ့နံနက် ၈ နာရီလောက်မှာ အဲ့ချောင်းမနီးမနားမှာပဲ ဆံပင်က ငုတ်တခုနဲ့ညှိနေပြီး သေဆုံးလျှက်တွေ့ရတာပါ”လို့ ကျိုက်မရောမြို့လူငယ်ပဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက VOT သတင်းအေဂျင်စီကိုပြောပါတယ်။

အဆိုပါသေဆုံးမှုကို လူသတ်လုယက်မှုလို့ ဒေသခံများက သုံးသပ်နေကြပြီး သေဆုံးသူ ဆရာမ စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ဝတ်ဆင်ထားတဲ့ လက်ဝက်ရတနာတွေပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြတယ်လို့ သိရပါတယ်။

photo#fb

The Voice Of Thanbyuzayat

သတင်းအေဂျင်စီ