PDF စစ်သားဘဝမှာ ဆိုးတူကောင်းဘက် ဒုက္ခအထပ်ထပ်အတူတူရင်ဆိုင်ခဲ့ကြပြီး သံယောဇဉ်တွေ တွယ်လာခဲ့တဲ့ချစ်သူစုံတွဲလေး (၃)တွဲဟာ
ဒီနေ့မှာဆိုရင်တော့ PDF TC တပ်ခွဲရုံးရဲ့ တရားဝင်ကြင်လင်မယားဖြစ်စေတဲ့ မင်္ဂလာပွဲလေးကို ဗိုလ်ကြီးနဲ့ PDF ရဲဘော်တို့အား အသိသက်သေထားပြီးစခန်းမှာပဲ
ပျော်ရွှင်စွာကျင်းပလိုက်ပါတယ်ခင်ဗျာ။
မြန်မာတစ်နိုင်ငံလုံး စစ်အာဏာသိမ်းတဲ့အောက်ရောက်နေတာတောင် တောထဲမှာမင်္ဂလာပွဲလုပ်နိုင်သေးတယ်လို့တော့ မထင်ကြပါနဲ့ခင်ဗျာ
စစ်အာဏာသိမ်းတာကို နာကျည်းမုန်းတီးလို့ အားလုံးကိုစွန့်လွှတ်ပြီးတော့ တောထဲမှာ ဒုက္ခခံ စစ်ပညာတွေလာသင်ကြတဲ့ ရဲဘော်များဖြစ်ပါတယ်။
PDF ရဲဘော်တွေဟာ အရာအားလုံးဆုံးရှုံးလို့ အဖော်မဲ့နေတဲ့အချိန် ဒီလိုအချစ်စိတ်လေးနဲ့ တွေ့လို့သာ ခွန်အားတွေ ပြန်လည် လတ်ဆတ်ခဲ့တယ်။ဒီအချစ်စိတ်ကပဲ
တော်လှန်ရေးအောင်မြင်ဖို့အတွက် 2ဆလောက် အလုပ်ပြီးစေတယ်လို့ ထင်မိပါတယ်။
ဒီပွဲလေးက တကယ်ကို အကျဉ်းချုပ်ပြုလုပ်လိုက်တာပါ။ဘယ်မိဘ ဘယ်ဆွေမျိုးမှဖိတ်ကြားခြင်းမရှိပဲကိုယ်ချစ်ရတဲ့ချစ်သူကို ဆုံးရှုံးမခံလိုတဲ့စိတ်နဲ့အသက်ပြည့်
အသိဉာဏ်ရှိတဲ့ ဦးနှောက်ရော နှလုံးသားနဲ့ပါဆုံးဖြတ်ပြီးရွေးချယ်ခဲ့တဲ့ ချစ်သူစုံတွဲများဖြစ်ကြပါတယ်။
ဒီမင်္ဂလာပွဲကတော့ တခြားမင်္ဂလာပွဲတွေထက် ပိုထူးဆန်းနေမယ်၊ပိုပြီးတော့ချိုမြိန်မယ်။ ပိုပြီးတော့အမှတ်တရတွေနဲ့ပြည့်နက်နေလိမ့်မယ်။
ဒီစုံတွဲတွေရဲ့ မတရားမှုကိုအဆုံးထိတွန်းလှန်မယ့် ခံယူချက်တွေကခိုင်မာတဲ့အတွက်ကြောင့် ဒီအကြင်လင်မယား မွေးဖွားလာမယ့် သားသမီးရတနာများကလဲ မ
တရားမှုနောက်ထပ်ရှိလာမယ်ဆိုရင်တောင်
ဒီကလေးတွေဟာ အမှန်တရားဘက်ကနေရှေ့ဆုံးကရပ်တည်ပေးမယ့်အနာဂတ် သူရဲကောင်းတွေ ဖြစ်လာအုံးမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။
————-
PDF စစ္သားဘ၀မွာ ဆိုးတူေကာင္းဘက္ ဒုကၡအထပ္ထပ္အတူတူရင္ဆိုင္ခဲ့ၾကၿပီး သံေယာဇဥ္ေတြ တြယ္လာခဲ့တဲ့ခ်စ္သူစုံတြဲေလး (၃)တြဲဟာ
ဒီေန႔မွာဆိုရင္ေတာ့ PDF TC တပ္ခြဲ႐ုံးရဲ႕ တရား၀င္ၾကင္လင္မယားျဖစ္ေစတဲ့ မဂၤလာပြဲေလးကို ဗိုလ္ႀကီးနဲ႔ PDF ရဲေဘာ္တို႔အား အသိသက္ေသထားၿပီး
စခန္းမွာပဲ ေပ်ာ္႐ႊင္စြာက်င္းပလိုက္ပါတယ္ခင္ဗ်ာ။
ျမန္မာတစ္ႏိုင္ငံလုံး စစ္အာဏာသိမ္းတဲ့ေအာက္ေရာက္ေနတာေတာင္ ေတာထဲမွာမဂၤလာပြဲလုပ္ႏိုင္ေသးတယ္လို႔ေတာ့ မထင္ၾကပါနဲ႔ခင္ဗ်ာ
စစ္အာဏာသိမ္းတာကို နာက်ည္းမုန္းတီးလို႔ အားလုံးကိုစြန႔္လႊတ္ၿပီးေတာ့ ေတာထဲမွာ ဒုကၡခံ စစ္ပညာေတြလာသင္ၾကတဲ့ ရဲေဘာ္မ်ားျဖစ္ပါတယ္။
PDF ရဲေဘာ္ေတြဟာ အရာအားလုံးဆုံးရႈံးလို႔ အေဖာ္မဲ့ေနတဲ့အခ်ိန္ ဒီလိုအခ်စ္စိတ္ေလးနဲ႔ ေတြ႕လို႔သာ ခြန္အားေတြ ျပန္လည္ လတ္ဆတ္ခဲ့တယ္။ဒီအခ်စ္စိ
တ္ကပဲ ေတာ္လွန္ေရးေအာင္ျမင္ဖို႔အတြက္ 2ဆေလာက္ အလုပ္ၿပီးေစတယ္လို႔ ထင္မိပါတယ္။
ဒီပြဲေလးက တကယ္ကို အက်ဥ္းခ်ဳပ္ျပဳလုပ္လိုက္တာပါ။ဘယ္မိဘ ဘယ္ေဆြမ်ိဳးမွဖိတ္ၾကားျခင္းမရွိပဲကိုယ္ခ်စ္ရတဲ့ခ်စ္သူကို ဆုံးရႈံးမခံလိုတဲ့စိတ္နဲ႔အသက္ျပည့္အသိဉာ
ဏ္ရွိတဲ့ ဦးေႏွာက္ေရာ ႏွလုံးသားနဲ႔ပါဆုံးျဖတ္ၿပီးေ႐ြးခ်ယ္ခဲ့တဲ့ ခ်စ္သူစုံတြဲမ်ားျဖစ္ၾကပါတယ္။
ဒီမဂၤလာပြဲကေတာ့ တျခားမဂၤလာပြဲေတြထက္ ပိုထူးဆန္းေနမယ္၊ပိုၿပီးေတာ့ခ်ိဳၿမိန္မယ္။ ပိုၿပီးေတာ့အမွတ္တရေတြနဲ႔ျပည့္နက္ေနလိမ့္မယ္။
ဒီစုံတြဲေတြရဲ႕ မတရားမႈကိုအဆုံးထိတြန္းလွန္မယ့္ ခံယူခ်က္ေတြကခိုင္မာတဲ့အတြက္ေၾကာင့္ ဒီအၾကင္လင္မယား ေမြးဖြားလာမယ့္ သားသမီးရတနာမ်ား
ကလဲ မတရားမႈေနာက္ထပ္ရွိလာမယ္ဆိုရင္ေတာင္
ဒီကေလးေတြဟာ အမွန္တရားဘက္ကေနေရွ႕ဆုံးကရပ္တည္ေပးမယ့္အနာဂတ္ သူရဲေကာင္းေတြ ျဖစ္လာအုံးမယ္ဆိုတာ ကြၽန္ေတာ္ေျပာရဲပါတယ္။