ၾကားသိရသမွ်

Facebook ကပြောင်းလဲလိုက်တဲ့ Metaverse ဆိုတာဘာလဲ

Facebook ကပြောင်းလဲလိုက်တဲ့ Metaverse ဆိုတာဘာလဲ

Facebook ကို Meta လို့အမည်ပြောင်းလဲမှည့်ခေါ်လိုက်တာဟာ အနာဂတ်မှာအွန်လိုင်းကနေတွေ့မြင်ရတာတွေကို တကယ့်အစစ်အမှန်တွေလိုမြင်တွေ့ရအောင်ဖန်တီးဖို့အတွက်ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CEO အကြီးအကဲ ဇူကာဘတ်ကပြောဆိုလိုက်ပါတယ်။

ဇူကာဘတ်ကတော့ Metaverse ဟာ ပိုမိုအဆင့်မြင့်ကောင်းမွန်ပြီး ရုပ်ပုံတွေကိုအစစ်အမှန်တွေလိုမြင်တွေ့ရမယ့် 3D နည်းပညာတွေနဲ့ဖေါ်ဆောင်မှာဖြစ်ပြီး အွန်လိုင်းကတွေမြင်နိုင်တဲ့ပတ်ဝန်းကျင်တခုကိုဖန်တီးပြမှာဖြစ်တယ်လို့ဆိုပါတယ်။

ရုပ်ပုံတွေကို ဖန်သားပြင်ပေါ်မှာကြည့်နေရတာမျိုးမဟုတ်ဘဲ၊အဲဒီအထဲကို သင်ကိုယ်တိုင်ဝင်ရောက်သွားသလိုမျိုးတွေ့မြင်ရမယ်လို့ပြောဆိုထားပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ ပုံရိပ်ယောင်အွန်လိုင်းကမ္ဘာ မီတာဗာ့စ်ကို ဖန်တီးဖို့အတွက် ဥရောပနိုင်ငံတွေထဲက လူ တစ်သောင်းကို အလုပ်ခန့်ဖို့ စီစဉ်နေတယ်လို့ကြေညာထားပါတယ်။

အခုလို ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာဆိုတာဟာနောင်တချိန်မှာလက်ရှိ အင်တာနက်ရဲ့အနာဂတ်သွင်ပြင် ဖြစ်လာမယ်လို့တတ်ကျွမ်းသူတချို့ကပြောဆိုနေကြပါတယ်။

မီတာဗာ့စ် ဆိုတာကတော့ လက်ကိုင်ဖုန်းကြီးတွေခေတ်ကနေ လက်ရှိခေတ်သစ် စမတ်ဖုန်းတွေအထိ တိုးတက်လာသလိုမျိုး အဆင်မြင့်လာမယ့် ပုံရိပ်ယောင်အွန်လိုင်းကမ္ဘာ ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ အနေအထားမှာ အင်တာနက်အသုံးပြုတယ်ဆိုတာက ကွန်ပျူတာကတစ်ဆင့် ချိတ်ဆက်အသုံးပြုတာဖြစ်ပေမယ့် မီတာဗာ့စ်ခေတ်ရောက်လာတဲ့အချိန်မှာဆိုရင် အင်တာနက်အသုံးပြုမှုကို နားကြပ်နဲ့တကွ မျက်လုံးမှာကွန်ပျူတာမျက်နှာပြင်တပ်ပြီး အဲဒီပုံရိပ်ယောင် အွန်လိုင်းကမ္ဘာကို ဝင်ရောက်ချိတ်ဆက် အသုံးပြုရတာကိုဆိုလိုတာဖြစ်တယ်လို့ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ လူလူချင်းပုံရိပ်ယောင် ကမ္ဘာမှာလူမှုရေးအရတွေ့ဆုံဖို့နဲ့အလုပ်အကိုင်အရ တွေ့ဆုံဖို့တို့အတွက် ဆော့ဖ်ဝဲ App တွေကို ဖန်တီးနေပြီး လက်တွေ့ကမ္ဘာနဲ့ပါ အပြန်အလှန် တုံ့ပြန်ဆက်သွယ်နိုင်တဲ့ App တွေလည်း ဖန်တီးနေပါတယ်လို့ ဆိုပါတယ်။

နောက်ထပ်အွန်လိုင်းကမ္ဘာ အက်ပ်တခုဖြစ်တဲ့ VRChat ဆိုရင်တော့ အွန်လိုင်းကမ္ဘာမှာ ဖန်တီးထားတာတွေကို သွားရောက်လေ့လာတာနဲ့ထွေရာလေးပါးတွေ့ဆုံ စကားပြောကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖေ့စ်ဘွတ်ခ်ကစမ်းသပ်နေပါတယ်လို့ဆိုပါတယ်။

လက်ရှိသုံးနေတဲ့ Facebook App နာမည်ကိုတော့ ပြောင်းမပြောင်းဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးတာတွေ့ရပါတယ်။

crd