ၾကားသိရသမွ်

ဆီမကုန်အောင် ကားမောင်းတဲ့ နည်းလမ်း ဒီလိုအချိန်နဲ့ ကွက်တိပါပဲ၊ ကိုယ်တွေ့ နည်းလမ်းပါ

ဆီမကုန်အောင် ကားမောင်းတဲ့ နည်းလမ်း ဒီလိုအချိန်နဲ့ ကွက်တိပါပဲ၊ ကိုယ်တွေ့ နည်းလမ်းပါ

ယခုအချိန်မှာ လောင်စာဆီစျေးကြီးမြင့်မှုဂယက်ကြောင့် အားလုံးခေါင်းကိုက် စိတ်ညစ်နေကြရပါတယ်။ ရန်ကုန်မြို့လမ်းမတွေမှာ ကားတော်တော်ရှင်းသွားတာလည်း တွေ့ရတယ်။ ဘာမှမတတ်နိုင်ကြတော့အတတ်နိုင်ဆုံး ဆီကုန်သက်သာမယ့်နည်းကို စဉ်းစားကြတာပေါ့။ ကားက ဆီဘယ်လိုစားလဲ။

လီဗာနင်းလေ စားလေပဲ။ ဒါပေမယ့် နင်းတတ်ရင် ဆီစားသက်သာတယ်။ ပုံထဲမှာကြည့်ပါ။ ဘယ်ဖက်အခြမ်းက RPM ဒိုင်ခွက်ဖြစ်တယ်။ လီဗာနင်းတဲ့အခါမှာ RPM ကို 2 မကျော်ပါစေနဲ့။ ကားစထွက်ခါစမှာတော့ 2 ကျော်ချင်ကျော်ပါစေ၊ အရှိန်ရလာပြီဆိုရင် 2အောက်မှာပဲ နင်းပါ။

 

Eco mode ကိုလည်း on ထားပါ။ ဒီအတိုင်းမောင်းရင် ဟိုင်းဝေးဖြစ်ဖြစ် မြို့တွင်းဖြစ်ဖြစ် ဆီစား သိသိသာသာသက်သာပါလိမ့်မယ်။ နောက်တစ်ခုက ကားဘီးလေလျော့ရင်လည်း ကားက လေးပြီး ဆီပိုစားတယ်။ ကားကို နေပူထဲမှာ ထားရင်လည်း ဆီတိုင်ကီထဲက ဆီတွေ အငွေ့ပျံတယ်။

မနက်စောစောနဲ့ ညနေပိုင်းတွေမှာ အဲကွန်း မသုံးဘဲ မှန်ဖွင့်မောင်းပေါ့။ လိုအပ်မှပဲ ကားသုံးရမယ့် အခြေအနေမျိုး ဖြစ်နေပါပြီ။ လောင်စာဆီဈေး အမြန်ကျပြီး ပြည်သူများ စိတ်ချမ်းသာမယ့်ရက် လျင်မြန်ာစွာရောက်လာပါစေ။

မင်း ကျော် ဝင်း

ဆီမကုန္ေအာင္ ကားေမာင္းတဲ့ နည္းလမ္း ဒီလိုအခ်ိန္နဲ႔ ကြက္တိပါပဲ၊ ကိုယ္ေတြ႕ နည္းလမ္းပါ

ယခုအခ်ိန္မွာ ေလာင္စာဆီေစ်းႀကီးျမင့္မႈဂယက္ေၾကာင့္ အားလုံးေခါင္းကိုက္ စိတ္ညစ္ေနၾကရပါတယ္။ ရန္ကုန္ၿမိဳ႕လမ္းမေတြမွာ ကားေတာ္ေတာ္ရွင္းသြားတာလည္း ေတြ႕ရတယ္။ ဘာမွမတတ္နိုင္ၾကေတာ့အတတ္နိုင္ဆုံး ဆီကုန္သက္သာမယ့္နည္းကို စဥ္းစားၾကတာေပါ့။ ကားက ဆီဘယ္လိုစားလဲ။

လီဗာနင္းေလ စားေလပဲ။ ဒါေပမယ့္ နင္းတတ္ရင္ ဆီစားသက္သာတယ္။ ပုံထဲမွာၾကည့္ပါ။ ဘယ္ဖက္အျခမ္းက RPM ဒိုင္ခြက္ျဖစ္တယ္။ လီဗာနင္းတဲ့အခါမွာ RPM ကို 2 မေက်ာ္ပါေစနဲ႔။ ကားစထြက္ခါစမွာေတာ့ 2 ေက်ာ္ခ်င္ေက်ာ္ပါေစ၊ အရွိန္ရလာၿပီဆိုရင္ 2ေအာက္မွာပဲ နင္းပါ။

Eco mode ကိုလည္း on ထားပါ။ ဒီအတိုင္းေမာင္းရင္ ဟိုင္းေဝးျဖစ္ျဖစ္ ၿမိဳ႕တြင္းျဖစ္ျဖစ္ ဆီစား သိသိသာသာသက္သာပါလိမ့္မယ္။ ေနာက္တစ္ခုက ကားဘီးေလေလ်ာ့ရင္လည္း ကားက ေလးၿပီး ဆီပိုစားတယ္။ ကားကို ေနပူထဲမွာ ထားရင္လည္း ဆီတိုင္ကီထဲက ဆီေတြ အေငြ႕ပ်ံတယ္။

မနက္ေစာေစာနဲ႔ ညေနပိုင္းေတြမွာ အဲကြန္း မသုံးဘဲ မွန္ဖြင့္ေမာင္းေပါ့။ လိုအပ္မွပဲ ကားသုံးရမယ့္ အေျခအေနမ်ိဳး ျဖစ္ေနပါၿပီ။ ေလာင္စာဆီေဈး အျမန္က်ၿပီး ျပည္သူမ်ား စိတ္ခ်မ္းသာမယ့္ရက္ လ်င္ျမန္ာစြာေရာက္လာပါေစ။

မင္း ေက်ာ္ ဝင္း