MMQUIZ
သူမချစ်တဲ့ ကြောင်လေးရယ် သူမအိပ်ခဲ့တဲ့ခေါင်းအုံးလေးနဲ့ အမှတ်တရအရုပ်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ တောင်းဆိုလာတဲ့ Tangmo ရဲ့ ချစ်သူ
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၂၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၏ သတင်းစာမျက်နှာများတွင် The Gone Leaf ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် ထိုင်းမင်းသမီးချော Tangmo Pattaratida သည် ရေထဲသို့မတော်တဆ ပြုတ်ကျခဲ့ပြီး သတင်းအချက်အလက်တွေအရ သူမဟာ ချောင်ပရာယာမြစ်ထဲ လှေပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
Tangmo ဟာ အခုကိစ္စမတိုင်ခင်မှာလည်း ကိုယ့်ကိုယ်ကို မတော်တဆဖြစ်မှုတွေနဲ့ ခဏခဏ ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Tangmo ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့တော့ပါဘူး။ Tangmo ဟာ အသက်က ၃၈ နှစ်အရွယ်မှာပဲ ကြွေလွင့် သွားခဲ့ရတာဖြစ်ပါတယ်။
Tangmo ရဲ့ လက်ရှိချစ်သူ ကောင်လေးကလည်း သူ့ချစ်သူကောင်မလေး ကိစ္စအတွက် ယူကြုံးမရဖြစ်နေပြီး Tangmo ရဲ့ သတင်းစကြားကြားချင်း ညဘက်မှာတင် မြစ်ကမ်းနားမှာ ချစ်သူလေးပြန်အလာကို ထိုင်စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။Tangmo Pattaratira ရဲ့ Boyfriend က အနေအေးပြီး ရိုးသားသူတစ်ယောက်ဖြစ်ပြီး ချစ်သူလေးအပေါ်မှာလည်း ဂရုစိုက်ပြီးချစ်ပြတက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
မင်းသမီးချော Tangmo ရဲ့ ချစ်သူကောင်လေးက သူတို့နှစ်ဦးရဲ့ အမှတ်တရဖြစ်စေခဲ့တဲ့ အရာလေးတွေကို သူပိုင်ဆိုင်ခွင့်ရစေဖို့ ရိုးသားစွာနဲ့ တောင်းဆိုခဲ့ပြီး ချစ်သူလေးရဲသီးဆီက သူမသိပ်ချစ်တဲ့ကြောင် လေးအပါအဝင် Nong Mo ပုံတစ်ပုံ Nong Mo အိပ်ခဲ့တဲ့ ခေါင်းအုံး နဲ့ အရုပ်တွေနဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ အမှတ်တရပစ္စည်းလေးတွေကို ပိုင်ဆိုင်ခွင့်ရဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။
MMQUIZ