ဖိလစ္ပိုင္ႏိုင္ငံမွ အသက္၇၀အ႐ြယ္ အဖိုးအိုတစ္ဦးသည္ ဇနီးႏွင့္ သားသမီး၁၁ေယာက္ရွိရာတြင္ ပင္လယ္ထဲ ငါးဖမ္းထြက္ကာ တံငါသည္အျဖစ္လုပ္ကိုင္ရင္း အသက္ေမြး၀မ္းေက်ာင္း ျပဳခဲ့သည္။
အဖိုးအိုသည္ ေငြေၾကးဆင္းရဲသည့္တိုင္ ပင္ပန္းခက္ခဲစြာ လုပ္စားရသည့္ၾကားက ေငြအရမ္းေခြၽတာတတ္ကာ ဇနီးျဖစ္သူမသိေအာင္ ငါးဖမ္းေရာင္းရေသာ ေငြအခ်ိဳ႕ကို တိတ္တိတ္ေလး စုေဆာင္းထားခဲ့သည္။

ထို႔အတြက္ေၾကာင့္ပဲ အဖိုးအိုသည္ ကိုယ္ပိုင္ေလွအသစ္တစ္စီးႏွင့္ အိမ္သစ္တစ္လုံးကို ပိုင္ဆိုင္ထားခဲ့ရာ ကံဆိုးစြာျဖင့္ တစ္ေန႔တြင္ ႏွလုံးေဖာက္ၿပီး ဆုံးပါးသြားခဲ့ေသာ္လည္း မေသဆုံးမီ အသုဘျပင္စရိတ္အတြက္ မိသားစုမွ မတတ္ႏိုင္တာကို သိရွိေသာေၾကာင့္ ေခါင္းအုံးေအာက္ႏွင့္ သူ႔ရဲ႕ေဘာင္းဘီအိတ္ကပ္ထဲက ေငြကိုထုတ္သုံးရန္ ေပးအပ္ခဲ့သည္။

အိမ္ေထာင္ဦးစီးဖခင္ျဖစ္သူမရွိသည့္ေနာက္ပိုင္းတြင္ စားဝတ္ေနေရးခက္ခဲသြား၍ မိသားစုမွ အိမ္သစ္ကိုေရာင္းဖို႔ရာ စီစဥ္ေနခဲ့ခ်ိန္တြင္ ဇနီးျဖစ္သူရဲ႕အိပ္မက္ထဲမွာေပၚလာၿပီး မေသဆုံးခင္က စုေဆာင္းထားၿပီးဝွက္ထားတဲ့ ပိုက္ဆံစုဘူးရဲ႕တည္ေနရာကို ေျပာျပခဲ့သည္။

ထို႔ေၾကာင့္ပဲ မိသားစုမွ အိပ္မက္ထဲကတည္ေနရာအတိုင္း တူးေဖာ္ၾကည့္ရာ တကယ္စုဘူးေလးကိုေတြ႕ရွိခဲ့ၿပီး ေရတြက္ၾကည့္ရာ ပီဆို၃သန္းပင္ရွိေနတာေၾကာင့္ သားသမီးတစ္ဦးစီကို ပီဆို၁သိန္းစီခြဲေဝေပးခဲ့ၿပီး က်န္တဲ့ေငြမ်ားကိုေတာ့ ဘဏ္တစ္ခုမွာ အပ္ႏွံထားေၾကာင္း သိရသည္။
Rain (For Ialinks)
Unicode
ကွယ်လွန်သွားပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့တဲ့မိသားစုမှ ဒုက္ခရောက်နေသောအခါ အိပ်မက်ပေးရင်း ကူညီခဲ့သည့် ခင်ပွန်းကောင်းတစ်ဦး
ဖိလစ်ပိုင်နိုင်ငံမှ အသက်၇၀အရွယ် အဖိုးအိုတစ်ဦးသည် ဇနီးနှင့် သားသမီး၁၁ယောက်ရှိရာတွင် ပင်လယ်ထဲ ငါးဖမ်းထွက်ကာ တံငါသည်အဖြစ်လုပ်ကိုင်ရင်း အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်။
အဖိုးအိုသည် ငွေကြေးဆင်းရဲသည့်တိုင် ပင်ပန်းခက်ခဲစွာ လုပ်စားရသည့်ကြားက ငွေအရမ်းချွေတာတတ်ကာ ဇနီးဖြစ်သူမသိအောင် ငါးဖမ်းရောင်းရသော ငွေအချို့ကို တိတ်တိတ်လေး စုဆောင်းထားခဲ့သည်။
ထို့အတွက်ကြောင့်ပဲ အဖိုးအိုသည် ကိုယ်ပိုင်လှေအသစ်တစ်စီးနှင့် အိမ်သစ်တစ်လုံးကို ပိုင်ဆိုင်ထားခဲ့ရာ ကံဆိုးစွာဖြင့် တစ်နေ့တွင် နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့သော်လည်း မသေဆုံးမီ အသုဘပြင်စရိတ်အတွက် မိသားစုမှ မတတ်နိုင်တာကို သိရှိသောကြောင့် ခေါင်းအုံးအောက်နှင့် သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲက ငွေကိုထုတ်သုံးရန် ပေးအပ်ခဲ့သည်။
အိမ်ထောင်ဦးစီးဖခင်ဖြစ်သူမရှိသည့်နောက်ပိုင်းတွင် စားဝတ်နေရေးခက်ခဲသွား၍ မိသားစုမှ အိမ်သစ်ကိုရောင်းဖို့ရာ စီစဥ်နေခဲ့ချိန်တွင် ဇနီးဖြစ်သူရဲ့အိပ်မက်ထဲမှာပေါ်လာပြီး မသေဆုံးခင်က စုဆောင်းထားပြီးဝှက်ထားတဲ့ ပိုက်ဆံစုဘူးရဲ့တည်နေရာကို ပြောပြခဲ့သည်။
ထို့ကြောင့်ပဲ မိသားစုမှ အိပ်မက်ထဲကတည်နေရာအတိုင်း တူးဖော်ကြည့်ရာ တကယ်စုဘူးလေးကိုတွေ့ရှိခဲ့ပြီး ရေတွက်ကြည့်ရာ ပီဆို၃သန်းပင်ရှိနေတာကြောင့် သားသမီးတစ်ဦးစီကို ပီဆို၁သိန်းစီခွဲဝေပေးခဲ့ပြီး ကျန်တဲ့ငွေများကိုတော့ ဘဏ်တစ်ခုမှာ အပ်နှံထားကြောင်း သိရသည်။
Rain (For Ialinks)



