ၾကားသိရသမွ်

အႏုပညာရွင္ေတြကို အျပစ္မယူေတာ့ဘူးလို႔ ေရးထားတဲ့ အမိန႔္စာကို ကဗ်ာတပုဒ္နဲ႔ တုန္႔ျပန္လိုက္တဲ့ သ႐ုပ္ေဆာင္ေဒါင္း

အႏုပညာရွင္ေတြကို အျပစ္မယူေတာ့ဘူးလို႔ ေရးထားတဲ့ အမိန႔္စာကို ကဗ်ာတပုဒ္နဲ႔ တုန႔္ျပန္လိုက္တဲ့ သ႐ုပ္ေဆာင္ေဒါင္း

သ႐ုပ္ေဆာင္ေဒါင္းကေတာ့ အမိုက္စား သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ က်ရာဇာတ္ေကာင္ေတြမွာအေကာင္းဆုံး သ႐ုပ္ေဆာင္နိုင္တာေၾကာင့္ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ မင္းသားေခ်ာပဲျဖစ္ပါတယ္။ ေဒါင္းကေတာ့ ေအာင္ျမင္မႈေတြ ရရွိထားတဲ့အျပင္ စိတ္ထားေကာင္းၿပီး အလႉအတန္းမွာလဲ ရက္ရက္ေရာေရာရွိတာေၾကာင့္ပရိတ္သတ္ေတြက ပိုၿပီးခ်စ္ခင္ အားေပးေနရပါတယ္ေနာ္။

မတူတဲ့ဇာတ္ေကာင္ေတြကို အေကာင္းဆုံးသ႐ုပ္ေဆာင္နိုင္တာေၾကာင့္ ပရိတ္သတ္ေတြရဲ့ ရင္ထဲေရာက္ခဲ့ၿပီး ပရိတ္သတ္ေတြရဲ့ အားေပးမႈကိုအခိုင္အမာရရွိထားတဲ့ မင္းသားပဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေဒါင္းက ေတာ္လွန္ေရးႀကီမွာ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ပါဝင္ၿပီးလမ္းထြက္ကာ လူထုလႈပ္ရွားမႈေတြမွာ အားတက္သေရာ ပါဝင္လႈပ္ရွားခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ က ျဖင့္ မတရား အမႈဖြင့္ထားျခင္းခံရၿပီး ေဘးကင္းရာကို ေရွာင္တိမ္းေနရပါတယ္ေနာ္။

ပရိတ္သတ္ႀကီးေရသ႐ုပ္ေဆာင္ေဒါင္းကေတာ့ အခုအခ်ိန္မွာ စကစမွအႏုပညာရွင္ေတြကိုလႊတ္ေပးတယ္လို႔ေၾကညာခဲ့ေပမယ့္ ကဗ်ာတပုဒ္နဲ႔ တုန္႔ျပန္ခဲ့ပါတယ္။

ဘယ္ေတာ့မွမေမ့ဘူး မင္းတို႔ဘယ္ေလာက္ သကာရည္ေလာင္းေလာင္း ဒါဟာမေကာင္းဖို႔အတြက္အႀကံဆိုတာ လမ္းေပၚမွာစြန္းထင္းခဲ့ရတဲ့
ျပည္သူေတြရဲ့ ဦးေခါင္းထဲကေသြးေတြက မေမ့ဖို႔ သတိေပးၿပီးသား ငါတို႔ေတြ အဆုံးထိတိုက္မွာ မင္းတို႔ရဲ့ေအာက္တန္းစားနိုင္ငံေရးကို
ထာဝရပ်က္စီးဖို႔ အျမစ္ကလွန္မွာ။

ငါတို႔နိုင္ငံ ငါတို႔ျပည္သူေတြက ဒီလမ္းကိုေရြးတာ သကာရည္ေလာင္းလို႔ ေတာ္လွန္ေရးမွာေညာင္းသြားဖို႔ ငါတို႔စိတ္မကူးဘူး။ လိပ္ဥတူးတူး
ဘုရားဖူးဖူး မင္းတို႔အ႐ူးကြက္ဟာ မထူးဇာတ္မွန္း ငါတို႔အားလုံးသိတယ္။ အသက္ေပးခဲ့တဲ့ ေတာ္လွန္ေရးသူရဲေကာင္းမ်ားရဲ့ ေသြးစြန္းခဲ့တဲ့ပုံရိပ္ေတြဟာ ငါတို႔မင္းတို႔ကိုအျမစ္လွန္ဖို႔ အရႈံးမေပး အားမေလၽွာ့ ေနာက္မဆုတ္စတမ္း ။

ဒါဟာသစၥာတရားဆိုတာ ငါတို႔ျပည္သူေတြအားလုံး သူရဲေကာင္းဝိညာဥ္မ်ားအတြက္ ေပးထားတဲ့ကတိစကား ဘယ္ေတာ့မွမေမ့ဘူး။ – ေဒါင္း
ပရိတ္သတ္ႀကီးကလည္း သ႐ုပ္ေဆာင္ဒါင္းရဲ့ ရည္ရြယ္ခ်က္နဲ႔တူရင္ တခုခုေျပာခဲ့ေပးပါေနာ္။
Credit

UNICODE
အနုပညာရှင်တွေကို အပြစ်မယူတော့ဘူးလို့ ရေးထားတဲ့ အမိန့်စာကို ကဗျာတပုဒ်နဲ့ တုန့်ပြန်လိုက်တဲ့ သရုပ်ဆောင်ဒေါင်း

သရုပ်ဆောင်ဒေါင်းကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောပဲဖြစ်ပါတယ်။ ဒေါင်းကတော့ အောင်မြင်မှုတွေ ရရှိထားတဲ့အပြင် စိတ်ထားကောင်းပြီး အလှူအတန်းမှာလဲ ရက်ရက်ရောရောရှိတာကြောင့်ပရိတ်သတ်တွေက ပိုပြီးချစ်ခင် အားပေးနေရပါတယ်နော်။

မတူတဲ့ဇာတ်ကောင်တွေကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ရင်ထဲရောက်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသားပဲဖြစ်ပါတယ်။ သရုပ်ဆောင်ဒေါင်းက တော်လှန်ရေးကြီမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ ၅၀၅ က ဖြင့် မတရား အမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေရပါတယ်နော်။

ပရိတ်သတ်ကြီးရေသရုပ်ဆောင်ဒေါင်းကတော့ အခုအချိန်မှာ စကစမှအနုပညာရှင်တွေကိုလွှတ်ပေးတယ်လို့ကြေညာခဲ့ပေမယ့် ကဗျာတပုဒ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။

ဘယ်တော့မှမမေ့ဘူး မင်းတို့ဘယ်လောက် သကာရည်လောင်းလောင်း ဒါဟာမကောင်းဖို့အတွက်အကြံဆိုတာ လမ်းပေါ်မှာစွန်းထင်းခဲ့ရတဲ့
ပြည်သူတွေရဲ့ ဦးခေါင်းထဲကသွေးတွေက မမေ့ဖို့ သတိပေးပြီးသား ငါတို့တွေ အဆုံးထိတိုက်မှာ မင်းတို့ရဲ့အောက်တန်းစားနိုင်ငံရေးကို
ထာဝရပျက်စီးဖို့ အမြစ်ကလှန်မှာ။

ငါတို့နိုင်ငံ ငါတို့ပြည်သူတွေက ဒီလမ်းကိုရွေးတာ သကာရည်လောင်းလို့ တော်လှန်ရေးမှာညောင်းသွားဖို့ ငါတို့စိတ်မကူးဘူး။ လိပ်ဥတူးတူး
ဘုရားဖူးဖူး မင်းတို့အရူးကွက်ဟာ မထူးဇာတ်မှန်း ငါတို့အားလုံးသိတယ်။ အသက်ပေးခဲ့တဲ့ တော်လှန်ရေးသူရဲကောင်းများရဲ့ သွေးစွန်းခဲ့တဲ့ပုံရိပ်တွေဟာ ငါတို့မင်းတို့ကိုအမြစ်လှန်ဖို့ အရှုံးမပေး အားမလျှော့ နောက်မဆုတ်စတမ်း ။

ဒါဟာသစ္စာတရားဆိုတာ ငါတို့ပြည်သူတွေအားလုံး သူရဲကောင်းဝိညာဉ်များအတွက် ပေးထားတဲ့ကတိစကား ဘယ်တော့မှမမေ့ဘူး။ – ဒေါင်း
ပရိတ်သတ်ကြီးကလည်း သရုပ်ဆောင်ဒါင်းရဲ့ ရည်ရွယ်ချက်နဲ့တူရင် တခုခုပြောခဲ့ပေးပါနော်။
Credit