၅နှစ်တာအိမ်ဖော်လုပ်ခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်လာစဥ် ဖုန်းသစ်တစ်လုံးနှင့် ပိုက်ဆံများစွာကို ထုတ်ပေးခဲ့သော အလုပ်ရှင်
၅နှစ်တာအိမ်ဖော်လုပ်ခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်လာစဥ် ဖုန်းသစ်တစ်လုံးနှင့်
ပိုက်ဆံများစွာကို ထုတ်ပေးခဲ့သော အလုပ်ရှင်
ဖိလစ်ပိုင်နိုင်ငံမှ မာရီယာအမည်ရှိသော မိန်းကလေးတစ်ဦးသည် စားဝတ်နေရေးအတွက် မလေးရှားနိုင်ငံသို့ အိမ်ဖော်အဖြစ် အလုပ်သွားလုပ်ခဲ့သည်။
စရောက်သွားချင်းတွင် အလုပ်ရှင်မှ သူကြုံတွေ့ခဲ့ဖူးသော အလုပ်သမားတွေလိုပဲဟု ထင်ခဲ့ရာ မိန်းကလေးဧ။် စေတနာထားပြီး အလုပ်ကြိုးစားပုံကို မြင်ပြီးနောက် ကိုယ့်မိသားစုဝင်တစ်ယောက်လို သဘောထားခဲ့သည်။
မိန်းကလေးသည် ထိုအိမ်တွင် ပြောစရာမလိုအောင် လုပ်ကိုင်ပေးခြင်းဖြင့် အလုပ်ရှင်တို့မိသားစုမှလည်း သူမကိုခင်တွယ်နေပြီဖြစ်သည်။
ထို့နောက် မိန်းကလေးသည် ၅နှစ်တာ လုပ်ကိုင်ခဲ့ပြီးနောက် မွေးရပ်မြေသို့ပြန်ပြီး မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် ပြောဆိုချိန်တွင်
အကုန်လုံးဝမ်းနည်းခဲ့ကြပြီး အလုပ်ရှင်မှ လေဆိပ်ထိလိုက်ပို့ကာ ဝမ်းနည်းမျက်ရည်တွေနှင့် နှုတ်ဆက်ခဲ့သည်။
ထို့အပြင် မိန်းကလေးအား ဖုန်းသစ်လေးတစ်လုံးနှင့် အိမ်ပြန်ရင် သုံးဖို့ငွေစက္ကူများစွာကိုလည်း ပေးအပ်ခဲ့သည်
Credit
Credit