မိုးေရၾကားထဲက ေရစက္ေရေပါက္ေတြက်လာတာကိုၾကည့္ၿပီး ဒီယူနီေဖာင္းဝတ္နိုင္တဲ့ဘဝကို စစ္သမီး ေက်နပ္ေနမိခဲ့တာ အႀကိမ္ႀကိမ္ပါ…။စစ္သမီးက သူမရဲ႕ယူနီေဖာင္းကိုသိပ္သေဘာက်တယ္ ..။ ဒါေလးဝတ္ၿပီးသြားလာေနရတာကိုက စစ္သမီးဘဝကိုျပည့္စုံေပ်ာ္႐ႊင္ေစတယ္ ..။
စစ္သမီးက သူမ စစ္သမီး ျဖစ္ရတာကို သိပ္ဂုဏ္ယူတာ ..။ ဒီယူနီေဖာင္းဝတ္ထားရတာေတာ္႐ုံမိန္းကေလးေတြနဲ႕မတူဘူးလို႔လည္း အၿမဲေက်နပ္ေနမိ..။..
စစ္ယူနီေဖာင္းေတြကို အားက်မိတာ စစ္သမီး ငယ္ငယ္ေလးကတည္းကပါ..။စစ္သမီးက ငယ္ငယ္ေလးက တည္းက အ႐ြယ္ေရာက္တဲ့အထိ အဘြားနဲ႕ အတူေနခဲ့တာ..။စစ္သမီးရဲ႕ အဘြားက စစ္တပ္ အသိုင္းအဝိုင္းေလ..။ စစ္တပ္က ရတဲ့ ပင္စင္လစာနဲ႕ ႀကီးျပင္းလာခဲ့တာေပါ့..။ယူနီေဖာင္းဝတ္ထားတဲ့ လူတစ္စုဟာ သူမကိုေကြၽးထားခဲ့တဲ့ ေက်းဇူးရွင္လို႔ စစ္သမီး အၿမဲမွတ္ယူထားခဲ့တယ္..။…
စစ္သမီး တပ္ထဲကို စဝင္ေတာ့ ၂၀၁၆ ခုႏွစ္ ၁၁လပိုင္း..။ စစ္သမီး ခ်စ္သူရလာတယ္။စစ္သမီး ခ်စ္သူကလည္း စစ္ယူနီေဖာင္းဝတ္တဲ့ တပ္ထဲကပဲေလ..။ ရာထူးလည္း အတူတူပဲ ..။စစ္သမီးက ခ်စ္သူကို အရမ္းခ်စ္တာ..။ မိဘလဲသေဘာတူၿပီးသား ..။ တစ္တပ္လုံးလည္းသိတယ္…။ စိတ္တူကိုယ္တူ သူမ ခ်စ္သူေပါ့..။တပ္မိသားစုဘဝတစ္ခုကို တည္ေဆာက္ဖို႔ဆိုတာကလည္း စစ္သမီးရဲ႕ အိပ္မက္ေတြထဲကတစ္ခုျဖစ္လာခဲ့တယ္..။…
၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္တုန္းက အာဏာသိမ္းတယ္ဆိုတဲ့သတင္းကို စစ္သမီးၾကားခဲ့ရတယ္..။ စစ္တပ္ထဲမွာေတာ့ အာဏာ ခဏ ထိန္းတယ္လို႔ ေျပာၾကျပန္တယ္။ စစ္သမီးဟာ နိုင္ငံေရးကို နားမလည္ပါဘူး..။ အေၾကာင္းေတာ့ရွိမွာပဲေလလို႔ေတြးမိေပမယ့္ ဘဝင္ေတာ့ သိပ္မက်ခဲ့ပါ။စစ္တပ္မွာေန၊ စစ္တပ္မွာႀကီး၊ စစ္တပ္ကေကြၽးတဲ့ ထမင္းစားခဲ့တဲ့စစ္သမီး…။စစ္တပ္က ခ်စ္သူနဲ႕ ခ်စ္ခဲ့တာမို႔သူမ ဘဝရဲ႕ ေျခလွမ္းတိုင္းဟာ စစ္တပ္ထဲမွာျဖစ္ခဲ့တာ..။စစ္တပ္ကို ဆန႔္က်င္ဖို႔၊ စစ္ တပ္ကို မုန္းတီးဖို႔ဆိုတာ စစ္သမီး ေယာင္လို႔ေတာင္ မေတြးခဲ့ပါ..။…
မၾကာပါဘူး စစ္တပ္က ျပည္သူေတြ ဆႏၵျပတာေတြကို အၾကမ္းဖက္တဲ့နည္း ဖမ္းဆီးတာေတြလုပ္လာၾကတယ္။စစ္တပ္က ၂၈ရက္ေန႕ကစၿပီး ျပည္သူေတြကို သတ္ေတာ့တာပဲ..။ဒီသတင္းေတြက စစ္သမီးရဲ႕ စိတ္ကို႐ူးသြပ္ေစတယ္။ သူမခ်စ္တဲ့ စစ္ယူနီေဖာင္းေတြ ျပည္သူ႕ေသြး စြန္းေလၿပီ..။…
စစ္သမီး ဂုဏ္ယူခဲ့တဲ့ ယူနီေဖာင္းဟာ
အၾကမ္းဖက္အဖြဲ႕အစည္းကို ကိုယ္စားျပဳၿပီဆိုတာ စစ္သမီး သိလိုက္ရတဲ့အခါ.. သူမ ယူနီေဖာင္းကို ခြၽတ္ပစ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္..။စစ္သမီးနဲ႕ သူမ ခ်စ္သူဟာ စစ္ တပ္ထဲက ထြက္ေျပးဖို႔ အမ်ိဳးမ်ိဳးႀကိဳးစားေတာ့တယ္။ တစ္လေက်ာ္ၾကာၿပီးမွ စစ္တပ္ထဲက လြတ္ေျမာက္နိုင္ခဲ့..။….
ဧၿပီလ ၃ ရက္ေန႕ ၂၀၂၁ ခုႏွစ္ေပါ့..။အဲဒီ ညက စစ္သမီးနဲ႕ ခ်စ္သူတို႔ ႏွစ္ေယာက္ တစ္ညလုံးအိမ္မရပါ။ မေအာင္ျမင္ပဲ ျပန္မိသြားရင္ ေသဒါဏ္အထိ ရနိုင္တညကိုး…။ေနာက္ဆုံးေတာ့ စစ္သမီးနဲ႕ ခ်စ္သူဟာ အဲဒီ့ေန႕က အိမ္ေနရင္းအဝတ္အစားနဲ႕ ဂိတ္ကို မရမက ျဖတ္ၿပီး စစ္ယူနီေဖာင္းတို႔နဲ႕ေဝးရာကိုေျပးထြက္ခဲ့တယ္။…
အဲဒီ့ေန႕က ဂိတ္ကေပးလိုက္တဲ့ အျပင္ထြက္ခြင့္ အခ်ိန္က မနက္ ၉နာရီေန ၁၁ အထိပဲ။ ၁၁နာရီအထိ သူတို႔ တက္ထိုင္ေနတဲ့ ကားကမထြက္နိုင္ဘူး ..။ ရန္ကုန္ကေန မထြက္နိုင္ရင္ ျပန္မိေတာ့မွာပဲဆိုၿပီး စစ္သမီးေၾကာက္ခဲ့တာ..။အဲဒီေန႕ကေပါ့.. စစ္ယူနီေဖာင္းေတြကို သူမ ေၾကာက္ခဲ့ၿပီ..။…
ယူနီေဖာင္းေတြရဲ႕ေနာက္ကြယ္မွာ စစ္သမီးအတြက္စိတ္ပိုင္းဆိုင္ရာခံစားခ်က္ေတြ အၿမဲရွိေနပါတယ္။စစ္သမီးရဲ႕ယူနီေဖာင္းဟာ သူမကို သက္ေတာင့္သက္သာျဖစ္ေစခဲ့ဖူးတယ္။စစ္သမီးရဲ႕ ယူနီေဖာင္းဟာ သူမကို လုံၿခဳံံံစိတ္ခ်မႈေတြေပးခဲ့ဖူးတယ္။အဲ့ဒီယူနီေဖာင္းေၾကာင့္ပဲ စစ္သမီးဟာ စစ္တပ္နဲ႕ ခိုင္မာတဲ့ သံေယာဇဥ္ ဆက္သြယ္မႈေတြ ခံစားရခဲ့ဖူးတယ္။…
အဲ့ဒီယူနီေဖာင္းဟာ စစ္သမီးကို တပ္ထဲက လုပ္ေဖာ္ ကိုင္ဖက္ေတြနဲ႕ စည္းလုံးေစခဲ့..။စစ္သမီး ျမတ္နိုးခဲ့တဲ့ယူနီေဖာင္းဆိုတာ တာဝန္ယူမႈ တာဝန္ခံမႈကို ကိုယ္စားျပဳတဲ့ အဝတ္အစားတစ္စုံကို ဆိုလိုပါတယ္။အာဏာရွိပုဂၢိဳလ္ေတြရဲ႕ ရာထူးအာဏာကိုကိုယ္စားျပဳၿပီး ၿခိမ္း ေျခာက္၊ အနိုင္က်င့္ သတ္ျဖတ္..ေသြးစြန္းအဝတ္အစားဆိုရင္ေတာ့ စစ္သမီး မလိုခ်င္ေတာ့ပါ။ယူနီေဖာင္းတစ္စုံကို ေသြးမစြန္းခင္လႊတ္ခ်နိဳင္ခဲ့တာကိုလည္းစစ္သမီး ဂုဏ္ယူပါတယ္။…
မေ႐ႊမိုး–ကိုရီးယားSeptember 25th,2021. ခ်စ္ရတဲ့ CDM တပ္ၾကပ္ႀကီး မယဥ္လဲ့လဲ့ထြန္းအတြက္ အၿမဲဂုဏ္ယူေနပါတယ္။…
ယူနီကုဒ်ဖြင့် ဖတ်ရန်
မိုးရေကြားထဲက ရေစက်ရေပေါက်တွေကျလာတာကိုကြည့်ပြီး ဒီယူနီဖောင်းဝတ်နိုင်တဲ့ဘဝကို စစ်သမီး ကျေနပ်နေမိခဲ့တာ အကြိမ်ကြိမ်ပါ…။စစ်သမီးက သူမရဲ့ယူနီဖောင်းကိုသိပ်သဘောကျတယ် ..။ ဒါလေးဝတ်ပြီးသွားလာနေရတာကိုက စစ်သမီးဘဝကိုပြည့်စုံပျော်ရွှင်စေတယ် ..။ စစ်သမီးက သူမ စစ်သမီး ဖြစ်ရတာကို သိပ်ဂုဏ်ယူတာ ..။ ဒီယူနီဖောင်းဝတ်ထားရတာတော်ရုံမိန်းကလေးတွေနဲ့မတူဘူးလို့လည်း အမြဲကျေနပ်နေမိ..။..
စစ်ယူနီဖောင်းတွေကို အားကျမိတာ စစ်သမီး ငယ်ငယ်လေးကတည်းကပါ..။စစ်သမီးက ငယ်ငယ်လေးက တည်းက အရွယ်ရောက်တဲ့အထိ အဘွားနဲ့ အတူနေခဲ့တာ..။စစ်သမီးရဲ့ အဘွားက စစ်တပ် အသိုင်းအဝိုင်းလေ..။ စစ်တပ်က ရတဲ့ ပင်စင်လစာနဲ့ ကြီးပြင်းလာခဲ့တာပေါ့..။ယူနီဖောင်းဝတ်ထားတဲ့ လူတစ်စုဟာ သူမကိုကျွေးထားခဲ့တဲ့ ကျေးဇူးရှင်လို့ စစ်သမီး အမြဲမှတ်ယူထားခဲ့တယ်..။…
စစ်သမီး တပ်ထဲကို စဝင်တော့ ၂၀၁၆ ခုနှစ် ၁၁လပိုင်း..။ စစ်သမီး ချစ်သူရလာတယ်။စစ်သမီး ချစ်သူကလည်း စစ်ယူနီဖောင်းဝတ်တဲ့ တပ်ထဲကပဲလေ..။ ရာထူးလည်း အတူတူပဲ ..။စစ်သမီးက ချစ်သူကို အရမ်းချစ်တာ..။ မိဘလဲသဘောတူပြီးသား ..။ တစ်တပ်လုံးလည်းသိတယ်…။ စိတ်တူကိုယ်တူ သူမ ချစ်သူပေါ့..။တပ်မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာကလည်း စစ်သမီးရဲ့ အိပ်မက်တွေထဲကတစ်ခုဖြစ်လာခဲ့တယ်..။…
၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်တုန်းက အာဏာသိမ်းတယ်ဆိုတဲ့သတင်းကို စစ်သမီးကြားခဲ့ရတယ်..။ စစ်တပ်ထဲမှာတော့ အာဏာ ခဏ ထိန်းတယ်လို့ ပြောကြပြန်တယ်။ စစ်သမီးဟာ နိုင်ငံရေးကို နားမလည်ပါဘူး..။ အကြောင်းတော့ရှိမှာပဲလေလို့တွေးမိပေမယ့် ဘဝင်တော့ သိပ်မကျခဲ့ပါ။စစ်တပ်မှာနေ၊ စစ်တပ်မှာကြီး၊ စစ်တပ်ကကျွေးတဲ့ ထမင်းစားခဲ့တဲ့စစ်သမီး…။စစ်တပ်က ချစ်သူနဲ့ ချစ်ခဲ့တာမို့သူမ ဘဝရဲ့ ခြေလှမ်းတိုင်းဟာ စစ်တပ်ထဲမှာဖြစ်ခဲ့တာ..။စစ်တပ်ကို ဆန့်ကျင်ဖို့၊ စစ် တပ်ကို မုန်းတီးဖို့ဆိုတာ စစ်သမီး ယောင်လို့တောင် မတွေးခဲ့ပါ..။…
မကြာပါဘူး စစ်တပ်က ပြည်သူတွေ ဆန္ဒပြတာတွေကို အကြမ်းဖက်တဲ့နည်း ဖမ်းဆီးတာတွေလုပ်လာကြတယ်။စစ်တပ်က ၂၈ရက်နေ့ကစပြီး ပြည်သူတွေကို သတ်တော့တာပဲ..။ဒီသတင်းတွေက စစ်သမီးရဲ့ စိတ်ကိုရူးသွပ်စေတယ်။ သူမချစ်တဲ့ စစ်ယူနီဖောင်းတွေ ပြည်သူ့သွေး စွန်းလေပြီ..။…
စစ်သမီး ဂုဏ်ယူခဲ့တဲ့ ယူနီဖောင်းဟာ
အကြမ်းဖက်အဖွဲ့အစည်းကို ကိုယ်စားပြုပြီဆိုတာ စစ်သမီး သိလိုက်ရတဲ့အခါ.. သူမ ယူနီဖောင်းကို ချွတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်..။စစ်သမီးနဲ့ သူမ ချစ်သူဟာ စစ် တပ်ထဲက ထွက်ပြေးဖို့ အမျိုးမျိုးကြိုးစားတော့တယ်။ တစ်လကျော်ကြာပြီးမှ စစ်တပ်ထဲက လွတ်မြောက်နိုင်ခဲ့..။….
ဧပြီလ ၃ ရက်နေ့ ၂၀၂၁ ခုနှစ်ပေါ့..။အဲဒီ ညက စစ်သမီးနဲ့ ချစ်သူတို့ နှစ်ယောက် တစ်ညလုံးအိမ်မရပါ။ မအောင်မြင်ပဲ ပြန်မိသွားရင် သေဒါဏ်အထိ ရနိုင်တညကိုး…။နောက်ဆုံးတော့ စစ်သမီးနဲ့ ချစ်သူဟာ အဲဒီ့နေ့က အိမ်နေရင်းအဝတ်အစားနဲ့ ဂိတ်ကို မရမက ဖြတ်ပြီး စစ်ယူနီဖောင်းတို့နဲ့ဝေးရာကိုပြေးထွက်ခဲ့တယ်။…
အဲဒီ့နေ့က ဂိတ်ကပေးလိုက်တဲ့ အပြင်ထွက်ခွင့် အချိန်က မနက် ၉နာရီနေ ၁၁ အထိပဲ။ ၁၁နာရီအထိ သူတို့ တက်ထိုင်နေတဲ့ ကားကမထွက်နိုင်ဘူး ..။ ရန်ကုန်ကနေ မထွက်နိုင်ရင် ပြန်မိတော့မှာပဲဆိုပြီး စစ်သမီးကြောက်ခဲ့တာ..။အဲဒီနေ့ကပေါ့.. စစ်ယူနီဖောင်းတွေကို သူမ ကြောက်ခဲ့ပြီ..။…
ယူနီဖောင်းတွေရဲ့နောက်ကွယ်မှာ စစ်သမီးအတွက်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ အမြဲရှိနေပါတယ်။စစ်သမီးရဲ့ယူနီဖောင်းဟာ သူမကို သက်တောင့်သက်သာဖြစ်စေခဲ့ဖူးတယ်။စစ်သမီးရဲ့ ယူနီဖောင်းဟာ သူမကို လုံခြုံံံစိတ်ချမှုတွေပေးခဲ့ဖူးတယ်။အဲ့ဒီယူနီဖောင်းကြောင့်ပဲ စစ်သမီးဟာ စစ်တပ်နဲ့ ခိုင်မာတဲ့ သံယောဇဉ် ဆက်သွယ်မှုတွေ ခံစားရခဲ့ဖူးတယ်။…
အဲ့ဒီယူနီဖောင်းဟာ စစ်သမီးကို တပ်ထဲက လုပ်ဖော် ကိုင်ဖက်တွေနဲ့ စည်းလုံးစေခဲ့..။စစ်သမီး မြတ်နိုးခဲ့တဲ့ယူနီဖောင်းဆိုတာ တာဝန်ယူမှု တာဝန်ခံမှုကို ကိုယ်စားပြုတဲ့ အဝတ်အစားတစ်စုံကို ဆိုလိုပါတယ်။အာဏာရှိပုဂ္ဂိုလ်တွေရဲ့ ရာထူးအာဏာကိုကိုယ်စားပြုပြီး ခြိမ်း ခြောက်၊ အနိုင်ကျင့် သတ်ဖြတ်..သွေးစွန်းအဝတ်အစားဆိုရင်တော့ စစ်သမီး မလိုချင်တော့ပါ။ယူနီဖောင်းတစ်စုံကို သွေးမစွန်းခင်လွှတ်ချနိုင်ခဲ့တာကိုလည်းစစ်သမီး ဂုဏ်ယူပါတယ်။…
မရွှေမိုး–ကိုရီးယားSeptember 25th,2021. ချစ်ရတဲ့ CDM တပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်းအတွက် အမြဲဂုဏ်ယူနေပါတယ်။…