ၾကားသိရသမွ်

အာဏာရှင်စနစ်မှာ ကိုယ့်ဖင်ကိုယ်လည်း မပိုင်ဘူး သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံ ဟာ မတရားဖမ်းဆီးခံရတာလို့ ပန်ဆယ်လိုပြော

အတည်ရေးပါဦးမယ်။ သင်ဇာဝင့်ကျော်တို့ နန်းမွေစံတို့ ဖမ်းဆီးခံရတဲ့ကိစ္စဟာ ရယ်စရာ၊ လှောင်စရာကိစ္စလည်း မဟုတ်သလို Speak Out လုပ်စရာမလိုတဲ့ အရေးမပါတဲ့ကိစ္စလည်း မဟုတ်ဘူး။

Sexy Model ဖြစ်ခြင်းဟာ လှောင်ပြောင်စရာ ကိစ္စလည်း မဟုတ်သလို သူတို့သည်လည်း ပြည်သူထဲက ပြည်သူပဲ ဖြစ်တယ်။ မတရား ဖမ်းဆီးခံရတာဟာ မတရားဖမ်းဆီးခံရတာပဲ ဖြစ်တယ်။ မတရားဖမ်းဆီးခံရခြင်းဟာ Sexy Model ဖြစ်ခြင်းကြောင့် ယုတ်လျော့သွားစရာ အကြောင်းမရှိဘူး။

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံဟာ တော်လှန်ရေးကို တကယ်မကူညီခဲ့သူတွေပဲ ဖြစ်စေဦး။ သူတို့ဟာ ပြည်သူပဲ။ သူတို့ဟာ မတရား ဖမ်းဆီးခံရတာပဲ။ သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်ခံရတဲ့ Victim တွေပဲ ဖြစ်တယ်။

ပြီးတော့ သူတို့လို ပုရိသတွေ နှစ်သက်တဲ့ အချိုးအစားနဲ့ အမျိုးသမီးတွေဟာ ငတ်ပြတ်တောင်ထနေတဲ့ မုဒိမ်းကောင်တွေ စုဝေးနေတဲ့ မုဒိမ်းစစ်တပ်လက်ထဲ ရောက်သွားတာဟာ သူတို့အတွက် အန္တရာယ်ဘယ်လောက်များလဲ မှန်းဆကြည့်လို့ရတယ်။

Sexy Model ဆိုတာ ယဉ်ကျေးမှုအရ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ၊ ဒါဟာ သူတို့ Professional ပဲ။ ဒီ Professional ကို အကြောင်းရှာပြီး ကိုယ့်ဖင်ကိုယ်ပြတာတောင် အာဏာဝင်သိမ်းတဲ့ MaALoe စစ်တပ်ရဲ့ ဖိနှိပ်မှုကို သူတို့ရဲ့ ကျော်ကြားမှုကို သုံးစွဲပြီး နိုင်ငံတကာအထိ Attention ယူသင့်တဲ့ ကိစ္စပဲ ဖြစ်တယ်။

Sexy Model ဆိုတာ Pharသည် မဟုတ်ဘူး။ Phar သည်ဖြစ်နေဦး လူသားတစ်ယောက်ရဲ့ အခွင့်အရေးအတိုင်း အသက်ရှင်ရပ်တည်ခွင့်ရရမယ်။ ဒါဟာ ဒီမိုကရေစီစံနှုန်းပဲ။ တစ်နိုင်ငံလုံး အာဏာသိမ်းခံရတာ၊ ဒီမိုကရေစီမှ မရှိတာ၊ သူတို့ဖမ်းခံရတာ ဘာဆန်းလဲလို့ တွေးနေရင် ခင်ဗျားတို့က စကစရဲ့ အုပ်ချုပ်ခြင်းကို မသိစိတ်က လက်ခံမိနေပြီ ဆိုတာပဲ။

မတရားဖမ်းဆီးခံရတာကို တခွီခွီလုပ်နေစရာလည်း မလိုဘူး။ သူတို့ အဆင်ပြေသာယာပြနေလို့ သူတို့ဖင်လုံးကြီးတွေ ကြည့်ပြီး ထိုင်ခွီ ထိုင်ပြောနေတာအထိ ဘာပြသနာမှ မရှိဘူး။ အခုက မတရားဖမ်းဆီးခံရတဲ့ကိစ္စ၊ ဒုက္ခရောက်သွားကြတဲ့သူတွေ။ သူတို့အကြောင်း ပိုစ့်တင်ရေးဖို့ အချိန်ပေးချင်ရင် ဖင်အကြောင်း စမူအကြောင်းထက် မတရားမှုပါလို့ အသံထွက်ပေးသင့်တာ မဟုတ်ဘူးလား။

ဒီပိုစ့်ကို ကိုကျော်ဆူတဲ့ကိစ္စနဲ့လည်း ရန်တိုက်မပေးနဲ့။ ကိုကျော်ပြောတာက ခွီနေတာတွေ ပွထနေလို့ တော်လှန်ရေးကို အာရုံစိုက်ဖို့ ပြောတာ။ မတရားဖမ်းဆီးခံရခြင်းနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအကြောင်း ပြောရင် ဆူစရာမရှိဘူး။

နန်းမွေစံနဲ့ သင်ဇာဝင့်ကျော်ဆိုတာ နာမည်ကြီးသူမို့ လူသိတာ။ လူမသိ သူမသိ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရသူတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေကြောင်း သတိပြုမိဖို့ပါ။

မတရားမှုကို လက်ပိုက်ကြည့်နေတဲ့အခါ မတရားမှုက တံခါးလာခေါက်ရုံမက အိမ်ပေါ်တက် ဖမ်းဆီးတတ်တယ်ဆိုတာလည်း သင်ခန်းစာ ယူရတဲ့ကိစ္စပါပဲ။

အာဏာရှင်စနစ်မှာ ကိုယ့်ဖင်ကိုယ်လည်း မပိုင်ဘူး။ တော်လှန်ရုံမှတပါး အခြားမရှိ။ ပန်ဆယ်လို

Zawgyi