Unicode
ထိုင်းနိုင်ငံ နိုက်ကလပ်တစ်ခုတွင် မီးလောင် လူပေါင်း၄၀ ခန့်သေဆုံး
ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင်ဖော်ပြထားပါသည်
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့တောင်ပိုင်း ချွန်ဘူရီပြည်နယ်က နိုက်ကလပ်တစ်ခုမှာ
ယနေ့ ဩဂုတ် ၅ ရက်သောကြာနေ့ မနက်စောစော တစ်နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ
ယခုအချိန်ထိ လူပေါင်း ၄၀ခန့်အထိသေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ ဆင်ဟွာနှင့်ရိုက်တာသတင်းများအရသိရပါတယ်။
ဆက်တာဟစ် ခရိုက်က Mountain B နိုက်ကလပ်မှာ မနက်၁နာရီကစတင် မီးလောင်တာကို
ဖုန်းသတင်းအရသိရှိရတယ်လို့ရဲမှူးကြီး ဝစ်တီပေါင် ဆွမ်ဂျိုင်က ပြောပါတယ်။
လောလောဆယ်သတင်းများအရ သေဆုံးသူတွေဟာ ထိုင်းနိုင်ငံသားတွေလို့ သိရပါတယ်။
ရိုက်တာက သေဆုံးသူ ၁၃ ဦးနှင့်ဒဏ်ရာရသူ ၃၅ ဦးလို့ သတင်းရေးသားပေမယ့် နောက်ဆုံးရ ဆင်ဟွာသတင်းမှာတော့
ထိုင်းဒေသခံမီဒီယာတွေကို ကိုးကားပြီး သေဆုံးသူ ၄၀ဦးအထိရှိလာပြီလို့ ဖော်ပြထားတာဖြစ်ပါတယ်။
Source: Reuters/Xinhua.. Video_Tiktok @asc.Thailand
Video Player
00:00
01:05
Video Player
Zawgyi
Video Playe
Video Player