ၾကားသိရသမွ်

ငွေကြေးမတတ်နိုင်တဲ့ မသန်စွမ်းပြည်သူတွေအတွက် အလှူရှင်တွေနဲ့ စုပေါင်းပြီး လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် အခိုင်အမာရပ်တည်နေသလို ပရဟိတအလုပ်တွေကိုပါ တစိုက်မတ်မတ်လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။လက်ရှိစီးပွားရေးကြပ်တည်းနေတဲ့ အချိန်ကာလတွေမှာလည်း ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ ငွေကြေးမတတ်နိုင်တဲ့ မသန်စွမ်းညီအစ်ကိုမောင်နှမတွေအတွက်လည်း လိုအပ်နေတာတွေကို ပံ့ပိုးကူညီလှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။ခုနှစ်ရက်သားသမီး စေတနာရှင်ပြည်သူတွေနဲ့အတူ စုပေါင်းပြီး Wheelchair အစီး (၅၀) ၊ ချိုင်းထောက် များ၊ တုတ်ကောက်များ (တန်ဘိုးငွေ ကျပ် သိန်း ၁၀၀ ဝန်းကျင်ခန့်) ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

လိုအပ်နေသူတွေအတွက် လှူဒါန်းပြုလုပ်ခဲ့တဲ့ သူမရဲ့ မွန်မြတ်တဲ့ အလှူကုသိုလ်လေးတွေ ပရိသတ်တွေလည်း မုဒိတာပွားသာဓုခေါ်ဆိုနိုင်ဖို့အတွက်ကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်။ပြည်သူတွေကလည်း လှူဒါန်းမှုတွေ အမြဲမပြတ်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကို အားပေးစကားတွေပြောထားကြတာလည်း ကြည်နူးစရာ တွေ့မြင်ရပါတယ်။

Credit



