ထိုင်းနိုင်ငံက Premruedee Poltree အမည်ရှိ ၇ နှစ်အရွယ်မိန်းကလေးငယ်ဟာ လွန်ဆွဲပွဲကို ယှဉ်ပြိုင်နေတဲ့ ဗီဒီယိုကလစ်ဟာ လူမှုမီဒီယာမှာ ပျံ့နှံ့မှုဖြစ်လာပြီး အင်တာနက်ပေါ်မှာ အလျင်အမြန် ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ် ။ လွန်ဆွဲပွဲဟာ အသင်းများအကြား အပန်းဖြေဂိမ်းတစ်ခုဖြစ်ပေမဲ့ Premruedee ဟာ ကမ္ဘာ့အားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတယ်လို့ ထင်ပုံရပါတယ် ။ သူမမျက်နှာအသွင်အပြင်ကို ကြည့်ပြီး သူမရဲ့အဖွဲ့ကို အနိုင်ရဖို့ သူမဘယ်လောက်ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မပြောဘဲနဲ့တင် နားလည်းမိကြလိမ့်မယ်ထင်ပါတယ် ။
သူမရဲ့ အသင်းဖော်အချို့ဟာ အတော်လေးငြိမ်ငြိမ်သက်သက်ဆွဲနေစဉ်မှာ Premruede ဟာ စစ်မှန်တဲ့ စစ်သည်တစ်ဦးအနေနဲ့ ကြိုးကိုအားနဲ့ဆွဲနေခဲ့ပါတယ် ။ Premruedee နဲ့ သူမရဲ့အဖွဲ့ဟာ ဆုကိုအနိုင်ရတဲ့အခါမှာ အားကစားနဲ့ ရုန်းကန်မှုများအားလုံးကို ပေးဆပ်ခဲ့ပါတယ် ။ Premruedee Poltree က ပြသနာတွေနဲ့ဆုံးဖြတ်ချက်တွေက အမြဲတမ်းအကျိုးဖြစ်ထွန်းတယ်ဆိုတာ ပြသနေပါတယ် ။
JRose (KB Chimmy One)
Reference : gtgoodtimes
Zawgyi
JRose (KB Chimmy One)