ၾကားသိရသမွ်

အရေးပေါ်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို NUG ထပ်မံ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက၊ စက်တင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး ပြည်သူ့

ကာကွယ်ရေး

တပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွေနဲ့ အထူးတပ်ဖွဲ့တွေအတွက် စစ်မြေပြင်မှာ လိုက်နာရ

မယ့် စည်းမျဉ်း၊

စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်အထဲမှာ အထက်အမိန့်ကိုနာခံဖို့၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိဖို့၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုး

ထားဖို့၊ အရေးပေါ်

လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းတွေကို အသုံးပြုရပါက တန်ရာ တန်ကြေးပေးဖို့၊

သုံ့ပန်းတွေကို ညှဉ်းပန်းတာ သတ်ဖြတ်တာမလုပ်ဖို့နဲ့ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထားဖို့၊ မိမိရဲမေတွေအပေါ်မှာဖြစ်

စေ အရပ်သား

အမျိုးသမီးတွေ အပေါ်မှာဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာမလုပ်ဖို့နဲ့ ရန်သူ့ထံက သိမ်းဆည်းရမိမယ့် ငွေ၊

လက်နက်၊ ပစ္စည်း

တွေကို သက်ဆိုင်ရာတပ်မှူးထံ စာရင်းနဲ့တကွ အပ်နှံဖို့ စတာတွေပါဝင်ပါတယ်။

ပြည်သူ့တော်လှန်ရေးစစ်သည်တွေအားလုံး ဒီစည်းမျဉ်း စည်းကမ်းတွေကို အစဉ်လိုက်နာစေရေးအတွက် သက်ဆိုင်ရာ

တပ်မှူးတွေက

နှိုးဆော်ကြပ်မတ်ဖို့လည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်ဖို့

စက်တင်ဘာ ၇ ရက်နေ့

ဒီကနေ့စတင်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

Zawgyi

အရေးပေါ်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို NUG ထပ်မံ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက၊ စက်တင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး ပြည်သူ့

ကာကွယ်ရေး

တပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွေနဲ့ အထူးတပ်ဖွဲ့တွေအတွက် စစ်မြေပြင်မှာ လိုက်နာရ

မယ့် စ

ည်းမျဉ်း၊ စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်အထဲမှာ အထက်အမိန့်ကိုနာခံဖို့၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိဖို့၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုး

ထားဖို့၊ အရေးပေါ်

လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းတွေကို အသုံးပြုရပါက တန်ရာ တန်ကြေးပေးဖို့၊

သုံ့ပန်းတွေကို ညှဉ်းပန်းတာ သတ်ဖြတ်တာမလုပ်ဖို့နဲ့ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထားဖို့၊ မိမိရဲမေတွေအပေါ်

မှာဖြစ်စေ အရပ်သား အမျိုးသမီးတွေ အပေါ်မှာဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာမလုပ်ဖို့နဲ့ ရန်သူ့ထံက

သိမ်းဆည်းရမိမ

ယ့် ငွေ၊ လက်နက်၊ ပစ္စည်းတွေကို သက်ဆိုင်ရာတပ်မှူးထံ စာရင်းနဲ့တကွ အပ်နှံဖို့ စတာတွေပါဝင်ပါတယ်။