ၾကားသိရသမွ်

D Day ေၾကညာအျပီး ရန္ကုန္မွာ ပစ္ခတ္မွုမ်ားနွင့္ လက္ရွိရန္ကုန္အေျခအေနမ်ား

D Day ေၾကညာအျပီး ရန္ကုန္မွာ ပစ္ခတ္မွုမ်ားနွင့္ လက္ရွိရန္ကုန္အေျခအေနမ်ား

အစားအေသာက္ႏွင့္ေဆးဝါးမ်ားဝယ္စုကုန္ၾကၿပီ

NUGအစိုးရမွ အေရးေပၚအေျခအေနႏွင့္ ႐ုံးပိတ္ရက္အကန္႔အသတ္မရွိေၾကျငာၿပီးေနာက္ ရန္ကုန္ၿမိဳ႕ ပုဂၢလိကကုမၸဏီအခ်ိဳ႕ လစာအျပည့္ျဖင့္႐ုံးပိတ္ေပးလိုက္ပါတယ္…….

အမ်ိဳးသားညီၫြတ္ေရးအစိုးရ-NUGက ယေန႔ (စက္တင္ဘာ ၇ ရက္) မွစတင္၍ ျမန္မာႏိုင္ငံအား အေရးေပၚအေျခအေနေၾကျငာခဲ့ၿပီး ရက္အကန္႔ အသတ္မရွိ႐ုံးပိတ္ရက္ေၾကျငာၿပီးေနာက္ ပုဂၢလိက ကုမၸဏီအခ်ိဳ႕မွ ၄င္းတို႔၏ ဝန္ထမ္းမ်ားအား လစာအျပည့္ျဖင့္ ႐ုံးပိတ္ေပးလိုက္ေၾကာင္း သတင္းရရွိသည္……..

အေရးေပၚအေျခအေနေၾကျငာသည့္ ယေန႔မနက္ပိုင္းမွစတင္၍ ဝန္ထမ္းမ်ားအားလုံးျပန္လႊတ္ လိုက္ၿပီး ရက္အကန္႔အသတ္မရွိပိတ္ထားမည္ ျဖစ္ၿပီး အေျခအေနေပၚမူတည္၍ ႐ုံးျပန္တက္ရ မည့္ရက္အား ျပန္လည္ဆက္သြယ္မည္ျဖစ္ ေၾကာင္း သိရသည္……

ဒီမနက္ကစၿပီး D-Dayဆိုေတာ့ ညီမတို႔႐ုံးက ပိတ္ေပးလိုက္တယ္

အေဆာင္တခုထဲမွာေနတဲ့ တျခားသူေတြလည္းျပန္လာၾကတယ္…

သူတို႔႐ုံး ေတြကိုလည္းပိတ္ေပးလိုက္တယ္……လစာအျပည့္နဲ႔ဘဲ……ဂ႐ုစိုက္ၿပီးေနၾကဖို႔မွာတယ္…..

ဘယ္ေန႔ျပန္တက္ရမယ္ဆိုတာမေျပာဘူး”ဟုရန္ကုန္ၿမိဳ႕ ေဆး ကုမၸဏီတခု၏ဝန္ထမ္းတဦးက ဧရာဝတီတိုင္းမ္သို႔ ေျပာသည္……

NUGအစိုးရအေနျဖင့္ ယေန႔အား D-Day အေရးေပၚ အေျခအေနအျဖစ္ေၾကျငာၿပီးေနာက္ ၿမိဳ႕ နယ္အခ်ိဳ႕တြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားေနေၾကာင္း သိရသည္…….

ထို႔ျပင္ ရန္ကုန္ၿမိဳ႕အတြင္းရွိ ျပည္သူလူထုအမ်ား

စုအေနျဖင့္ အေျခခံစားေသာက္ကုန္ႏွင့္ ေဆးဝါးမ်ား စုေဆာင္းဝယ္ယူမႈမ်ား ရွိေနေၾကာင္း သိရသည္……

AyeyarwaddyTimes

Unicode

D Day ကြေညာအပြီး ရန်ကုန်မှာ ပစ်ခတ်မှုများနှင့် လက်ရှိရန်ကုန်အခြေအနေများ

အစားအသောက်နှင့်ဆေးဝါးများဝယ်စုကုန်ကြပြီ

NUGအစိုးရမှ အရေးပေါ်အခြေအနေနှင့် ရုံးပိတ်ရက်အကန့်အသတ်မရှိကြေငြာပြီးနောက် ရန်ကုန်မြို့ ပုဂ္ဂလိကကုမ္ပဏီအချို့ လစာအပြည့်ဖြင့်ရုံးပိတ်ပေးလိုက်ပါတယ်…

အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယနေ့ (စက်တင်ဘာ ၇ ရက်) မှစတင်၍ မြန်မာနိုင်ငံအား အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး ရက်အကန့် အသတ်မရှိရုံးပိတ်ရက်ကြေငြာပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများအား လစာအပြည့်ဖြင့် ရုံးပိတ်ပေးလိုက်ကြောင်း သတင်းရရှိသည်……

အရေးပေါ်အခြေအနေကြေငြာသည့် ယနေ့မနက်ပိုင်းမှစတင်၍ ဝန်ထမ်းများအားလုံးပြန်လွှတ် လိုက်ပြီး ရက်အကန့်အသတ်မရှိပိတ်ထားမည် ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ ရုံးပြန်တက်ရ မည့်ရက်အား ပြန်လည်ဆက်သွယ်မည်ဖြစ် ကြောင်း သိရသည်……

ဒီမနက်ကစပြီး D-Dayဆိုတော့ ညီမတို့ရုံးက ပိတ်ပေးလိုက်တယ်

အဆောင်တခုထဲမှာနေတဲ့ တခြားသူတွေလည်းပြန်လာကြတယ်…

သူတို့ရုံး တွေကိုလည်းပိတ်ပေးလိုက်တယ်……လစာအပြည့်နဲ့ဘဲ……ဂရုစိုက်ပြီးနေကြဖို့မှာတယ်…

ဘယ်နေ့ပြန်တက်ရမယ်ဆိုတာမပြောဘူး”ဟုရန်ကုန်မြို့ ဆေး ကုမ္ပဏီတခု၏ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်……..

NUGအစိုးရအနေဖြင့် ယနေ့အား D-Day အရေးပေါ် အခြေအနေအဖြစ်ကြေငြာပြီးနောက် မြို့ နယ်အချို့တွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း သိရသည်…….

ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ ပြည်သူလူထုအများ

စုအနေဖြင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စုဆောင်းဝယ်ယူမှုများ ရှိနေကြောင်း သိရသည်……

AyeyarwaddyTimes