“မိတ်ဆွေများအားလုံးမင်္ဂလာပါ”
“တော်သလင်း လအတွက် ကံပွင့် ကံမြင့် ကုသိုလ် ယတြာ”
“တော်သလင်းလဆန်း ၁ ရက် (6,9,2021) တနင်္လာနေ့မှ တော်သလင်းလကွယ်နေ့ (5,10,2021) အင်္ဂါနေ့ အထိ”
“မည်သည့်နေ့သားသမီးမဆို ပြုလုပ်လှူဒါန်းနိုင်ပါသည်”
“မိမိတို့နေအိမ်ရှိ ဘုရားကျောင်းဆောင်မှ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား”
“ကံ့ကော်ပန်း/ငွေပန်း/ခရေပန်း/ဂန္ဓမာပန်းများ ကပ်လှူပါ”၊(အရေအတွက်မလို)။
“ငါးကြင်းဆီပြန်ဟင်း(၁)ပွဲဖြင့် ဆွမ်းကပ်လှူပါ”။
“ကန်စွန်းရွက်ကြော် (၁)ပွဲ ကပ်လှူပါ”။
“ကော်ဖီ(၁)ခွက် ကိတ်မုန့်(၂)ချပ် ကပ်လှူပါ”။
“အဖြူရောင်ဖယောင်းတိုင် (၁)တိုင် ထွန်းညှိပူဇော်ပါ”။
“သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်နှင့် ဘဂဝါ ဂုဏ်တော်ကို ပုတီး(၁)ပတ်စီစိပ်ပါ”။
“ရသေ့ကြီးဦးခန္တီ အမြဲရွတ်ဆိုသော”သဗ္ဗသိဒ္ဓိ”ဂါထာတော်ကို(၂)ခေါက်ရွတ်ဆိုပူဇော်ပါ”။
“သဗ္ဗသိဒ္ဓိ” ဂါထာတော်
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ
မနက် ၆:၀၀ နာရီမှ မနက် ၁၁:၀၀ နာရီအတွင်း ပြုလုပ်လှုဒါန်းရွတ်ဖတ်ပူဇော်ပါ”။
“မိမိပြုလုပ်ခဲ့သော ကုသိုလ်အပေါင်းအား သုံးဆယ့်တစ်ဘုံမှာကျင်လည်ကုန်သောဝေနေယျသတ္တဝါအပေါင်းအား ကုသိုလ်
အမျှပေးဝေပါ”။
အရဟံ -ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား၊
ဗဟိအန္တဇယံ -အတွင်းအပြင်ရန်ကိုအောင်တော်မူသောမြတ်စွာဘုရား၊
သုဂတံ -ကောင်းသောစကားကိုပြောတော်မူသောမြတ်စွာဘုရား၊
အမိတံ -မနှိုင်းယှဥ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ဝိရဇံ -ကိလေသာမြူကင်းတော်မူသောမြတ်စွာဘုရား၊
လလိတံ -တင့်တယ်သပ္ပါယ်တော်မူသောမြတ်စွာဘုရား၊
စရဏံ -အကျင့်စရဏနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
တိဘဝူပသမံ -ဘုံသုံးပါး၌ကိလေသာမြူငြိမ်းအေးတော်မူသောမြတ်စွာဘုရား၊
ယမကံ -ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
သုခဒံ -ချမ်းသာကိုပေးစွမ်းနိုင်သောမြတ်စွာဘုရား၊
ဇိနံ -မာန်ငါးပါးကိုအောင်တော်မူသောမြတ်စွာဘုရားရှင်ကို၊
ပဏမာမိ -ရှိခိုးပါ၏အရှင်ဘုရား။
“သိစရာမှန်သမျှကိုအမှန်အတိုင်းအကြွင်းအကျန်မရှိကိုယ်တော်တိုင်သိတော်မူသောမြတ်စွာဘုရား၊ဘုန်းတော်အနန္တနှင့်ပြည့်
စုံတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ကပ်လှူပူဇော် ရွတ်ဖတ်လှူဒါန်းရခြင်းအကျိုးကြောင့် ကိုဗစ် ကပ်
ရောဂါဆိုးကြီးနှင့်တကွ အန္တရာယ်အပေါင်းမှကင်းဝေးကာ ကုသိုလ်ကံများပွင့်လန်းမြင့်မားပြီး လာဘ်လာဘများ
ရရှိ၍ကောင်းကျိုးချမ်းသာများဖြစ်ထွန်းလာပါမည်”။
Like & Share ခြင်းဖြင့်ကုသိုလ်ယူပါ။
Zawgyi
“သဗ္ဗသိဒ္ဓိ” ဂါထာတော်
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ
“မိမိပြုလုပ်ခဲ့သော ကုသိုလ်အပေါင်းအား သုံးဆယ့်တစ်ဘုံမှာကျင်လည်ကုန်သောဝေနေယျသတ္တဝါအပေါင်းအား ကုသိုလ်အမျှေ
ပးဝေပါ”။