ႏိုင္ငံေက်ာ္ မသန္စြမ္း အဆိုေတာ္ ပိုင္သက္ေက်ာ္ကို အၾကမ္းဖက္စစ္ေကာင္စီက CDM ေထာက္ပံ့မႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ ၃ ႏွစ္ခ်မွတ္
ရန္ကုန္၊ ဇူလိုင္ ၂
ႏိုင္ငံေက်ာ္အဆိုေတာ္ ပိုင္သက္ေက်ာ္ကို အၾကမ္းဖက္စစ္ေကာင္စီက CDM ေထာက္ပံ့မႈျဖင့္ ေထာင္ဒဏ္
၃ ႏွစ္ခ်မွတ္ထားေၾကာင္း ပိုင္သက္ေက်ာ္၏ မိတ္ ေဆြက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
၂၀၂၂ ခုႏွစ္ မတ္လတြင္ မသန္စြမ္း အဆိုေတာ္ ပိုင္သက္ေက်ာ္ကို စစ္ေကာင္စီက CDM ေထာက္ပံ့မႈျဖင့္

ဖမ္းဆီးခဲ့ၿပီး ဇြန္လအတြင္းတြင္ အင္းစိန္ေထာင္အထူး တရား႐ုံးက အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္
၅၀ ည ျဖင့္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ကိုပိုင္သက္ေက်ာ္ ေထာင္သုံးႏွစ္က်သြားပါတယ္။ အၾကမ္းဖက္ဥပေဒ ၅၀ ည နဲ႔ အင္းစိန္ ေထာင္ တရား႐ုံးက အမိန႔္ခ်ထားတာပါ။
ဖမ္းတုန္းက CDM ေတြကို ေထာက္ပံ့တယ္ဆိုၿပီး သူေနတဲ့ လႈိင္သာယာ၊ နဝေဒးအိမ္ရာမွာ ဝင္ဖမ္းသြားတာဗ်၊
CDM ေတြကို ေထာက္ပံ့တယ္ဆိုၿပီး ဖမ္းသြားခဲ့တာ” ဟု ပိုင္သက္ေက်ာ္၏ မိတ္ေဆြတဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
အဆိုေတာ္ ပိုင္သက္ေက်ာ္ကို ဖမ္းဆီးရန္ အၾကမ္းဖက္စစ္ေကာင္စီ၏ ေလာ္ဘီ ဟန္ၿငိမ္းဦးက
တယ္လီဂရမ္မွတစ္ဆင့္ ဖမ္းဆီးရန္ လႈံ႕ေဆာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
unicode
Unicode,
နိုင်ငံကျော် မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ်ချမှတ်
ရန်ကုန်၊ ဇူလိုင် ၂
နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် ထောင်ဒဏ်
၃ နှစ်ချမှတ်ထားကြောင်း ပိုင်သက်ကျော်၏ မိတ် ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၂ ခုနှစ် မတ်လတွင် မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်ကို စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့်

ဖမ်းဆီးခဲ့ပြီး ဇွန်လအတွင်းတွင် အင်းစိန်ထောင်အထူး တရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်
၅၀ ည ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုပိုင်သက်ကျော် ထောင်သုံးနှစ်ကျသွားပါတယ်။ အကြမ်းဖက်ဥပဒေ ၅၀ ည နဲ့ အင်းစိန် ထောင် တရားရုံးက အမိန့်ချထားတာပါ။
ဖမ်းတုန်းက CDM တွေကို ထောက်ပံ့တယ်ဆိုပြီး သူနေတဲ့ လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ဖမ်းသွားတာဗျ၊
CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားခဲ့တာ” ဟု ပိုင်သက်ကျော်၏ မိတ်ဆွေတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုတော် ပိုင်သက်ကျော်ကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီ၏ လော်ဘီ ဟန်ငြိမ်းဦးက
တယ်လီဂရမ်မှတစ်ဆင့် ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။



