မကြာသေးမီက ငရုတ်သီးခြံဥယျာဉ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးရဲ့ ဓာတ်ပုံများကို လူမှုကွန်ရက်မှာ မျှဝေတဲ့အခါ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ် ။ အံ့သြစရာကောင်းတာက ဆိုင်ကယ်ထဲမှာ ငြင်ငြင်သာသာ အိပ်နေတဲ့ ကလေးလေးတစ်ယောက်ရှိပြီး အောက်ဘက်မှာ နူးညံ့တဲ့ခေါင်းအုံးတစ်ခုပါရှိတာကြောင့် ကလေးက ပုခက်ထဲမှာ လဲလျောင်းနေရသကဲ့သို့ ခံစားရပါတယ် ။ အဆိုပါ post ကို မျှဝေးချက်အရ ကလေးငယ်ကို မိခင်က စိုက်ခင်းထဲ အတူခေါ်သွားပြီး မိခင်ဖြစ်သူက အလုပ်ရှုပ်ကာ ကလေးက အိပ်ချင်နေတာကြောင့် အခြားနည်းလမ်းမရှိတာနဲ့ မိခင်က သူ့ကလေးကို ဆိုင်ကယ်ထဲမှာ အိပ်စေခဲ့ကြောင်း သိရပါတယ် ။
မှတ်ချက်ကဏ္ဍမှာ အင်တာနက်အသုံးပြုသူများက မတူညီတဲ့ ထင်မြင်ချက်နှစ်ခုကို ခွဲခြားထားပါတယ် ။ အရေးပေါ်လိုအပ်ရင် အချိန်အကြာကြီး မထားခဲ့သင့်ဘူးလို့ လူတချို့က ထင်မြင်ကြပြီး တချို့ကတော့ ကလေးက ရုတ်တရက်နိုးလာရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များစွာကို စိုးရိမ်နေတာကြောင့် မိခင်ရဲ့ ဒီလုပ်ဆောင်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြပါတယ် ။ ကလေးက ကန်ခြင်း(သို့) နိုးလာတဲ့ အချိန်တွေဆို အလွန်အန္တရာယ်များပါတယ် ။
JRose (KB Chimmy One)
Reference : bestie
Zawgyi
JRose (KB Chimmy One)