ၾကားသိရသမွ်

အင်းစိန်​ထောင်၌ အသံတိတ်သပိတ်ဦး​ဆောင်ပါဝင်ခဲ့သူ ၁ဝဦး တိုက်ပိတ်ခံရ

အင္းစိန္​ေထာင္၌ အသံတိတ္သပိတ္ဦး​ေဆာင္ပါဝင္ခဲ့သူ ၁၀ဦး တိုက္ပိတ္ခံရ

People’s Spring

အင္းစိန္အက်ဥ္းေထာင္အတြင္း ယမန္​ေန႔က အသံတိတ္သပိတ္ဦးေဆာင္ခဲ့သည့္ ႏိုင္ငံေရးအက်ဥ္းသား ၁၀ ဦးခန္႔ကို တိုက္ပိတ္အေရးယူထားေၾကာင္း သီးသန္႔ေဆာင္တြင္ တာဝန္က်ေနသည့္ အမည္မေဖာ္လိုသူ အက်ဥ္းဦးစီးဌာန မွ ဝန္ထမ္းတစ္ဦးက လူထုေႏြဦးသို႔ အတည္ျပဳသည္။

ဒီဇင္ဘာ ၁၀ ရက္က တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စစ္အာဏာရွင္အား စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္ေၾကာင္းျပသသည့္ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ (Silent Strike)ျပဳလုပ္ရာ အင္းစိန္ေထာင္၏ သီးသန္႔ေဆာင္၌ ​ေရာက္ရွိ​ေနသူမ်ားလည္း ပူး​ေပါင္းပါဝင္ခဲ့သည္။

“အေဆာင္ (၄)က ေတာ္ေတာ္မ်ားတယ္။ၿပီးေတာ့ အေဆာင္(၁)လည္းပါတယ္။မေန႔က(ဒီဇင္ဘာ ၁၀ ရက္) ညပိုင္းက တိုက္ပိတ္လိုက္တာ”ဟု အထက္ပါဝန္ထမ္းက ေျပာသည္။

သို႔ေသာ္ ေသနတ္ပစ္ေဖာက္ျခင္းႏွင့္ ဆႏၵျပႏိုင္ငံေရးအက်ဥ္းသားမ်ားကို ႐ိုက္ႏွက္ျခင္းမ်ားျပဳလုပ္သည္၊ မျပဳလုပ္သည္ကို ၎အေနျဖင့္ အတည္မျပဳေပ။

ထို႔အျပင္ တိုက္ပိတ္ခံရသူ ၁၀ဦးမွာ မည္သူ၊မည္သူ ပါဝင္သည္ကိုလည္း ​ေျပာဆိုျခင္း မရွိ​ေပ။”ကြၽန္ေတာ္ သိရသေလာက္ မေန႔က ညေနပိုင္း ျဖစ္တာ ၾကားတယ္။ေလာေလာဆယ္ေတာ့ အမႈသည္ေတြဆီက အသံ အလုံစုံမၾကားရေသးေတာ့ အတိအက် မသိရေသးဘူး”ဟု အင္းသိန္ေထာင္ရွိ ႏိုင္ငံေရးအက်ဥ္းသားမ်ား၏ ကိုယ္စားလွယ္ေရွ႕ေနတစ္ဦးက ေျပာသည္။

“ေထာင္တြင္း ဆႏၵျပမႈေတြရွိရင္ ဦးေဆာင္တဲ့သူေတြကို တိုက္ပိတ္တယ္။ၿပီးရင္ က်န္တဲ့သူေတြကို အခန္းေျပာင္းတယ္။ေျခက်င္ခတ္တာေတြ လည္းရွိတယ္။ေနာက္ၿပီး အခန္းေတြထဲလည္းမနက္ အေစာပိုင္း ေရွာင္တခင္ ဝင္စစ္တာေတြ နဲ႔ စည္းကမ္းတင္ၾကပ္တာေတြပါလုပ္တယ္”ဟု ေအာက္တိုဘာအတြင္းက ျပန္လြတ္လာသည့္ ပုဒ္မ ၅၀၅ (က)ျဖင့္ တရားစြဲဆိုခံခဲ့ရသူတစ္ဦးက ရွင္းျပသည္။

ဇူလိုင္အတြင္းကလည္း အင္းစိန္ေထာင္ သီးသန္႔ေဆာင္၌ စစ္အာဏာရွင္ဆန္႔က်င္ေၾကာင္း ဆႏၵျပမႈ အႀကီး အက်ယ္ျဖစ္ပြားခဲ့ဖူးၿပီး ဦးေဆာင္သူမ်ားကို တိုက္ပိတ္ အေရးယူခဲ့သည္။

“တိုက္ပိတ္ၿပီဆိုရင္ ၁၀ ေပပတ္လည္ အခန္႔က်ဥ္းထဲမွာ ငါးေယာက္ထားရင္ ထားတယ္။သုံးေယာက္ထားရင္ထားတယ္။ၿပီးေတာ့ အိမ္သာလည္း အခန္းထဲမွာပဲ။ဘယ္မွထြက္လို႔မရဘူး။ေကြၽးတဲ့ထမင္းက အစ နံရံကိုေပါက္ရင္ေတာင္ ထမင္းခဲက မေၾကဘူး။အစစအရာရာလူ႔အခြင့္အေရး ဆုံးရႈံးတယ္”ဟု တိုက္ပိတ္ခံခဲ့ရသည့္ ႏိုင္ငံေရးအက်ဥ္းသားတစ္ဦးကလည္း လူထုေႏြဦးသို႔ ေျပာသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီကစ၍ စစ္အာဏာရွင္ကိုဆန္႔က်င္သူမ်ားကို ဖမ္းဆီးကာ ပုဒ္မအမ်ိဳးမ်ိဳးတပ္၍ အက်ဥ္းခ်ခဲ့ၿပီး အင္းစိန္ေထာင္ သီးသန္႔ေဆာင္မွာ ႏိုင္ငံေရးအက်ဥ္းသားအမ်ားစု ထားရွိရာေနရာျဖစ္သည္။

အင်းစိန်ထောင်၌ အသံတိတ်သပိတ်ဦးဆောင်ပါဝင်ခဲ့သူ ၁၀ဦး တိုက်ပိတ်ခံရ

People’s Spring

အင်းစိန်အကျဉ်းထောင်အတွင်း ယမန်နေ့က အသံတိတ်သပိတ်ဦးဆောင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့်ကို တိုက်ပိတ်အရေးယူထားကြောင်း သီးသန့်ဆောင်တွင် တာဝန်ကျနေသည့် အမည်မဖော်လိုသူ အကျဉ်းဦးစီးဌာန မှ ဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

ဒီဇင်ဘာ ၁၀ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်းပြသသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)ပြုလုပ်ရာ အင်းစိန်ထောင်၏ သီးသန့်ဆောင်၌ ရောက်ရှိနေသူများလည်း ပူးပေါင်းပါဝင်ခဲ့သည်။

“အဆောင် (၄)က တော်တော်များတယ်။ပြီးတော့ အဆောင်(၁)လည်းပါတယ်။မနေ့က(ဒီဇင်ဘာ ၁၀ ရက်) ညပိုင်းက တိုက်ပိတ်လိုက်တာ”ဟု အထက်ပါဝန်ထမ်းက ပြောသည်။

သို့သော် သေနတ်ပစ်ဖောက်ခြင်းနှင့် ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခြင်းများပြုလုပ်သည်၊ မပြုလုပ်သည်ကို ၎င်းအနေဖြင့် အတည်မပြုပေ။

ထို့အပြင် တိုက်ပိတ်ခံရသူ ၁၀ဦးမှာ မည်သူ၊မည်သူ ပါဝင်သည်ကိုလည်း ပြောဆိုခြင်း မရှိပေ။”ကျွန်တော် သိရသလောက် မနေ့က ညနေပိုင်း ဖြစ်တာ ကြားတယ်။လောလောဆယ်တော့ အမှုသည်တွေဆီက အသံ အလုံစုံမကြားရသေးတော့ အတိအကျ မသိရသေးဘူး”ဟု အင်းသိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်စားလှယ်ရှေ့နေတစ်ဦးက ပြောသည်။

“ထောင်တွင်း ဆန္ဒပြမှုတွေရှိရင် ဦးဆောင်တဲ့သူတွေကို တိုက်ပိတ်တယ်။ပြီးရင် ကျန်တဲ့သူတွေကို အခန်းပြောင်းတယ်။ခြေကျင်ခတ်တာတွေ လည်းရှိတယ်။နောက်ပြီး အခန်းတွေထဲလည်းမနက် အစောပိုင်း ရှောင်တခင် ဝင်စစ်တာတွေ နဲ့ စည်းကမ်းတင်ကြပ်တာတွေပါလုပ်တယ်”ဟု အောက်တိုဘာအတွင်းက ပြန်လွတ်လာသည့် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံခဲ့ရသူတစ်ဦးက ရှင်းပြသည်။

ဇူလိုင်အတွင်းကလည်း အင်းစိန်ထောင် သီးသန့်ဆောင်၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြမှု အကြီး အကျယ်ဖြစ်ပွားခဲ့ဖူးပြီး ဦးဆောင်သူများကို တိုက်ပိတ် အရေးယူခဲ့သည်။

“တိုက်ပိတ်ပြီဆိုရင် ၁၀ ပေပတ်လည် အခန့်ကျဉ်းထဲမှာ ငါးယောက်ထားရင် ထားတယ်။သုံးယောက်ထားရင်ထားတယ်။ပြီးတော့ အိမ်သာလည်း အခန်းထဲမှာပဲ။ဘယ်မှထွက်လို့မရဘူး။ကျွေးတဲ့ထမင်းက အစ နံရံကိုပေါက်ရင်တောင် ထမင်းခဲက မကြေဘူး။အစစအရာရာလူ့အခွင့်အရေး ဆုံးရှုံးတယ်”ဟု တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကလည်း လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီကစ၍ စစ်အာဏာရှင်ကိုဆန့်ကျင်သူများကို ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးတပ်၍ အကျဉ်းချခဲ့ပြီး အင်းစိန်ထောင် သီးသန့်ဆောင်မှာ နိုင်ငံရေးအကျဉ်းသားအများစု ထားရှိရာနေရာဖြစ်သည်။