အသိပညာ

“ရင့်ကျက်သူတစ်ယောက်ဖြစ်ဖို့”

(1) မဖြေချင်တဲ့မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးတဲ့သူရဲ့ မျက်လုံးကိုစိုက်ကြည့်ပြီး ပြုံးပြလိုက်ပါ။

(2) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့သူတွေကို မနှုတ်ဆက်ချင်ရင် ခေါင်းငြိမ့်ပြုံးပြပါ။

(3) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက် မင်းအဆင်ပြေချိန် သူပျော်မယ်။ မင်းအဆင်မပြေချိန် မင်းအတွက် သူပူပန်မယ်။ ဒါကို မှတ်ထားပါ။

(4) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကမှာ နောင်တကုဆေးဆိုတာ မရှိကြောင်းကိုယ့်ကိုယ်ကို သတိပေးပါ။

(5) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့် ကြိုးစားလုပ်ပါ။

(6) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးလိုက်ပါ။ သူ သင့်ကိုတကယ်ချစ်ရင် သင့်ဆီပြန်လာလိမ့်မယ်။

(7) ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(8) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူမှ သင့်အပေါ်အကြွေးမတင်ဘူး။

(9) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့တော့ ပေါ်စမြဲပါ။

(10) အတိတ်ကို သင်မမေ့ချင်လည်းရတယ်။ ဒါပေမယ့် လက်လွတ်တတ်ရမယ်။

(11) သင့်ကိုသင် တွေးထင်သလောက် သင် ဘယ်တော့မှ အရေးမပါပါဘူး။

(12) ငွေကြေးနဲ့ ဖြေရှင်းရသမျှကို ပြဿနာလို့မခေါ်ဘူး။

(13) အပြင်ပန်းပုံသဏ္ဍာန်နဲ့ လူတစ်ယောက်ကို ဘယ်တော့မှ မဆုံးဖြတ်ပါနဲ့။

(14) ပြောစရာကို ဖြည်းဖြည်းပြောပါ။ တွေးစရာကို မြန်မြန်တွေးပါ။

(15) ကိုယ့်ကိုယ်ကို အားလပ်ချိန်ပေးပြီး တစ်ကိုယ်တည်းထီးထီးနေကြည့်ပါ။

(16) ကိုယ့်ပစ္စည်း မဟုတ်ရင် ဘယ်တော့မှမယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက်နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

ဒီအချက်တွေလုပ်နိုင်ရင် သင် ရင့်ကျက်ပြီ။

Credit

Unicode