လူအေတာ္မ်ားမ်ားက ကုမၸဏီ၀န္ထမ္းဘ၀ကို မက္ေမာအထင္ႀကီး ရယူလိုၾကတယ္
ယူနီေဖာင္းေလးနဲ႔အလုပ္သြား laptopနဲ႔လုပ္ရတဲ့အလုပ္ဆိုေတာ့ ေအးေအးေဆးေဆးေက်ာ့ေမာ့တာေတာ့ အမွန္ပဲေပါ့
လူျမင္လည္းတင့္တယ္ ပတ္၀န္းက်င္က ဘာအလုပ္ လုပ္လဲေမးရင္ Marketing/ HR/PR/Accounting စသျဖင့္
ကိုယ္တာ၀န္ယူရတဲ့ ကုမၸဏီရဲ့ဌာနအပိုင္းေတြကို ဘိုလိုေျဖရေတာ့ ပတ္၀န္းက်င္ကလည္း အထင္ႀကီးေတာ့အဆင္လည္းေျပတာေပါ့
ဒါေပမယ့္ အဲကုမၸဏီ၀န္ထမ္းျဖစ္ဖို႔ဆိုတာလည္း လြယ္တဲ့ကိစၥေတာ့မဟုတ္ဘူး ႏွစ္မ်ားစြာအခ်ိန္ ဉာဏ္ ေငြရင္းႏွီးထားရတဲ့ ဘြဲ႕တစ္ခုအျပင္
သင္တန္းနဲ႔အေတြ႕အၾကဳံ မ်ားစြာရွိမွ လစာ2သိန္းေလာက္ကစရတာမ်ိဳး လစာ3သိန္း 5သိန္း 10သိန္းေပးရင္ကိုေတာ္ေတာ္မ်ားတဲ့ပမာဏပဲလို႔ထင္ေနရၿပီ
အမွန္ အဲပမာဏက ဘာမွမဟုတ္ဘူး ေနနိုင္စားနိုင္႐ုံအဆင့္ပဲရွိတာ ကိုယ္ပိုင္လုပ္ငန္းနဲ႔ကုမၸဏီ၀န္ထမ္းက သူ႔ဟာနဲ႔သူအားသာခ်က္ အားနည္းခ်က္ရွိတယ္
ကုမၸဏီ၀န္ထမ္းရဲ့အားသာခ်က္က ပုံစံေက်ာ့ေမာ့တယ္ လကုန္တိုင္းလစာပုံမွန္ရတယ္ ဒီအလုပ္ကမထြက္မခ်င္း ဒီအလုပ္မွာလုပ္ေနသေရြ႕ ပိုက္ဆံ(လစာ)ကေတာ့လကုန္တိုင္းရေနဖို႔ေသခ်ာတယ္
အားနည္းခ်က္ကေတာ့ ကိုယ့္ကိုကိုယ္ ပိတ္ရက္ကလြဲရင္မပိုင္ဘူး အခ်ိန္နဲ႔သြား အခ်ိန္နဲ႔စားရတယ္ ဖိအားမ်ားတယ္ ကိုယ္မွန္ေတာင္မွ အထက္လူႀကီးဆို သည္းခံရတယ္
၀င္ေငြကပုံေသကိန္းဂဏန္းမို႔ ၀င္ေငြထြက္ေငြေသခ်ာ တြက္ခ်က္ၿပီးသုံးရတယ္ ကိုယ့္လစာ၀င္ေငြထက္ အမ်ားႀကီးပိုသုံးမိရင္ လလယ္ေလာက္ဆိုေငြျပတ္တတ္တယ္ အေႂကြးတင္တတ္တယ္
ကိုယ္ပိုင္လုပ္ငန္းရဲ့အားသာခ်က္က ကိုယ့္လုပ္ငန္းမို႔ ကိုယ့္အလုပ္ လုပ္ခ်င္တဲ့ေန႔လုပ္လို႔ရတယ္ အလုပ္မလုပ္ခ်င္တဲ့ေန႔ အလုပ္နားၿပီး အိပ္မလားေလၽွာက္လည္မလား ေအးေဆးပဲ
၀င္ေငြကနည္းတဲ့လ နည္းနိုင္သလို မ်ားတဲ့လလည္းမ်ားနိုင္တယ္ ပုံေသမရွိဘူး
ကိုယ္သာပိုင္ရွင္ျဖစ္တဲ့အတြက္ အလုပ္ဖိအားကလြဲၿပီး အထက္ဖိအားဆိုတာမရွိဘူး အားနည္းခ်က္ကေတာ့၀င္ေငြမ်ားတဲ့လဆိုတာရွိနိုင္သလို
ေရာင္းအားက်တဲ့အခါမ်ိဳးဆို ၀င္ေငြနည္းတဲ့လလည္း ရွိနိုင္သလို အရႈံးေပၚတဲ့လလည္းရွိနိုင္တယ္
Customer is always rightေၾကာင့္ကိုယ့္ကာစတန္မာက မွားေနခဲ့ေတာင္ ကိုယ္ကသည္းခံရတာမ်ိဴးရွိမယ္
၀က္သားတုတ္ထိုး အခ်ဥ္ေပါင္းတို႔ဆို ကိုယ္ပိုင္လုပ္ငန္းထဲပါေပမယ့္ လူအထင္ေသးတာမ်ိဳးရွိတယ္
က်ေနာ္ကေတာ့ ကုမၸဏီ၀န္ထမ္းအလုပ္ကိုဘယ္တုန္းကမွ သေဘာမက်ခဲ့ဘူး အေတြ႕အၾကဳံလိုခ်င္လို႔သာ၀င္လုပ္ခဲ့တာပဲရွိတယ္
ကိုယ့္ဘ၀ရဲ့အခ်ိန္အေတာ္မ်ားမ်ား ႏွစ္မ်ားစြာကို လစာပုံေသကိန္းဂဏန္းတစ္ခုရဲ့ေအာက္မွာ မျမႇုပ္ႏွံခ်င္ဘူး
ကုမၸဏီ၀န္ထမ္းထက္ ကိုယ္ပိုင္လုပ္ငန္းေတြကိုပဲအားေပးတယ္
ကိုယ္ပိုင္လုပ္ငန္းလို႔ဆိုရာမွာ OS ၀က္သားတုတ္ထိုး အခ်ဥ္ေပါင္း Delivery ထမင္း/ဟင္း ေဘထုတ္ေရာင္း ဆူရွီအကုန္ပါ၀င္တယ္
တခ်ိဳ႕အလုပ္ေတြက နာမည္ၾကားလိုက္ရင္သာ လူေတြကအထင္ေသး တစ္မ်ိဳးျမင္တာ
ဥပမာ ၀က္သားတုတ္ထိုး အခ်ဥ္ေပါင္း မုန႔္ေရာင္း အဲလုပ္ငန္းေတြရဲ့လည္ပတ္ေငြနဲ႔၀င္ေငြက တစ္ရက္ကို2ေသာင္း 3ေသာင္း 5ေသာင္းရွိတယ္
တစ္လကို6သိန္း 9သိန္း 15သိန္း ပတ္ခ်ာလည္ေပါ့ နာမည္ႀကီးရင္ႀကီးသလို ကိုယ့္၀န္ေဆာင္မႈနဲ႔အရည္အေသြး ေကာင္းရင္ေကာင္းသလို ၀င္ေငြကတက္လာမွာပဲ
အရင္းအႏွီးမရွိတဲ့လူေတြအဖို႔ေတာ့ ဒီလိုပဲေအာက္ေျခက စရတာပဲ ဘာမွရွက္စရာလည္းမဟုတ္သလို ဂုဏ္ဆာစရာလည္းမရွိပါဘူး
ေငြရဖို႔လုပ္က်တဲ့သမၼာအာဇီ၀ခ်င္းအတူတူကိုးနယ္ကက်ေနာ္သူငယ္ခ်င္းတစ္ေယာက္ ရန္ကုန္တက္လာပီးအေဆာင္မွာေနတယ္ one stop Martမွာ၀န္ထမ္းလုပ္တယ္
ဘာမွမစုမိတဲ့အျပင္ အေႂကြးတင္လာတာပဲ အဖက္တင္တယ္
ဒါေပမယ့္ Martတစ္ခုရဲ့ ေဈးအေရာင္းအ၀ယ္ အျပင္အဆင္ ကုန္ပစၥည္းအ၀င္အထြက္ အျမတ္အစြန္း ေငြေၾကးဇယားေတြသူနားလည္အေတြ႕အၾကဳံရသြားတာေတာ့ အျမတ္ေပါ့
အဲဒါနဲ႔ သူနယ္ျပန္ ရွိသမၽွေရာင္းခ်ေပါင္ႏွံၿပီး သူအေတြ႕အၾကဳံနဲ႔ အင္းေလး(ေညာင္ေရြ)မွာ Mini Martေလး စဖြင့္တယ္
၂ႏွစ္ေလာက္ ရႈံးတဲ့အခါရႈံး အရင္းျပန္ရတဲ့အခါရနဲ႔ ၃ႏွစ္ေလာက္မွာ စေရာင္းရၿပီးစျမတ္လာတယ္
အခုဆို အင္းေလးက Martအျပင္ ေတာင္ႀကီးမွာ ပင္လယ္စာထုံခ်ိဳင္းဆိုင္ သူ႔ဇာတိမွာတစ္ဆိုင္နဲ႔ေနာင္ခ်ိဳမွာ ပီဇာနဲ႔ဘာဘယ္တီးဆိုင္ေလးပါဖြင့္လာနိုင္ၿပီ
အမ်ားႀကီးမေအာင္ျမင္ခဲ့ဘူးဆိုေတာင္ အထိုက္အေလ်ာက္ေတာ့ ေအာင္ျမင္ခဲ့ၿပီဆိုရမွာေပါ့
ပုံေသကိန္းဂဏန္းနဲ႔လခစား၀န္ထမ္းဘ၀ကေန အခုကိုယ္ပိုင္လုပ္ငန္းရွင္ဘ၀မွာ တစ္လကိုပုံေသ သိန္း20 30 50ရတဲ့ လူတစ္ေယာက္ျဖစ္လာပါၿပီ
ေရာင္းအားတက္တဲ့လေတြဆိုအဲထက္ပိုရင္လည္းပိုပါလိမ့္မယ္ သူသာ one stop martမွာအခုထိလုပ္ေနေသးရင္ သူ႔လစာက3သိန္း 5သိန္းေလာက္ထိပဲရေနဦးမွာ
အခုဆို ဆိုင္ခြဲ4ဆိုင္ ဦးစီးလုပ္ေဆာင္ေနတဲ့ကိုယ္ပိုင္လုပ္ငန္းရွင္ျဖစ္ေနၿပီ အခုစတုတၳဆိုင္ ေအာင္ျမင္လာရင္ ပဥၥမေျမာက္ဆိုင္ သူထပ္ခ်ဲ႕ဦးမွာပဲ သူ႔၀င္ေငြေတြက ထပ္တိုးလာဖို႔ပဲရွိတယ္
သူ႔ကိုေတာ္ေတာ္အားက်ရတယ္ က်ေနာ္ကိုယ္တိုင္က အရင္းအႏွီးရဖို႔ စုေဆာင္းရတဲ့ ကုမၸဏီ၀န္ထမ္းဘ၀ပဲရွိေသးတာကိုး
က်ေနာ္လည္းတစ္ေန႔မွာ သမၼာအာဇီ၀ကိုယ္ပိုင္လုပ္ငန္းေတြ တည္ေထာင္ဖို႔ ရည္မွန္းခ်က္အိပ္မက္ေတြရွိတယ္
အဲေတာ့ တစ္လကို ပုံေသကိန္းဂဏန္းနဲ႔ႏွစ္မ်ားစြာ အခ်ိန္ကုန္ေနရမယ့္ ကုမၸဏီ၀န္ထမ္းဘ၀အစားေရတြက္မရတဲ့ ကိန္းဂဏန္းပိုင္ရွင္အျဖစ္ကိုပဲ ရေအာင္ ႀကိဳးစားၿပီး ေျပာင္းလဲၾကေစခ်င္တယ္
ဘယ္ကိုယ္ပိုင္လုပ္ငန္းမဆို မရွက္မေၾကာက္ပဲ စတင္လုပ္ေဆာင္ပါ တစ္လက္စထဲ 3ႏွစ္ေလာက္အထိေတာ့ အရႉံးကိုႀကိဳတြက္ၿပီးေတာင့္ခံနိုင္ဖို႔လိုတယ္ (အရန္လုပ္ငန္း အရန္ေငြ စသျဖင့္Plan Bတစ္ခါထဲစီစဥ္ထားေပါ့)
3ႏွစ္ေလာက္ဆိုရင္စထူးျခားလာပါလိမ့္မယ္ ကိုယ္လုပ္မယ့္လုပ္ငန္း အေၾကာင္းကိုလည္း ေသခ်ာနားလည္ဖို႔ေတာ့လိုမယ္
ဥပမာ ၀က္သားတုတ္ထိုး ေရာင္းမယ္ဆိုေတာင္ ၀က္သားကိုအထူအပါးညီဖို႔ အခ်ဥ္စပ္တတ္ဖို႔ ဟင္းရည္ေကာင္းဖို႔ သန႔္ရွင္းမႈရွိဖို႔ ၀န္ေဆာင္မႈေကာင္းဖို႔ စသျဖင့္ေပါ့
(တခ်ိဳ႕ကေတာ့ သိန္းရာဂဏန္းထိရတဲ့၀န္ထမ္းေတြလည္း ရွိတယ္လို႔လည္းေတြးက်မွာပါ ရွိပါတယ္…
ဒါေပမယ့္အဲေလာက္ အေနအထားရေနမွေတာ့ အရင္းအႏွီးစုၿပီး ကိုယ္ပိုင္လုပ္ငန္းရွင္ဘ၀ခံယူလို႔ရေနၿပီပဲ ဘာလို႔သူမ်ား၀န္ထမ္း ဆက္လုပ္ပီး သူမ်ားအက်ိဳးအျမတ္ကိုရွာေပးေနေတာ့မလဲ
သိန္းရာဂဏန္းမကတဲ့ကိန္းဂဏန္းေတြ ဆက္ရွာေဖြၿပီးရလာသမၽွအက်ိဴးအျမတ္အကုန္ ကိုယ္အိတ္ထဲ ကိုယ္အကုန္ထည့္လို႔ရေနၿပီပဲေနာ္ )
#ဗညာဆာန္မန္
Unicode,
လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘဝကို မက်မောအထင်ကြီး ရယူလိုကြတယ်
ယူနီဖောင်းလေးနဲ့အလုပ်သွား laptopနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အေးအေးဆေးဆေးကျော့မော့တာတော့ အမှန်ပဲပေါ့
လူမြင်လည်းတင့်တယ် ပတ်ဝန်းကျင်က ဘာအလုပ် လုပ်လဲမေးရင် Marketing/ HR/PR/Accounting စသဖြင့်
ကိုယ်တာဝန်ယူရတဲ့ ကုမ္ပဏီရဲ့ဌာနအပိုင်းတွေကို ဘိုလိုဖြေရတော့ ပတ်ဝန်းကျင်ကလည်း အထင်ကြီးတော့အဆင်လည်းပြေတာပေါ့
ဒါပေမယ့် အဲကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး နှစ်များစွာအချိန် ဉာဏ် ငွေရင်းနှီးထားရတဲ့ ဘွဲ့တစ်ခုအပြင်
သင်တန်းနဲ့အတွေ့အကြုံ များစွာရှိမှ လစာ2သိန်းလောက်ကစရတာမျိုး လစာ3သိန်း 5သိန်း 10သိန်းပေးရင်ကိုတော်တော်များတဲ့ပမာဏပဲလို့ထင်နေရပြီ
အမှန် အဲပမာဏက ဘာမှမဟုတ်ဘူး နေနိုင်စားနိုင်ရုံအဆင့်ပဲရှိတာ ကိုယ်ပိုင်လုပ်ငန်းနဲ့ကုမ္ပဏီဝန်ထမ်းက သူ့ဟာနဲ့သူအားသာချက် အားနည်းချက်ရှိတယ်
ကုမ္ပဏီဝန်ထမ်းရဲ့အားသာချက်က ပုံစံကျော့မော့တယ် လကုန်တိုင်းလစာပုံမှန်ရတယ် ဒီအလုပ်ကမထွက်မချင်း ဒီအလုပ်မှာလုပ်နေသရွေ့ ပိုက်ဆံ(လစာ)ကတော့လကုန်တိုင်းရနေဖို့သေချာတယ်
အားနည်းချက်ကတော့ ကိုယ့်ကိုကိုယ် ပိတ်ရက်ကလွဲရင်မပိုင်ဘူး အချိန်နဲ့သွား အချိန်နဲ့စားရတယ် ဖိအားများတယ် ကိုယ်မှန်တောင်မှ အထက်လူကြီးဆို သည်းခံရတယ်
ဝင်ငွေကပုံသေကိန်းဂဏန်းမို့ ဝင်ငွေထွက်ငွေသေချာ တွက်ချက်ပြီးသုံးရတယ် ကိုယ့်လစာဝင်ငွေထက် အများကြီးပိုသုံးမိရင် လလယ်လောက်ဆိုငွေပြတ်တတ်တယ် အကြွေးတင်တတ်တယ်
ကိုယ်ပိုင်လုပ်ငန်းရဲ့အားသာချက်က ကိုယ့်လုပ်ငန်းမို့ ကိုယ့်အလုပ် လုပ်ချင်တဲ့နေ့လုပ်လို့ရတယ် အလုပ်မလုပ်ချင်တဲ့နေ့ အလုပ်နားပြီး အိပ်မလားလျှောက်လည်မလား အေးဆေးပဲ
ဝင်ငွေကနည်းတဲ့လ နည်းနိုင်သလို များတဲ့လလည်းများနိုင်တယ် ပုံသေမရှိဘူး
ကိုယ်သာပိုင်ရှင်ဖြစ်တဲ့အတွက် အလုပ်ဖိအားကလွဲပြီး အထက်ဖိအားဆိုတာမရှိဘူး အားနည်းချက်ကတော့ဝင်ငွေများတဲ့လဆိုတာရှိနိုင်သလို
ရောင်းအားကျတဲ့အခါမျိုးဆို ဝင်ငွေနည်းတဲ့လလည်း ရှိနိုင်သလို အရှုံးပေါ်တဲ့လလည်းရှိနိုင်တယ်
Customer is always rightကြောင့်ကိုယ့်ကာစတန်မာက မှားနေခဲ့တောင် ကိုယ်ကသည်းခံရတာမျိူးရှိမယ်
ဝက်သားတုတ်ထိုး အချဉ်ပေါင်းတို့ဆို ကိုယ်ပိုင်လုပ်ငန်းထဲပါပေမယ့် လူအထင်သေးတာမျိုးရှိတယ်
ကျနော်ကတော့ ကုမ္ပဏီဝန်ထမ်းအလုပ်ကိုဘယ်တုန်းကမှ သဘောမကျခဲ့ဘူး အတွေ့အကြုံလိုချင်လို့သာဝင်လုပ်ခဲ့တာပဲရှိတယ်
ကိုယ့်ဘဝရဲ့အချိန်အတော်များများ နှစ်များစွာကို လစာပုံသေကိန်းဂဏန်းတစ်ခုရဲ့အောက်မှာ မမြှုပ်နှံချင်ဘူး
ကုမ္ပဏီဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းတွေကိုပဲအားပေးတယ်
ကိုယ်ပိုင်လုပ်ငန်းလို့ဆိုရာမှာ OS ဝက်သားတုတ်ထိုး အချဉ်ပေါင်း Delivery ထမင်း/ဟင်း ဘေထုတ်ရောင်း ဆူရှီအကုန်ပါဝင်တယ်
တချို့အလုပ်တွေက နာမည်ကြားလိုက်ရင်သာ လူတွေကအထင်သေး တစ်မျိုးမြင်တာ
ဥပမာ ဝက်သားတုတ်ထိုး အချဉ်ပေါင်း မုန့်ရောင်း အဲလုပ်ငန်းတွေရဲ့လည်ပတ်ငွေနဲ့ဝင်ငွေက တစ်ရက်ကို2သောင်း 3သောင်း 5သောင်းရှိတယ်
တစ်လကို6သိန်း 9သိန်း 15သိန်း ပတ်ချာလည်ပေါ့ နာမည်ကြီးရင်ကြီးသလို ကိုယ့်ဝန်ဆောင်မှုနဲ့အရည်အသွေး ကောင်းရင်ကောင်းသလို ဝင်ငွေကတက်လာမှာပဲ
အရင်းအနှီးမရှိတဲ့လူတွေအဖို့တော့ ဒီလိုပဲအောက်ခြေက စရတာပဲ ဘာမှရှက်စရာလည်းမဟုတ်သလို ဂုဏ်ဆာစရာလည်းမရှိပါဘူး
ငွေရဖို့လုပ်ကျတဲ့သမ္မာအာဇီဝချင်းအတူတူကိုးနယ်ကကျနော်သူငယ်ချင်းတစ်ယောက် ရန်ကုန်တက်လာပီးအဆောင်မှာနေတယ် one stop Martမှာဝန်ထမ်းလုပ်တယ်
ဘာမှမစုမိတဲ့အပြင် အကြွေးတင်လာတာပဲ အဖက်တင်တယ်
ဒါပေမယ့် Martတစ်ခုရဲ့ ဈေးအရောင်းအဝယ် အပြင်အဆင် ကုန်ပစ္စည်းအဝင်အထွက် အမြတ်အစွန်း ငွေကြေးဇယားတွေသူနားလည်အတွေ့အကြုံရသွားတာတော့ အမြတ်ပေါ့
အဲဒါနဲ့ သူနယ်ပြန် ရှိသမျှရောင်းချပေါင်နှံပြီး သူအတွေ့အကြုံနဲ့ အင်းလေး(ညောင်ရွေ)မှာ Mini Martလေး စဖွင့်တယ်
၂နှစ်လောက် ရှုံးတဲ့အခါရှုံး အရင်းပြန်ရတဲ့အခါရနဲ့ ၃နှစ်လောက်မှာ စရောင်းရပြီးစမြတ်လာတယ်
အခုဆို အင်းလေးက Martအပြင် တောင်ကြီးမှာ ပင်လယ်စာထုံချိုင်းဆိုင် သူ့ဇာတိမှာတစ်ဆိုင်နဲ့နောင်ချိုမှာ ပီဇာနဲ့ဘာဘယ်တီးဆိုင်လေးပါဖွင့်လာနိုင်ပြီ
အများကြီးမအောင်မြင်ခဲ့ဘူးဆိုတောင် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပြီဆိုရမှာပေါ့
ပုံသေကိန်းဂဏန်းနဲ့လခစားဝန်ထမ်းဘဝကနေ အခုကိုယ်ပိုင်လုပ်ငန်းရှင်ဘဝမှာ တစ်လကိုပုံသေ သိန်း20 30 50ရတဲ့ လူတစ်ယောက်ဖြစ်လာပါပြီ
ရောင်းအားတက်တဲ့လတွေဆိုအဲထက်ပိုရင်လည်းပိုပါလိမ့်မယ် သူသာ one stop martမှာအခုထိလုပ်နေသေးရင် သူ့လစာက3သိန်း 5သိန်းလောက်ထိပဲရနေဦးမှာ
အခုဆို ဆိုင်ခွဲ4ဆိုင် ဦးစီးလုပ်ဆောင်နေတဲ့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်နေပြီ အခုစတုတ္ထဆိုင် အောင်မြင်လာရင် ပဉ္စမမြောက်ဆိုင် သူထပ်ချဲ့ဦးမှာပဲ သူ့ဝင်ငွေတွေက ထပ်တိုးလာဖို့ပဲရှိတယ်
သူ့ကိုတော်တော်အားကျရတယ် ကျနော်ကိုယ်တိုင်က အရင်းအနှီးရဖို့ စုဆောင်းရတဲ့ ကုမ္ပဏီဝန်ထမ်းဘဝပဲရှိသေးတာကိုး
ကျနော်လည်းတစ်နေ့မှာ သမ္မာအာဇီဝကိုယ်ပိုင်လုပ်ငန်းတွေ တည်ထောင်ဖို့ ရည်မှန်းချက်အိပ်မက်တွေရှိတယ်
အဲတော့ တစ်လကို ပုံသေကိန်းဂဏန်းနဲ့နှစ်များစွာ အချိန်ကုန်နေရမယ့် ကုမ္ပဏီဝန်ထမ်းဘဝအစားရေတွက်မရတဲ့ ကိန်းဂဏန်းပိုင်ရှင်အဖြစ်ကိုပဲ ရအောင် ကြိုးစားပြီး ပြောင်းလဲကြစေချင်တယ်
ဘယ်ကိုယ်ပိုင်လုပ်ငန်းမဆို မရှက်မကြောက်ပဲ စတင်လုပ်ဆောင်ပါ တစ်လက်စထဲ 3နှစ်လောက်အထိတော့ အရှူံးကိုကြိုတွက်ပြီးတောင့်ခံနိုင်ဖို့လိုတယ် (အရန်လုပ်ငန်း အရန်ငွေ စသဖြင့်Plan Bတစ်ခါထဲစီစဉ်ထားပေါ့)
3နှစ်လောက်ဆိုရင်စထူးခြားလာပါလိမ့်မယ် ကိုယ်လုပ်မယ့်လုပ်ငန်း အကြောင်းကိုလည်း သေချာနားလည်ဖို့တော့လိုမယ်
ဥပမာ ဝက်သားတုတ်ထိုး ရောင်းမယ်ဆိုတောင် ဝက်သားကိုအထူအပါးညီဖို့ အချဉ်စပ်တတ်ဖို့ ဟင်းရည်ကောင်းဖို့ သန့်ရှင်းမှုရှိဖို့ ဝန်ဆောင်မှုကောင်းဖို့ စသဖြင့်ပေါ့
(တချို့ကတော့ သိန်းရာဂဏန်းထိရတဲ့ဝန်ထမ်းတွေလည်း ရှိတယ်လို့လည်းတွေးကျမှာပါ ရှိပါတယ်…
ဒါပေမယ့်အဲလောက် အနေအထားရနေမှတော့ အရင်းအနှီးစုပြီး ကိုယ်ပိုင်လုပ်ငန်းရှင်ဘဝခံယူလို့ရနေပြီပဲ ဘာလို့သူများဝန်ထမ်း ဆက်လုပ်ပီး သူများအကျိုးအမြတ်ကိုရှာပေးနေတော့မလဲ
သိန်းရာဂဏန်းမကတဲ့ကိန်းဂဏန်းတွေ ဆက်ရှာဖွေပြီးရလာသမျှအကျိူးအမြတ်အကုန် ကိုယ်အိတ်ထဲ ကိုယ်အကုန်ထည့်လို့ရနေပြီပဲနော် )
#ဗညာဆာန်မန်
Unicode,