ၾကားသိရသမွ်

တရားရင္ဆိုင္ေနရတဲ့သံသယရွိသူအမ်ိဳးသမီးတစ္ဦးရဲ႕ကေလးငယ္အား ဂ႐ုဏာႀကီးစြာ ႏို႔တိုက္ေကြၽးေပးေနခဲ့တဲ့ ရဲေမတစ္ဦး

တရားရင်ဆိုင်နေရတဲ့သံသယရှိသူအမျိုးသမီးတစ်ဦးရဲ့ကလေးငယ်အား ဂရုဏာကြီးစွာ နို့တိုက်ကျွေးပေးနေခဲ့တဲ့ ရဲမေတစ်ဦး

တရုတ်န်ိုင်ငံရှိ တရားရင်ဆိုင်နေရတဲ့ Hao Lina အမည်ရှိသံသယရှိအမျိုးသမီးတစ်ဦးရဲ့ကလေးငယ်ကို နို့တိုက်ကျွေးပေးနေခဲ့တဲ့ Ms. Hao အမည်ရှိရဲမေတစ်ဦးရဲ့ဓာတ်ပုံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီးနောက် netizen များ အကြား ဆွေးနွေးမှုတစ်ခုကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။

ကလေးမွေးပြီးခါစ မိခင်အသစ်တစ်ဦးဖြစ်တဲ့ ရဲမေ Ms. Hao ဟာ အဆိုပါကလေးငယ်ရဲ့မိခင်ဖြစ်သူက တရားခွင်သို့ တက်ရောက်နေစဉ် ဆာလောင်မှုကြောင့် အော်ငိုနေတဲ့အဆိုပါကလေးငယ်ကို သူမ မကြည့်ရက်နိုင်တာကြောင့် ရဲမေ Ms. Hao ဟာ ဗိုက်ဆာနေတဲ့ကလေးကို နို့တိုက်ကျွေးပေးဖို့ ကလေးငယ်ရဲ့အမေဆီကနေ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ အမေဖြစ်သူရဲ့ခွင့်ပြုချက်ကိုရပြီးတဲ့နောက်မှာ Ms. Hao ဟာ ကလေးကို နို့တိုက်ကျွေးရန် တရားခွင်ရှိ တိတ်ဆိတ်တဲ့ထောင့်တစ်နေရာသို့ ဦးတည်သွားလိုက်ပါတော့တယ်။“ ကျွန်မက မိခင်အသစ်တစ်ယောက်ပါ၊

အဲ့ချိန်က ကလေးရဲ့အမေဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ၊ ကျွန်မအကောင်းဆုံးကြိုးစားပြီး အဲ့ကလေးလေးကို နှစ်သိမ့်ပေးဖို့လုပ်ခဲ့ရတယ် ” ဟု Ms. Hao က ပြောကြားခဲ့ပါတယ်။ တရားရုံးရဲ့အဆိုအရ အဆိုပါကလေးငယ်ရဲ့မိခင်ဟာ ရာဇ၀တ်မှု ၃ မှုဖြစ်တဲ့ လိမ်လည်ကာ ရန်ပုံငွေရှာဖွေခြင်း၊ ငွေကြေးအလွဲသုံးစားလုပ်ခြင်းနှင့် အခြားလူ ၃၃ ဦးနှင့်အတူ ၎င်းကိစ္စကိုဖုံးကွယ်ထားခဲ့ခြင်း တို့ဖြင့် တရားစွဲဆိုခံထားရပါတယ်။ တရားရင်ဆိုင်မှုအပြီးမှာ Ms.Hao ရဲ့လုပ်ရပ်က အမေဖြစ်သူရဲ့နှလုံးသားကိုထိမိသွားစေခဲ့ပြီး သူမအား မျက်ရည်ကျစေခဲ့ပါတယ်။

“ အခြားရဲမေတွေလည်း အကယ်လို့ ကျွန်မလိုအခြေအနေမျိုးမှာရှိနေခဲ့ရင် ဒီလိုပဲလုပ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ် ၊ ကျွန်မသာ ကလေးအမေနေရာမှာ ဖြစ်ခဲ့ရင်လည်း ကျွန်မရဲ့ကလေးကို ကူညီဖို့ လူတစ်ယောက်ယောက်ကို မျှော်လင့်နေခဲ့မိမှာဘဲ ” ဟု Ms.Hao က နှိမ့်ချစွာ ပြန်လည်ပြောကြားခဲ့ပါသေးတယ်။ Ms.Hao ဟာ သူမရဲ့သနားကြင်နာမှု နှင့် ကရုဏာစိတ်တို့ကြောင့် netizen များစွာရဲ့ချီးမွမ်းခြင်းကို များစွာလက်ခံရရှိခဲ့ရပါတယ်။ အပြစ်ကင်းစင်တဲ့ကလေးလေးအပေါ် သူမလုပ်ခဲ့တာတွေအတွက် Ms.Hao က ချီးမွမ်းခံထိုက်တယ်လို့ ကျွန်တော်တို့လည်း ထင်မြင်မိပါတယ်။ စာဖတ်သူတို့ကော Ms. Hao ရဲ့လုပ်ရပ်အပေါ် ဘယ်လိုထင်မြင်မိပါသလဲဗျာ။

Zawgyi

တရားရင္ဆိုင္ေနရတဲ့သံသယရွိသူအမ်ိဳးသမီးတစ္ဦးရဲ႕ကေလးငယ္အား ဂ႐ုဏာႀကီးစြာ ႏို႔တိုက္ေကြၽးေပးေနခဲ့တဲ့ ရဲေမတစ္ဦး

တ႐ုတ္န္ိုင္ငံရွိ တရားရင္ဆိုင္ေနရတဲ့ Hao Lina အမည္ရွိသံသယရွိအမ်ိဳးသမီးတစ္ဦးရဲ႕ကေလးငယ္ကို ႏို႔တိုက္ေကြၽးေပးေနခဲ့တဲ့ Ms. Hao အမည္ရွိရဲေမတစ္ဦးရဲ႕ဓာတ္ပုံဟာ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ netizen မ်ား အၾကား ေဆြးေႏြးမႈတစ္ခုကိုျဖစ္ေပၚလာေစခဲ့ပါတယ္။

ကေလးေမြးၿပီးခါစ မိခင္အသစ္တစ္ဦးျဖစ္တဲ့ ရဲေမ Ms. Hao ဟာ အဆိုပါကေလးငယ္ရဲ႕မိခင္ျဖစ္သူက တရားခြင္သို႔ တက္ေရာက္ေနစဥ္ ဆာေလာင္မႈေၾကာင့္ ေအာ္ငိုေနတဲ့အဆိုပါကေလးငယ္ကို သူမ မၾကည့္ရက္ႏိုင္တာေၾကာင့္ ရဲေမ Ms. Hao ဟာ ဗိုက္ဆာေနတဲ့ကေလးကို ႏို႔တိုက္ေကြၽးေပးဖို႔ ကေလးငယ္ရဲ႕အေမဆီကေန ခြင့္ျပဳခ်က္ေတာင္းခံခဲ့ပါတယ္။ အေမျဖစ္သူရဲ႕ခြင့္ျပဳခ်က္ကိုရၿပီးတဲ့ေနာက္မွာ Ms. Hao ဟာ ကေလးကို ႏို႔တိုက္ေကြၽးရန္ တရားခြင္ရွိ တိတ္ဆိတ္တဲ့ေထာင့္တစ္ေနရာသို႔ ဦးတည္သြားလိုက္ပါေတာ့တယ္။“ ကြၽန္မက မိခင္အသစ္တစ္ေယာက္ပါ၊

အဲ့ခ်ိန္က ကေလးရဲ႕အေမဘယ္ေလာက္ေတာင္ စိတ္ပူေနလိုက္မလဲ၊ ကြၽန္မအေကာင္းဆုံးႀကိဳးစားၿပီး အဲ့ကေလးေလးကို ႏွစ္သိမ့္ေပးဖို႔လုပ္ခဲ့ရတယ္ ” ဟု Ms. Hao က ေျပာၾကားခဲ့ပါတယ္။ တရား႐ုံးရဲ႕အဆိုအရ အဆိုပါကေလးငယ္ရဲ႕မိခင္ဟာ ရာဇ၀တ္မႈ ၃ မႈျဖစ္တဲ့ လိမ္လည္ကာ ရန္ပုံေငြရွာေဖြျခင္း၊ ေငြေၾကးအလြဲသုံးစားလုပ္ျခင္းႏွင့္ အျခားလူ ၃၃ ဦးႏွင့္အတူ ၎ကိစၥကိုဖုံးကြယ္ထားခဲ့ျခင္း တို႔ျဖင့္ တရားစြဲဆိုခံထားရပါတယ္။ တရားရင္ဆိုင္မႈအၿပီးမွာ Ms.Hao ရဲ႕လုပ္ရပ္က အေမျဖစ္သူရဲ႕ႏွလုံးသားကိုထိမိသြားေစခဲ့ၿပီး သူမအား မ်က္ရည္က်ေစခဲ့ပါတယ္။

“ အျခားရဲေမေတြလည္း အကယ္လို႔ ကြၽန္မလိုအေျခအေနမ်ိဳးမွာရွိေနခဲ့ရင္ ဒီလိုပဲလုပ္လိမ့္မယ္လို႔ ကြၽန္မ ယုံၾကည္တယ္ ၊ ကြၽန္မသာ ကေလးအေမေနရာမွာ ျဖစ္ခဲ့ရင္လည္း ကြၽန္မရဲ႕ကေလးကို ကူညီဖို႔ လူတစ္ေယာက္ေယာက္ကို ေမွ်ာ္လင့္ေနခဲ့မိမွာဘဲ ” ဟု Ms.Hao က ႏွိမ့္ခ်စြာ ျပန္လည္ေျပာၾကားခဲ့ပါေသးတယ္။ Ms.Hao ဟာ သူမရဲ႕သနားၾကင္နာမႈ ႏွင့္ က႐ုဏာစိတ္တို႔ေၾကာင့္ netizen မ်ားစြာရဲ႕ခ်ီးမြမ္းျခင္းကို မ်ားစြာလက္ခံရရွိခဲ့ရပါတယ္။ အျပစ္ကင္းစင္တဲ့ကေလးေလးအေပၚ သူမလုပ္ခဲ့တာေတြအတြက္ Ms.Hao က ခ်ီးမြမ္းခံထိုက္တယ္လို႔ ကြၽန္ေတာ္တို႔လည္း ထင္ျမင္မိပါတယ္။ စာဖတ္သူတို႔ေကာ Ms. Hao ရဲ႕လုပ္ရပ္အေပၚ ဘယ္လိုထင္ျမင္မိပါသလဲဗ်ာ။