နိမိတ်ဟူသည် ဘယ်တော့မှ မမှားနိုင်ပါ၊ ကောက်ယူပုံလွဲ၍သာ မှားချင် မှားပါလိမ့်မည်
နိမိတ်ဟူသည် ကောင်းမည်၊ ဆိုးမည်၊ ဖြစ်မည်၊ ပျက်မည် စသည်တို့ကို ကြိုတင်သိစေနိုင်သော အကြောင်းအမှတ်၊ လက္ခဏာဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။
ဆရာကြီး ဟံသာဝတီဦးဘရင်က နိမိတ္တ ဟူသော ပါဠိဘာသာမှ ဆင်းသက်လာပြီး ဖြစ်လတ္တံ့သော အနာဂတ်အရေး၏ အကြောင်းကို အရိပ်လက္ခဏာ တင်ကြို ပြနှင့်ခြင်း ဟူ၍ ဖော်ပြသည်။ “ဖြစ်မယ် ဆိုရင်လည်း နိမိတ်က အရင်လာတယ်၊ ပျက်မယ်ဆိုရင်လည်း နိမိတ်က အရင်လာတယ်” လို့ ဆိုသည်။
ဖြစ်မယ့်ပျက်မယ့် ကိစ္စတွေအားလုံးသည် နိမိတ်တစ်ခု၊ (တစ်ခါတစ်လေ တစ်ခုထက်ပိုပြီး) နိမိတ်ပြတတ်ပါသည်။ ရှေ့ပြေး ပုဗ္ဗနိမိတ် လာပြီးမှ အဖြစ်အပျက်တွေ ဖြစ်လာတာဘဲ ဖြစ်ပါသည်။
ဘုရားပွင့်တော့မယ်ဆိုလျှင် ပုဗ္ဗနိမိတ်များ ပေါ်ပေါက်လာသည်။ မယ်တော်မာယာ၏ ဝမ်းကြာတိုက်ကို ဘုရားလောင်း ဝင်စားတော့မယ်ဆိုလျှင်လည်း.. ငလျင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ပန်းနံ့သာမိုးများရွာသွန်းခြင်း၊ အလုံးစုံသော တူရိယာ တို့သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း၊ အချိန်အခါ မဟုတ်ဘဲ သစ်ပင်ပန်းမန် အားလုံး ဖူးပွင့်လာခြင်း၊ ငရဲမီးများ ခေတ္တငြိမ်းသက်သွားခြင်း စသည့် (၃၂) ပါးသော ပုဗ္ဗနိမိတ်တွေပြပြီးမှ ဝင်စားပါသည်။ ဘုရားသခင်ဖွားတော်မူမည့် နိမိတ်၊ ဘုရားလောင်း တောထွက်တော့မည့် “သူအိုသူနာ သူသေရဟန်း” ဆိုသော နိမိတ်ကြီး (၄)ပါး၊ ဘုရားပွင့်တော့မည့် နိမိတ်၊ ဘုရားပရိနိဗ္ဗာန်စံတော့မည့် နိမိတ် စသဖြင့် နိမိတ်တွေ ရှိကြသည်။
လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့သော အင်္ဂုလိမာလ လူဆိုးကြီး မွေးဖွားသည့်အချိန်တွင် တစ်တိုင်းပြည်လုံးရှိ ဓား၊ လှံ၊ လက်နက်တွေနှင့် ကောသလမင်းကြီး၏ နန်းတော်ထဲရှိ ဓားလှံလက်နက်များသည် အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံ မည်လာသည်ဟု ဆိုပါသည်။ မှန်နန်းရာဇဝင်တော်ကြီးကို ဖတ်ကြည့်လျှင် မင်းလောင်းပေါ်မယ့် နိမိတ်၊ ရှင်ဘုရင်များ နန်းကျမည့်နိမိတ်၊ ကံတော် ကုန်မည့် နိမိတ်၊ စစ်အောင်နိုင်မည့် နိမိတ်၊ စစ်ရှုံးမယ့် နိမိတ်တွေကို တွေ့ရပါသည်။
နိမိတ်သည် ဘယ်တော့မှ မမှားနိုင်ပါ။ ကောက်ယူပုံလွဲ၍သာ မှားချင်မှားပါလိမ့်မည်။ (ဘိုးတော်ဘုရားလက်ထက် အယူတော်မင်္ဂလာ ဦးနိုးသည် ရှင်ဘုရင်အပါး တွင် ခစားနေကြသော ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ဟူးရား၊ ပုရောဟိတ်များ၏ နေလနက္ခတ်များနှင့် တွက်ချက်ဟောပြောသော ပညာများကို အံတုပြီး ဘာတွက်ကိန်းမှ မပါသည့် အတိတ်နိမိတ်ဆိုသော ပညာနှင့် ဒက်ထိဟောပြောပြီး ကျော်ကြားခဲ့ သူတစ်ဦး ဖြစ်ပေသည်။)
ကိုးကား – ဦးအေးချို (မဟာဝိဇ္ဇာ) ၏ မြန်မာ့စကား
နိမိတ္ဟူသည္ ဘယ္ေတာ့မွ မမွားနိုင္ပါ၊ ေကာက္ယူပုံလြဲ၍သာ မွားခ်င္ မွားပါလိမ့္မည္
နိမိတ္ဟူသည္ ေကာင္းမည္၊ ဆိုးမည္၊ ျဖစ္မည္၊ ပ်က္မည္ စသည္တို႔ကို ႀကိဳတင္သိေစနိုင္ေသာ အေၾကာင္းအမွတ္၊ လကၡဏာဟူ၍ ျမန္မာအဘိဓာန္ အက်ဥ္းခ်ဳပ္တြင္ အဓိပၸါယ္ဖြင့္ဆိုပါသည္။
ဆရာႀကီး ဟံသာဝတီဦးဘရင္က နိမိတၱ ဟူေသာ ပါဠိဘာသာမွ ဆင္းသက္လာၿပီး ျဖစ္လတၱံ့ေသာ အနာဂတ္အေရး၏ အေၾကာင္းကို အရိပ္လကၡဏာ တင္ႀကိဳ ျပႏွင့္ျခင္း ဟူ၍ ေဖာ္ျပသည္။ “ျဖစ္မယ္ ဆိုရင္လည္း နိမိတ္က အရင္လာတယ္၊ ပ်က္မယ္ဆိုရင္လည္း နိမိတ္က အရင္လာတယ္” လို႔ ဆိုသည္။
ျဖစ္မယ့္ပ်က္မယ့္ ကိစၥေတြအားလုံးသည္ နိမိတ္တစ္ခု၊ (တစ္ခါတစ္ေလ တစ္ခုထက္ပိုၿပီး) နိမိတ္ျပတတ္ပါသည္။ ေရွ႕ေျပး ပုဗၺနိမိတ္ လာၿပီးမွ အျဖစ္အပ်က္ေတြ ျဖစ္လာတာဘဲ ျဖစ္ပါသည္။
ဘုရားပြင့္ေတာ့မယ္ဆိုလၽွင္ ပုဗၺနိမိတ္မ်ား ေပၚေပါက္လာသည္။ မယ္ေတာ္မာယာ၏ ဝမ္းၾကာတိုက္ကို ဘုရားေလာင္း ဝင္စားေတာ့မယ္ဆိုလၽွင္လည္း.. ငလ်င္လႈပ္ျခင္း၊ ေတာ္လဲျခင္း၊ ပန္းနံ့သာမိုးမ်ားရြာသြန္းျခင္း၊ အလုံးစုံေသာ တူရိယာ တို႔သည္ မတီးမမႈတ္ဘဲ အလိုလို ျမည္ျခင္း၊ အခ်ိန္အခါ မဟုတ္ဘဲ သစ္ပင္ပန္းမန္ အားလုံး ဖူးပြင့္လာျခင္း၊ ငရဲမီးမ်ား ေခတၱၿငိမ္းသက္သြားျခင္း စသည့္ (၃၂) ပါးေသာ ပုဗၺနိမိတ္ေတြျပၿပီးမွ ဝင္စားပါသည္။ ဘုရားသခင္ဖြားေတာ္မူမည့္ နိမိတ္၊ ဘုရားေလာင္း ေတာထြက္ေတာ့မည့္ “သူအိုသူနာ သူေသရဟန္း” ဆိုေသာ နိမိတ္ႀကီး (၄)ပါး၊ ဘုရားပြင့္ေတာ့မည့္ နိမိတ္၊ ဘုရားပရိနိဗၺာန္စံေတာ့မည့္ နိမိတ္ စသျဖင့္ နိမိတ္ေတြ ရွိၾကသည္။
လက္ညႇိုးေပါင္းတစ္ေထာင္ျဖတ္ခဲ့ေသာ အဂၤဳလိမာလ လူဆိုးႀကီး ေမြးဖြားသည့္အခ်ိန္တြင္ တစ္တိုင္းျပည္လုံးရွိ ဓား၊ လွံ၊ လက္နက္ေတြႏွင့္ ေကာသလမင္းႀကီး၏ နန္းေတာ္ထဲရွိ ဓားလွံလက္နက္မ်ားသည္ အေရာင္တဝင္းဝင္း ေတာက္ၿပီး၊ အသံမ်ိဳးစုံ မည္လာသည္ဟု ဆိုပါသည္။ မွန္နန္းရာဇဝင္ေတာ္ႀကီးကို ဖတ္ၾကည့္လၽွင္ မင္းေလာင္းေပၚမယ့္ နိမိတ္၊ ရွင္ဘုရင္မ်ား နန္းက်မည့္နိမိတ္၊ ကံေတာ္ ကုန္မည့္ နိမိတ္၊ စစ္ေအာင္နိုင္မည့္ နိမိတ္၊ စစ္ရႈံးမယ့္ နိမိတ္ေတြကို ေတြ႕ရပါသည္။
နိမိတ္သည္ ဘယ္ေတာ့မွ မမွားနိုင္ပါ။ ေကာက္ယူပုံလြဲ၍သာ မွားခ်င္မွားပါလိမ့္မည္။ (ဘိုးေတာ္ဘုရားလက္ထက္ အယူေတာ္မဂၤလာ ဦးနိုးသည္ ရွင္ဘုရင္အပါး တြင္ ခစားေနၾကေသာ ပုဏၰားျဖဴ၊ ပုဏၰားညိဳ၊ ဟူးရား၊ ပုေရာဟိတ္မ်ား၏ ေနလနကၡတ္မ်ားႏွင့္ တြက္ခ်က္ေဟာေျပာေသာ ပညာမ်ားကို အံတုၿပီး ဘာတြက္ကိန္းမွ မပါသည့္ အတိတ္နိမိတ္ဆိုေသာ ပညာႏွင့္ ဒက္ထိေဟာေျပာၿပီး ေက်ာ္ၾကားခဲ့ သူတစ္ဦး ျဖစ္ေပသည္။)
ကိုးကား – ဦးေအးခ်ိဳ (မဟာဝိဇၨာ) ၏ ျမန္မာ့စကား