Jan 29
မင်းတပ်-မတူပီလမ်း မိုင်၇၀ ဝန်းကျင်တွင် မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပြီး CDF-Matupi တပ်ရင်း(၁) မှ Salai Tung Mang နှင့် Salai Lian Aung တို့ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြောင်းသိရပါသည်။

ကျဆုံးသွားတဲ့ ရဲဘော် Salai Tung Mang ရဲ့ကောင်မလေးရေးထားတဲ့ စာပြန်လည်မျှဝေပေးလိုက်ပါတယ်


တကရ်ကြီးထားခဲ့တော့မှာလားဟန်နီ့ကို💔ဒီလိုထားခဲ့ဖို့အရေးကိုဟန်နီ့ဘဝထဲဝင်လာခဲ့တရ်

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…

W3Schools
သုံးနှစ်ကျော်တောင်အနားမှာနေလာခဲ့ပီးမှဒီတိုင်းကြီးထားခဲ့တော့မှာလား💔ပြောတော့တစ်ဘဝလုံးစာချစ်ပီး သေကွဲဖြစ်”ရှင်ကွဲဖြစ်”လုံးဝမထားခဲ့ပူးနော်တဲ့😰


ခုလိုထွက်သွားရမရ်ကြိုသိနေခဲ့လို့သေချာနှုတ်ဆက်သွားတာလား(ကိုနောက်ဆိုဟန်နီ့ကိုအရမ်းခေါ်ချင်ရင်တောင်ခေါ်လို့ရတော့မှာမဟုတ်ပူးတဲ့😭)


တစ်နေ့ကပဲ Acc pwsတွေပေးလာပြီးကိုမရှိတဲ့အချိန်ကို့accထဲဝင်ပီးမွှေလို့ရတရ်နော်တဲ့ ခုကျဟန်နီကကို့accထဲဝင်ပီးဘာလုပ်ပေးရမာတုန်းကွာ💔

ဒီစစ်ကြောင်းပီးရင်းအနူးနဲ့အပါးဆီသွားပီးစေ့စပ်ရအောင်လေနော်တဲ့😰💔
ငါသေသွားရင်နင့်ကိုဘယ်သူကလက်ထပ်မာလဲတဲ့ အဲ့ကြောင့်ကိုကမသေပဲဟန်နီ့ကိုလက်ထပ်မရ်လေနော်တဲ့💔

ကို့ကိုမျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ဟန်နီ့ဘဝကြီးကလည်းကွာ💔
တော်လှန်ရေးကိုအတူလုပ်လာပီးမှ လမ်းတဝက်ကြီးမှာကိုမို့လို့ဟန်နီ့ကိုထားသွားရက်တရ်ကွယ်💔
မဖြစ်နိုင်မှန်းသိနေပေမဲ့လည်း သတင်းအမှားပါနော်လို့ပြန်ကြားရမလားဆိုပြီးအရူးလိုမျှော်လင့်နေမိဆဲပါပဲ💔

ကိုကတော့အေးဆေးထွက်သွားလေပြီ
ထွက်သွားတဲ့သူထက်ကျန်ခဲ့တဲ့လူကပိုနာကျင်ရတရ်ဆိုတဲ့စကားကိုခနခနပြောထွက်နေတဲ့ကိုက ဟန်နီနာကျင်မှာကိုတော့လုပ်ရက်တရ်💔
Crd



