ပိုက်ဆံရှာရာတွင်….ရေ အတိမ်အနက်ကို ခြေ(၂)ချောင်းလုံးချပြီး မစမ်းပါနဲ့
ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ
လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်
ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ
ပိုက်ဆံသုံးရာတွင်
သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်
တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ
သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်
ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်
မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်
ပိုက်ဆံစုရာတွင်
သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ
သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ
စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ
သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကိုမြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်
စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်
စွန့်စားရာတွင်
ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့
မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်
အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့
ရင်းနီးရာတွင်
ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲစုပြုံမထည့်ထားပါနဲ့
အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်
အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်
မျှော်လင့်ရာတွင်
ရိုးသားခြင်းဆိုတာ ရှားပါးဈေးကြီးတဲ့လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့
သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ
ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကိုလူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့
Credit
Unicode Version
ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ
လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်
ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ
ပိုက်ဆံသုံးရာတွင်
သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်
တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ
သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်
ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်
မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်
ပိုက်ဆံစုရာတွင်
သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ
သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ
စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ
သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကိုမြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်
အဲ့ဒိအတွက် သင့်မှာပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်
စွန့်စားရာတွင်
ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့
မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်
အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့
ရင်းနီးရာတွင်
ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲစုပြုံမထည့်ထားပါနဲ့
အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်
အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်
မျှော်လင့်ရာတွင်
ရိုးသားခြင်းဆိုတာ ရှားပါးစျေးကြီးတဲ့လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့