ၾကားသိရသမွ်

ကြံ့ခိုင်ရေးပါတီဝင်များ ကို စစ်ကိုင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ကြေညာ

ကြံ့ခိုင်ရေးပါတီဝင်များ တိုက်ပွဲဝင်စစ်ဝတ်စုံဝတ်ဆင်၍ ပြည်သူ့နေအိမ်များကို ဖျက်ဆီးပြီး စစ်ပွဲပါဝင်လာ၍ ပစ်မှတ်ထားတိုက်ခိုက်မည်ဟု စစ်ကိုင်းPDF ကြေညာ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်များက အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ပွဲဝင် စစ်ဝတ်စုံဝတ်ဆင်၍ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးပြီး စစ်ပွဲတွင် ပါဝင်လာ၍ ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်း စစ်ကိုင်းPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာသည်။

ဇွန်လ ၁၂ ရက်နေ့ တောင်တွင်းဒေသ ယင်းမာ၊ တောင်စာရေး၊ ကြာပင်၊ ပိက္ခရား၊ မြေနီရွာများရှိ NLD လွှတ်တော်ကိုယ်စားလှယ်နှင့်ပါတီဝင်များ၊

အားပေးထောက်ခံသူအိမ်များနှင့်နေအိမ်များကိုလူသတ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များက ဖျက်ဆီးရာတွင် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြသော တောင်စာရေးရွာမှဝင်းအောင်၊

ဆန်းမောင်နှင့် မိုင်တစ်ရာရွာမှကျော်မင်းဦးတို့သည် တိုက်ပွဲဝင် စစ်ဝတ်စုံများဝတ်ဆင်လျက်ပါဝင်ခဲ့သည်ကိုတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လူသတ်အကြမ်းဖက်စစ် ကောင်စီ၏အကြမ်းဖက်လုပ်ငန်းများတွင် ကြံ့ခိုင်ရေးပါတီဝင်များက တိုက်ပွဲဝင်စစ်ဝတ်စုံများဖြင့် ပြောင်ကျကျပေါ်ပေါ်ထင်ထင်ပါဝင်လာပြီဖြစ်၍

 

နိုင်ငံတကာစံသတ်မှတ်ချက်များအရ ကြံ့ခိုင်ရေးပါတီအားအကြမ်းဖက်အုပ်စုဝင်အဖြစ် မိမိတို့တပ်ဖွဲ့မှသတ်မှတ်လိုက်ကြောင်း၊ မင်းကင်းတွင် လူသတ်အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအပြင် မင်းကင်းမြို့နယ်အတွင်း အမာခံကြံ့ခိုင်ရေးပါတီဝင်များအား ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ပြီး

သာမန်ပါတီဝင်များ၏အသက်အန္တရာယ်ကိုလည်း အာမမခံနိုင်ကြောင်း စစ်ကိုင်း PDF ၏ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

————————

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္တြင္ ႀကံ့ခိုင္ေရးပါတီဝင္မ်ားက အၾကမ္းဖက္စစ္ေကာင္စီ၏ တိုက္ပြဲဝင္ စစ္ဝတ္စုံဝတ္ဆင္၍ ျပည္သူမ်ား၏ ေနအိမ္မ်ားကို ဖ်က္ဆီးၿပီး စစ္ပြဲတြင္ ပါဝင္လာ၍ ပစ္မွတ္ထားတိုက္ခိုက္မည္ျဖစ္ေၾကာင္း စစ္ကိုင္းPDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က တရားဝင္ ထုတ္ျပန္ေၾကညာသည္။

ဇြန္လ ၁၂ ရက္ေန႔ ေတာင္တြင္းေဒသ ယင္းမာ၊ ေတာင္စာေရး၊ ၾကာပင္၊ ပိကၡရား၊ ေျမနီ႐ြာမ်ားရွိ NLD လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ပါတီဝင္မ်ား၊

အားေပးေထာက္ခံသူအိမ္မ်ားႏွင့္ေနအိမ္မ်ားကိုလူသတ္ အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕ဝင္မ်ားက ဖ်က္ဆီးရာတြင္ ႀကံ့ခိုင္ေရးပါတီဝင္မ်ားျဖစ္ၾကေသာ ေတာင္စာေရး႐ြာမွဝင္းေအာင္၊

ဆန္းေမာင္ႏွင့္ မိုင္တစ္ရာ႐ြာမွေက်ာ္မင္းဦးတို႔သည္ တိုက္ပြဲဝင္ စစ္ဝတ္စုံမ်ားဝတ္ဆင္လ်က္ပါဝင္ခဲ့သည္ကိုေတြ႕ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ လူသတ္အၾကမ္းဖက္စစ္ ေကာင္စီ၏အၾကမ္းဖက္လုပ္ငန္းမ်ားတြင္ ႀကံ့ခိုင္ေရးပါတီဝင္မ်ားက တိုက္ပြဲဝင္စစ္ဝတ္စုံမ်ားျဖင့္ ေျပာင္က်က်ေပၚေပၚထင္ထင္ပါဝင္လာၿပီျဖစ္၍

ႏိုင္ငံတကာစံသတ္မွတ္ခ်က္မ်ားအရ ႀကံ့ခိုင္ေရးပါတီအားအၾကမ္းဖက္အုပ္စုဝင္အျဖစ္ မိမိတို႔တပ္ဖြဲ႕မွသတ္မွတ္လိုက္ေၾကာင္း၊ မင္းကင္းတြင္ လူသတ္အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕ဝင္မ်ားအျပင္ မင္းကင္းၿမိဳ႕နယ္အတြင္း အမာခံႀကံ့ခိုင္ေရးပါတီဝင္မ်ားအား ပစ္မွတ္ထားတိုက္ခိုက္သြားမည္ျဖစ္ၿပီး

သာမန္ပါတီဝင္မ်ား၏အသက္အႏၲရာယ္ကိုလည္း အာမမခံႏိုင္ေၾကာင္း စစ္ကိုင္း PDF ၏ထုတ္ျပန္ခ်က္တြင္​ ေဖာ္ျပထားသည္။