ေတာင္ကိုရီးယားနိုင္ငံေရာက္ အသက္ ၁၃ ႏွစ္အ႐ြယ္ ကရင္တိုင္းရင္းသူအဆိုေတာ္ ေနာ္မာသာထူးဝါး (Wanyiwah ) ျမန္မာနိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္ေတြကိုေဝမွ်ဖို႔ “ ျမန္မာ့ေႏြဦး” သီခ်င္းသစ္တစ္ပုဒ္ကို သီဆို ျဖန႔္ခ်ိထားပါတယ္။ ပန္းပြင့္ေတြထဲ ေတာ္လွန္ေရးသေကၤတလက္ေခ်ာင္း ၃ ေခ်ာင္းေတြဖူးပြင့္လာမလားဆိုတဲ့ စာသားပါတဲ့ ျမန္မာ့ေႏြဦးသီခ်င္းကိုဆိုရင္း ျမန္မာနိုင္ငံက
သူငယ္ခ်င္းေတြရဲ႕လတ္တေလာ ပ.င္ပ.န္းခ.က္ခဲၿပီး ေၾကာက္စရာေကာင္းတဲ့ေႏြဦးရာသီကို ျဖတ္သန္းေနရၿပီးမၾကာခင္မွာအေၾကာ.က္တရာ.းမရွိေပ်ာ္႐ႊင္စရာေႏြဦးရာသီေရာက္လာဖို႔ေမွ်ာ္လင့္ေနပါတယ္လို႔ ေနာ္မာသာထူးဝါးက သူ႔ခံစားခ်က္ေတြ မွ်ေဝထားပါတယ္။ ေနာ္မာသာထူးဝါးရဲ႕မိဘေတြဟာ ျမန္မာနိုင္ငံမွာေနခ်ိန္တုန္းက တိုင္းရင္းသားလူနည္းစုေတြ အေပၚဖိႏွိ.ပ္ခံရတဲ့ေနရာက
ထြက္ေျပးလာၿပီးထိုင္းနိုင္ငံကဒုက.ၡသည္စခ.န္းတစ္ခုမွာအေျခခ်ခဲ့ပါတယ္။ သူ႔ရဲ႕ဖခင္ကြ.ယ္လြ.န္ သြားၿပီးေနာက္မွာေငြေၾကးခ်ိဳ႕တဲ့ႏြ.မ္းပါ.းတဲ့ ကေလး ၃ ေယာက္မိခင္ဟာေတာင္ကိုရီးယားနိုင္ငံကိုသြားဖို႔ဆုံးျဖတ္ခဲ့ၿပီးသီခ်င္းဆိုဝါသနာႀကီးလွတဲ့ေနာ္မာသာထူးဝါး အတြက္အခြင့္အေရးပိုေကာင္းဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ေနာ္မာသာထူးဝါးဟာေတာင္ကိုရီးယားနိုင္ငံရဲ႕လူႀကိဳက္မ်ားတဲ့
ေတးဂီတပြဲတခုမွာ ပါဝင္လာၿပီးေနာက္မွာတစ္နိုင္ငံလုံးကအာ႐ုံစိုက္ခံခဲ့ရပါတယ္။သူသီဆိုထားတဲ့ “အိမ္ေလးတစ္လုံးလိုခ်င္တယ္” သီခ်င္းနဲ႔ဟာလည္းယူက်ဳမွာ ေပါက္သြားခဲ့ၿပီး ျမန္မာပရိသတ္ေတြရဲ႕အားေပးမႈေတြလည္း ျမင့္တက္လာကာ ဂီတနဲ႔ေကေပါ့ပ္ဘက္မွာနာမည္ႀကီးပါတယ္။ သူ႔ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာအမ်ားဆုံးေသာပရိသတ္ေတြက ျမန္မာနိုင္ငံက ျဖစ္ၿပီးသူ႔ကိုေတာင္ကိုရီးယားမွာ
ေက်ာ္ၾကားတဲ့အဆိုေတာ္တေယာက္ျဖစ္လာဖို႔ ဝိုင္းဝန္းေမွ်ာ္မွန္းထားၾကပါတယ္။ ေနာ္မာသာထူးဝါးရဲ႕ဂီတနည္းျပဆရာ Lee Kyung-ja ကလည္းတပည့္ျဖစ္သူအတြက္အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။ ေနာ္မာသာထူးဝါးဟာအဆိုေတာ္တေယာက္ ျဖစ္လာဖို႔တင္မကေတာင္ကိုရီးယားနဲ႔ျမန္မာ ႏွစ္နိုင္ငံကိုယ္စားျပဳသူအျဖစ္နဲ႔ျငိမ္းခ်မ္းေရးကိုယ္စားလွယ္တေယာက္ ျဖစ္ခ်င္တယ္လို႔လည္း ေျပာပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္
ယူနီကုဒ္ျဖင္႔ ဖတ္ရန္
တောင်ကိုရီးယားနိုင်ငံရောက် အသက် ၁၃ နှစ်အရွယ် ကရင်တိုင်းရင်းသူအဆိုတော် နော်မာသာထူးဝါး (Wanyiwah ) မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကိုဝေမျှဖို့ “ မြန်မာ့နွေဦး” သီချင်းသစ်တစ်ပုဒ်ကို သီဆို ဖြန့်ချိထားပါတယ်။ ပန်းပွင့်တွေထဲ တော်လှန်ရေးသင်္ကေတလက်ချောင်း ၃ ချောင်းတွေဖူးပွင့်လာမလားဆိုတဲ့ စာသားပါတဲ့ မြန်မာ့နွေဦးသီချင်းကိုဆိုရင်း မြန်မာနိုင်ငံက
သူငယ်ချင်းတွေရဲ့လတ်တလော ပ.င်ပ.န်းခ.က်ခဲပြီး ကြောက်စရာကောင်းတဲ့နွေဦးရာသီကို ဖြတ်သန်းနေရပြီးမကြာခင်မှာအကြော.က်တရာ.းမရှိပျော်ရွှင်စရာနွေဦးရာသီရောက်လာဖို့မျှော်လင့်နေပါတယ်လို့ နော်မာသာထူးဝါးက သူ့ခံစားချက်တွေ မျှဝေထားပါတယ်။ နော်မာသာထူးဝါးရဲ့မိဘတွေဟာ မြန်မာနိုင်ငံမှာနေချိန်တုန်းက တိုင်းရင်းသားလူနည်းစုတွေ အပေါ်ဖိနှိ.ပ်ခံရတဲ့နေရာက
ထွက်ပြေးလာပြီးထိုင်းနိုင်ငံကဒုက.္ခသည်စခ.န်းတစ်ခုမှာအခြေချခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကွ.ယ်လွ.န် သွားပြီးနောက်မှာငွေကြေးချို့တဲ့နွ.မ်းပါ.းတဲ့ ကလေး ၃ ယောက်မိခင်ဟာတောင်ကိုရီးယားနိုင်ငံကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီးသီချင်းဆိုဝါသနာကြီးလှတဲ့နော်မာသာထူးဝါး အတွက်အခွင့်အရေးပိုကောင်းဖို့ မျှော်လင့်ခဲ့တာပါ။ နော်မာသာထူးဝါးဟာတောင်ကိုရီးယားနိုင်ငံရဲ့လူကြိုက်များတဲ့
တေးဂီတပွဲတခုမှာ ပါဝင်လာပြီးနောက်မှာတစ်နိုင်ငံလုံးကအာရုံစိုက်ခံခဲ့ရပါတယ်။သူသီဆိုထားတဲ့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ဟာလည်းယူကျုမှာ ပေါက်သွားခဲ့ပြီး မြန်မာပရိသတ်တွေရဲ့အားပေးမှုတွေလည်း မြင့်တက်လာကာ ဂီတနဲ့ကေပေါ့ပ်ဘက်မှာနာမည်ကြီးပါတယ်။ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာအများဆုံးသောပရိသတ်တွေက မြန်မာနိုင်ငံက ဖြစ်ပြီးသူ့ကိုတောင်ကိုရီးယားမှာ
ကျော်ကြားတဲ့အဆိုတော်တယောက်ဖြစ်လာဖို့ ဝိုင်းဝန်းမျှော်မှန်းထားကြပါတယ်။ နော်မာသာထူးဝါးရဲ့ဂီတနည်းပြဆရာ Lee Kyung-ja ကလည်းတပည့်ဖြစ်သူအတွက်အများကြီးမျှော်လင့်ထားပါတယ်။ နော်မာသာထူးဝါးဟာအဆိုတော်တယောက် ဖြစ်လာဖို့တင်မကတောင်ကိုရီးယားနဲ့မြန်မာ နှစ်နိုင်ငံကိုယ်စားပြုသူအဖြစ်နဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်တယောက် ဖြစ်ချင်တယ်လို့လည်း ပြောပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်
&;