unicode
အသက်(၁၄)နှစ်ပဲရှိသေးတဲ့ ကောင်မလေးရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်
ဘယ်လောက်တောင် အခက်အခဲတွေ တွေ့နေရတာလဲ ညီမလေးရယ် အသက် ၁၄ နှစ်ပဲရှိသေးတဲ့ ကောင်မလေး
ဒီညနေ ကူညီမှုကုသိုလ်လမ်းကြောင်းပါ
31 5 2022 ကူညီတောင်းမှုအရ စစ်ကိုင်းမြို့ ပန်းဘဲတန်းနယ်မြေ စိုက်ပျိုးရေး ခရိုင်ရုံးဝင်း ဝန်ထမ်း အိမ်ယာ မှ ကြိုး .. စွဲ.. ချ သေ.. ဆုံး သမီးလေး
မဝိုင်းစုတိုး အသက် ၁၄ နှစ် ရုပ်အလောင်း အား အိုးဘို Rescue မှ
စစ်ကိုင်းဆေးရုံ Opd မှ အနောက် ရင်ခွဲရုံ သို့ ပို့ဆောင်ကုသိုလ်ခဲ့ပါသည်။
ဘာစိတ်ကူးတွေနဲ့ ဘယ်လိုများ လုပ်လိုက် တာလဲ သမီးလေးရယ်ဘဝအဆက်ဆက်
ဒီလိုအဖြစ်ဆိုးတွေ ကင်းဝေးပြီး ကောင်းရာ သုဂတိ လားပါစေ သမီးလေးရေ
အိုးဘိုကျန်းမာရေး နှင့် Rescue အသင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့
စစ်ကိုင်းတိုင်း သတင်း တာဝန်ခံ



