ၾကားသိရသမွ်
“ကလေးထက်မိုက်နေတာတွေကို ရပ်လိုက်ကြပါတော့”
ဘုန်းကြီးမေတ္တာရပ်ခံပါတယ် ဒကာဒကာမတို့ “ကလေးထက်မိုက်နေတာတွေကို ရပ်လိုက်ကြပါတော့”
မသိမိုက်ထက်သိမိုက်က ပိုပြီးဆိုးတယ်။ ကလေးမိုက်ထက် လူကြီးမိုက်က ပိုပြီးကြောက်စရာကောင်းတယ်။ မိုက်သင့်တဲ့အချိန်မိုက်တာထက် မမိုက်သင့်တဲ့အချိန်မိုက်မိလျှင် အချိန်မဲ့အမှောင်ဟာ ရှောင်သူမလွတ်တတ်ဘူးတဲ့။
ဒီလိုဘဝမျိုးအသိမျိုး အမူအကျင့်မျိုးတွေဟာ ဘုရားသာသနာနဲ့တွေ့တုန်းအခါမှာ မရှိသင့်တော့ဘူး။
ကလေးတွေကမှခြောက်လိုက်ရင် ကြောက်တတ်သေးတယ်။ ဟိုနားမှာသရဲကြီးရှိတယ်ဆိုရင် မသွားတော့ဘူး။ ဒီနားမှာအရူးဖမ်းလိမ့်မယ်ဆိုလည်း မသွားတော့ဘူး။ စကားနားထောင်တယ်။
လူကြီးတွေကတော့ သံသရာဘေးဆိုးကြီးတွေ ကိုယ်တွေ့ကြုံနေရပါလျက် ကြောက်ရမှန်းမသိသေးဘူး။ အိုဘေး၊နာဘေး၊သေဘေး အပါယ်ဘေးဆိုးကြီးတွေရှိရာသွားနေတုန်းပဲ။
ဘုန်းကြီးတွေကလည်း ဒီဘေးဆိုးကြီးတွေကို ညွှန်ပြပြီးဟောပေးနေတာပဲ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို သံဝေဂရစရာတွေလည်းတွေ့ကြုံနေကြတာပဲ။ ဓမ္မစာပေတွေကလည်း သံသရာဘေးဆိုးကြီး ကြောက်လန့်စရာကောင်းပုံတွေကို ရေးသားဖော်ပြနေပါတယ်။
“ကြုံတွေ့၊ဖတ်မှတ်၊နာကြား၊ဆင်ခြင်တုန်း”ခဏတော့သံဝေဂရသလိုလိုကြောက်သလိုလို လန့်သလိုလိုတော့ဖြစ်ပါရဲ့၊နောက်တော့လည်းခွေးမြီးကောက်လို ပြန်ကောက်သွားပြီး ဇာတိဘေး၊ဇရာဘေးကြီးတွေထဲ ပြေးဝင်ကျင်လည်ကြပြန်ရော။
အဲဒီတော့…ဒီနေ့ကြောက်ပုံကြောက်နည်းက သူများပြောလို့ကြောက်ရတဲ့အတွေးကြောက်။
မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရလို့ကြောက်ရတဲ့အတွေ့ကြောက်။ဒီလောက်ပဲရှိတော့ မလုံလောက်သေးဘူး။
ခန္ဓာကပြနေတဲ့ ဇာတိဘေး၊ဇရာဘေး မရဏဘေးဆိုးကြီးတွေကို ဝိပဿနာဉာဏ်စဉ်အားဖြင့် ထွင်းဖောက်ရှုမြင်နိုင်ပါမှ မိမိခန္ဓာကစပြီး သံသရာဘေးဆိုးကြီးများအဆုံး ကြောက်စရာကောင်းပုံကို နှလုံးသွင်းပြီးဝဋ်ဆင်းရဲကလွတ်အောင် ရုန်းနိုင်ပေလိမ့်မယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဘုန်းကြီးမေတ္တာရပ်ခံပါတယ် ဒကာဒကာမတို့ “ကလေးထက်မိုက်နေတာတွေကို ရပ်လိုက်ကြပါတော့”
မသိမိုက်ထက်သိမိုက်က ပိုပြီးဆိုးတယ်။ ကလေးမိုက်ထက် လူကြီးမိုက်က ပိုပြီးကြောက်စရာကောင်းတယ်။
မိုက်သင့်တဲ့အချိန်မိုက်တာထက် မမိုက်သင့်တဲ့အချိန်မိုက်မိလျှင် အချိန်မဲ့အမှောင်ဟာ ရှောင်သူမလွတ်တတ်ဘူးတဲ့။ ဒီလိုဘဝမျိုးအသိမျိုး အမူအကျင့်မျိုးတွေဟာ ဘုရားသာသနာနဲ့တွေ့တုန်းအခါမှာ မရှိသင့်တော့ဘူး။
ကလေးတွေကမှခြောက်လိုက်ရင် ကြောက်တတ်သေးတယ်။
ဟိုနားမှာသရဲကြီးရှိတယ်ဆိုရင် မသွားတော့ဘူး။ ဒီနားမှာအရူးဖမ်းလိမ့်မယ်ဆိုလည်း မသွားတော့ဘူး။ စကားနားထောင်တယ်။
လူကြီးတွေကတော့ သံသရာဘေးဆိုးကြီးတွေ ကိုယ်တွေ့ကြုံနေရပါလျက် ကြောက်ရမှန်းမသိသေးဘူး။ အိုဘေး၊နာဘေး၊သေဘေး အပါယ်ဘေးဆိုးကြီးတွေရှိရာသွားနေတုန်းပဲ။
ဘုန်းကြီးတွေကလည်း ဒီဘေးဆိုးကြီးတွေကို ညွှန်ပြပြီးဟောပေးနေတာပဲ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို သံဝေဂရစရာတွေလည်းတွေ့ကြုံနေကြတာပဲ။
ဓမ္မစာပေတွေကလည်း သံသရာဘေးဆိုးကြီး ကြောက်လန့်စရာကောင်းပုံတွေကို ရေးသားဖော်ပြနေပါတယ်။
“ကြုံတွေ့၊ဖတ်မှတ်၊နာကြား၊ဆင်ခြင်တုန်း”ခဏတော့သံဝေဂရသလိုလိုကြောက်သလိုလို လန့်သလိုလိုတော့ဖြစ်ပါရဲ့၊နောက်တော့လည်းခွေးမြီးကောက်လို ပြန်ကောက်သွားပြီး ဇာတိဘေး၊ဇရာဘေးကြီးတွေထဲ ပြေးဝင်ကျင်လည်ကြပြန်ရော။
အဲဒီတော့…ဒီနေ့ကြောက်ပုံကြောက်နည်းက သူများပြောလို့ကြောက်ရတဲ့အတွေးကြောက်။မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရလို့ကြောက်ရတဲ့အတွေ့ကြောက်။ဒီလောက်ပဲရှိတော့ မလုံလောက်သေးဘူး။
ခန္ဓာကပြနေတဲ့ ဇာတိဘေး၊ဇရာဘေး မရဏဘေးဆိုးကြီးတွေကို ဝိပဿနာဉာဏ်စဉ်အားဖြင့် ထွင်းဖောက်ရှုမြင်နိုင်ပါမှ မိမိခန္ဓာကစပြီး သံသရာဘေးဆိုးကြီးများအဆုံး ကြောက်စရာကောင်းပုံကို နှလုံးသွင်းပြီးဝဋ်ဆင်းရဲကလွတ်အောင် ရုန်းနိုင်ပေလိမ့်မယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး