သွေးတိုး_ဦးခေါင်းချွေးပျံ_အာရုံကြောအားနည်း_အဝလွန်သူများအတွက်
ပုံများဖြင့်သေခြာရှင်းလင်းပြပေးထားပါသည်။
၁-သံပုရာသီးကိုဆားနဲ့ပွတ်ပေးပါ အခွံကဖန်တာတွေထွက်ပါတယ် အခါးအာနိသင်တော့မပျောက်သွားပါဘူး
၂-အနေတော်ကွင်းပေးပါ အစေ့မထုတ်ပါနဲ့
၃-ဇကာထဲမှာ ခနစစ်ထားလိုက်ပါ
၄-ပျားရည် စစ်စစ်သုံးရအောင်နော် ရောင်းတမ်းဝယ်စားတာထက်ဆေးဖြစ်ချင်တယ်လေ ဒါကတော့ဒေါ်အိဝယ်ထားတာ3နှစ်ရှိပြီ တောပျားရည်
၅- ပုလင်းထဲသံပုရာကွင်းတွေထဲ့ပြီးရင် ပျားရည်လောင်းထည့်ပြီနော်
၆- အောက်ခြေထိပျားရည်ရောက်သွားအောင် ထမင်းစားတူတစ်ချောင်းနဲ့ထိုးပြီးဟဟပေးလိုက်ပါ
၇-လစ်ဟာနေတဲ့နေရာပျားရည်ထပ်ဖြည့်ပါတယ်
၈-ပျားရည်အောက်ဆုံးနဲ့ကြားတွေထဲအကုန်ရောက်ပြီ
၉-အဖုံးလုံအောင်ပိတ်ရအောင် အနဲဆုံး၁လလောက်တော့သိမ်းထားရမှာပါ အပြင်မှာ၂ရက်ထားပြီး ရေခဲသေတ္တာထဲသိမ်းလိုက်ပါ
အိအိရဲ့ပျားသံပုရာ လုပ်နည်းလေးပါ ။
သွေးတိုးတတ်သူနဲ့ဝတဲ့သူများ တစ်အားအဆင်ပြေပါတယ် ။
ဒီနေ့အသစ်ပြန်လုပ်လို့မျှဝေတာပါရှင်…
သံပုရာသီး1000ဖိုးနဲ့ပျားရည်တစ်ပုလင်းဆိုနှစ်ချို့အောင်ကိုသောက်ရပါတယ်။
ရေနွေးပူနဲ့သောက်တာပိုကောင်းပါတယ်။
လုပ်နည်းလည်းလွယ်လွယ် ဆေးလည်းဖြစ် ပုံတစ်ပုံချင်းစီမှာရေးထားပေးပါတယ်နော်…
သံပုရာသီးလည်းလတ်ဆတ်ရင်စျေးကြီးတယ် ဝါတာလေးကပိုရတာပေါ့ မပုတ်ရင်ရပြီလေနော်…
မနက်ကို ဖန်ခွက်ထဲကို စိမ်ထားတဲ့သံပုရာတစ်ဖတ်နဲ့ပျားရေတဇွန်းစာကို ရေနွေးပူနဲ့လောင်းထည့်ပြီးသောက်ရန် ( စားပေးရန် ) ဖြစ်ပါသည်။)
ပြန်လည်မျှဝေပါသည်
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့
၎-ပျားရည် စစ်စစ်သုံးရအောင်နော် ရောင်းတမ်းဝယ်စားတာထက်ဆေးဖြစ်ချင်တယ်လေ ဒါကတော့ဒေါ်အိဝယ်ထားတာ3နှစ်ရှိပြီ တောပျားရည်
သံပုရာသီးလည်းလတ်ဆတ်ရင်ဈေးကြီးတယ် ဝါတာလေးကပိုရတာပေါ့ မပုတ်ရင်ရပြီလေနော်…
ပြန်လည်မျှဝေပါသည်