Zawgyi
ကိုမင္းမင္း မယားငယ္နဲ႔ အဆင္မေျပတဲ့ အခ်ိန္က်ရင္ က်မနဲ႔ သားေလးစီကို ျပန္လာခဲ့ပါ.. အၿမဲေမွ်ာ္ေနပါတယ္တဲ့
အမ နဂါးေမာက္သီးမွာထားလို႔ဆိုတဲ့အသံေၾကာင့္ အိမ္ေ႐ွ႕ထြက္လာခဲ့ပါတယ္။ရပ္ကြက္ထဲလာေရာင္းေနက် ေကာင္မေလးျဖစ္ေနတယ္။သူ႔ကို ဒီတခါလာရင္ နဂါးေမာက္သီးဝယ္ခဲ့ဖို႔ မွာထားတာ ခုမွ အမွတ္ရပါတယ္။
![]()

![]()
အသီးဝယ္ ပိုက္ဆံ႐ွင္းၿပီး ေစ်းေတာင္းပင့္မယ္လုပ္ေတာ့ သူက အမ facebook သံုးလားတဲ့ သံုးတယ္ညီမလို႔ျပန္ေျပာမိတယ္။ သူ႔ေယာက္က်ားကို႐ွာေပးလို႔ရမလားတဲ့၊ ငင့္ ညီမေယာက္က်ားကို ငါဘယ္လို႐ွာရမွာလဲ၊ မသိဘူးေလ ျမင္လည္း မျမင္ဖူးဘူးလို႔ျပန္ေျပာမိပါတယ္။
သူ႔ေယာက္က်ားက viber သံုးတယ္အမ။ ငါ viber မသံုးဘူးဟ လို႔ျပန္ေျပာမိတယ္။သူက အမကူညီပါ ညီမေယာက္က်ား ညီမကိုပစ္ၿပီး ေနာက္မိန္းမယူသြားလို႔တဲ့![]()
ဟင္ ငါဘယ္လိုကူညီရမွာလဲ။ သူ႔ပံုနဲ႔သူ႔သမီးပံုေလးတင္ၿပီး သူ႔ေယာက္က်ားကို မယားငယ္နဲ႔အဆင္မေျပရင္ ျပန္လာေစခ်င္ပါတယ္တဲ့။ အမ တင္ေပးပါတဲ့ သူမလုပ္တတ္လို႔ပါတဲ့။
![]()

![]()
သူ႔ပံုနဲ႔သူ႔သမီးပံုေလးျမင္ရင္ သူ႔ေယာက္က်ား သူ႔ဆီျပန္လာမလားလို႔တဲ့။ နင့္ေယာက္က်ားနဲ႔ငါနဲ႔က fb မွာ fri ျဖစ္မွ သူသိမွာေလ။ညီမေယာက္က်ား acc လည္းမသိ။ ကိုယ့္အေပၚမေကာင္းတာ ညီမရယ္ေမ်ွာ္လင့္မေနနဲ႔ေတာ့လို႔ေျပာေတာ့ မ်က္ႏွာမေကာင္း။
သူ႔ဖုန္းဆက္ေတာ့ စက္ပိတ္ထားတယ္တဲ့။ညီမက အေမဆံုးၿပီ။အေဖက ေနာက္အိမ္ေထာင္နဲ႔။မိေထြးကမေကာင္း ခုလည္း အေဒၚအိမ္မွာကပ္ေနရတာအဆင္မေျပဘူး ေစ်းေရာင္းရတဲ့ရက္ ႐ွိသလို မေရာင္းရတဲ့ရက္ဆိုရင္ ကလးနဲ့အဆင္မျပဘူး အမတဲ့။
![]()

![]()
အမညီမတို့ပံုလးတင္ျပီး ကိုမင္းမင္းကို ျပန္လာအာင္လုပ္ေပးပါတဲ့။ စိတ္ထဲမေကာင္း။ သူေစ်းေရာင္းရတာကလည္း သနားစရာ အေလးအပင္ေတြရြက္ၿပီး ေရာင္း မိုးရြာရင္ေရာင္းမေကာင္း အသီးေတြပုတ္ရင္ ျမတ္ဖို႔ေနေနသာသာ အ႐ွံုးေပၚ။ သမီးေလးလည္း သူမ်ားနဲ႔ ထားခဲ့ရတာ။ အေဒၚကလည္း ေကာက္စိုက္အငွါးလိုက္
ေအးပါ ညီမရယ္ အမ ကူညီၾကည့္မယ္ ဘဝကိုေတာ့အ႐ွံုးမေပးနဲ႔ ရင္ေမာပါတယ္ ညိမရယ္ ကေလးလည္းဂ႐ုစိုက္ က်န္းမာတုန္း ေငြ႐ွာ စုေဆာင္းလို႔ေျပာၿပီး သူလည္းေစ်းေရာင္းသြားပါေတာ့တယ္။
လင္ငယ္ မယားငယ္ကိစၥက ေတာေရာ ၿမိဳ႕ပါမက်န္ ဒုကၡေပး။တပင္လဲတပင္ထူ လက္ခံတယ္။လင္ငယ္ မယားငယ္ လံုးဝလက္ခံလို႔မရဘူး ခုေရာ ေနာင္သံသရာပါမေကာင္း ကိုမင္းမင္း မိတၳီလာၿမိဳ႕နယ္ အံုမေတြ႔ရြာခုေတာ့ကိုမင္းမင္းက
မနၱေလးမွာ လက္သမားအလုပ္သြားလုပ္ရင္း ပံုထဲက မိန္းမကိုယူၿပီး မယားႀကီးနဲ႔ကေလးကိုပစ္သြားတာ ၁ ႏွစ္ေက်ာ္ပါၿပီ။
မန္းေလးမွာေရာ႐ွိေသးရဲ႕လား မသိ။ကိုမင္းမင္းေရ မိန္းမနဲ႔ကေလးက ေမ်ွာ္ေနပါတယ္။
Saw Sandi
Unicode
ကိုမင်းမင်း မယားငယ်နဲ့ အဆင်မပြေတဲ့ အချိန်ကျရင် ကျမနဲ့ သားလေးစီကို ပြန်လာခဲ့ပါ.. အမြဲမျှော်နေပါတယ်တဲ့
အမ နဂါးမောက်သီးမှာထားလို့ဆိုတဲ့အသံကြောင့် အိမ်ရှေ့ထွက်လာခဲ့ပါတယ်။ရပ်ကွက်ထဲလာရောင်းနေကျ ကောင်မလေးဖြစ်နေတယ်။သူ့ကို ဒီတခါလာရင် နဂါးမောက်သီးဝယ်ခဲ့ဖို့ မှာထားတာ ခုမှ အမှတ်ရပါတယ်။
အသီးဝယ် ပိုက်ဆံရှင်းပြီး ဈေးတောင်းပင့်မယ်လုပ်တော့ သူက အမ facebook သုံးလားတဲ့ သုံးတယ်ညီမလို့ပြန်ပြောမိတယ်။ သူ့ယောက်ကျားကိုရှာပေးလို့ရမလားတဲ့၊ ငင့် ညီမယောက်ကျားကို ငါဘယ်လိုရှာရမှာလဲ၊ မသိဘူးလေ မြင်လည်း မမြင်ဖူးဘူးလို့ပြန်ပြောမိပါတယ်။
သူ့ယောက်ကျားက viber သုံးတယ်အမ။ ငါ viber မသုံးဘူးဟ လို့ပြန်ပြောမိတယ်။သူက အမကူညီပါ ညီမယောက်ကျား ညီမကိုပစ်ပြီး နောက်မိန်းမယူသွားလို့တဲ့။
ဟင် ငါဘယ်လိုကူညီရမှာလဲ။ သူ့ပုံနဲ့သူ့သမီးပုံလေးတင်ပြီး သူ့ယောက်ကျားကို မယားငယ်နဲ့အဆင်မပြေရင် ပြန်လာစေချင်ပါတယ်တဲ့။ အမ တင်ပေးပါတဲ့ သူမလုပ်တတ်လို့ပါတဲ့။
သူ့ပုံနဲ့သူ့သမီးပုံလေးမြင်ရင် သူ့ယောက်ကျား သူ့ဆီပြန်လာမလားလို့တဲ့။ နင့်ယောက်ကျားနဲ့ငါနဲ့က fb မှာ fri ဖြစ်မှ သူသိမှာလေ။ညီမယောက်ကျား acc လည်းမသိ။ ကိုယ့်အပေါ်မကောင်းတာ ညီမရယ်မျှော်လင့်မနေနဲ့တော့လို့ပြောတော့ မျက်နှာမကောင်း။
သူ့ဖုန်းဆက်တော့ စက်ပိတ်ထားတယ်တဲ့။ညီမက အမေဆုံးပြီ။အဖေက နောက်အိမ်ထောင်နဲ့။မိထွေးကမကောင်း ခုလည်း အဒေါ်အိမ်မှာကပ်နေရတာအဆင်မပြေဘူး ဈေးရောင်းရတဲ့ရက် ရှိသလို မရောင်းရတဲ့ရက်ဆိုရင် ကလးနဲ့အဆင်မပြဘူး အမတဲ့။
အမညီမတို့ပုံလးတင်ပြီး ကိုမင်းမင်းကို ပြန်လာအာင်လုပ်ပေးပါတဲ့။ စိတ်ထဲမကောင်း။ သူဈေးရောင်းရတာကလည်း သနားစရာ အလေးအပင်တွေရွက်ပြီး ရောင်း မိုးရွာရင်ရောင်းမကောင်း အသီးတွေပုတ်ရင် မြတ်ဖို့နေနေသာသာ အရှုံးပေါ်။ သမီးလေးလည်း သူများနဲ့ ထားခဲ့ရတာ။ အဒေါ်ကလည်း ကောက်စိုက်အငှါးလိုက်
အေးပါ ညီမရယ် အမ ကူညီကြည့်မယ် ဘဝကိုတော့အရှုံးမပေးနဲ့ ရင်မောပါတယ် ညိမရယ် ကလေးလည်းဂရုစိုက် ကျန်းမာတုန်း ငွေရှာ စုဆောင်းလို့ပြောပြီး သူလည်းဈေးရောင်းသွားပါတော့တယ်။
လင်ငယ် မယားငယ်ကိစ္စက တောရော မြို့ပါမကျန် ဒုက္ခပေး။တပင်လဲတပင်ထူ လက်ခံတယ်။လင်ငယ် မယားငယ် လုံးဝလက်ခံလို့မရဘူး ခုရော နောင်သံသရာပါမကောင်း ကိုမင်းမင်း မိတ္ထီလာမြို့နယ် အုံမတွေ့ရွာခုတော့ကိုမင်းမင်းက
မန္တလေးမှာ လက်သမားအလုပ်သွားလုပ်ရင်း ပုံထဲက မိန်းမကိုယူပြီး မယားကြီးနဲ့ကလေးကိုပစ်သွားတာ ၁ နှစ်ကျော်ပါပြီ။မန်းလေးမှာရောရှိသေးရဲ့လား မသိ။ကိုမင်းမင်းရေ မိန်းမနဲ့ကလေးက မျှော်နေပါတယ်။
Saw Sandi



