ကြားသိရသမျှ

မပေါ့ကြပါနဲ့ အပြင်ထွက်တဲ့အခါ ဂရုစိုက်ကြပါအုံးနော်…

မပေါ့ကြပါနဲ့ အပြင်ထွက်တဲ့အခါ ဂရုစိုက်ကြပါအုံးနော်…

ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမီခရွန်ပိုးတွေ့

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား ၄ ယောက်မှာ (အိုမီခရွန်)ရောဂါပိုး တွေ့ရှိရတယ်လို့

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ည ၈နာရီက ထုတ်ပြန်လိုက်ပါတယ်။

အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ယောက်ထဲမှာ ၁ ယောက်က သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် ၃ ယောက်က ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ေ

ဖ်ာပြထားပါတယ်။

ပိုးတွေ့သူ ၄ ယောက်စလုံးကို ကုသရေးစင်တာတွေမှာ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ရက်ပြည့်မြောက်လို့ ကျန်းမာရေးကောင်းမွန်တာကြောင့်

ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဓာတ်ခွဲနမူနာ ၃၀ မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး

၂၈ ရက်နေ့က အဲ့ဒီပိုးတွေ့ ဓာတ်ခွဲနမူနာတွေကို ထပ်မံစစ်ဆေးရာမှာ အိုမီခရွန်ပိုးတွေ့သူ ၄ ယောက်နဲ့ ကျန်ဓာတ်ခွဲနမူနာ ၂၄ ခုမှာ

SARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

PHOTO CREDIT- REUTERS

Credit – DVB News

မပေါ့ကြပါနဲ့ အပြင်ထွက်တဲ့အခါ ဂရုစိုက်ကြပါအုံးနော်…

ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမီခရွန်ပိုးတွေ့

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား ၄ ယောက်မှာ (အိုမီခရွန်)ရောဂါပိုး တွေ့ရှိရတယ်လို့

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ည ၈နာရီက ထုတ်ပြန်လိုက်ပါတယ်။

အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ယောက်ထဲမှာ ၁ ယောက်က သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် ၃ ယောက်က ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ေ

ဖ်ာပြထားပါတယ်။

ပိုးတွေ့သူ ၄ ယောက်စလုံးကို ကုသရေးစင်တာတွေမှာ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ရက်ပြည့်မြောက်လို့ ကျန်းမာရေးကောင်းမွန်တာကြောင့်

ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဓာတ်ခွဲနမူနာ ၃၀ မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး

၂၈ ရက်နေ့က အဲ့ဒီပိုးတွေ့ ဓာတ်ခွဲနမူနာတွေကို ထပ်မံစစ်ဆေးရာမှာ အိုမီခရွန်ပိုးတွေ့သူ ၄ ယောက်နဲ့ ကျန်ဓာတ်ခွဲနမူနာ ၂၄ ခုမှာ

SARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

PHOTO CREDIT- REUTERS

Credit – DVB News