ရုပ်သံကြည့်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါတယ်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
အွန်လိုင်းမှာ လူကြည့်များနေတဲ့PPE ဝတ်စုံအပြည့်နဲ့ အလုပ်လုပ်ကိုင်နေရတဲ့ သူနာပြုမလေးရဲ့ (ဗွီဒီယိုဖိုင်)
အွန်လိုင်းမှာ လူကြည့်များနေတဲ့ နေပူထဲမှာ PPE ဝတ်စုံအပြည့်နဲ့ အလုပ်လုပ်ကိုင်နေရတဲ့ သူနာပြုတွေရဲ့ ဝတ်စုံထဲမှချွေးရည်များ သွန်ချနေရတဲ့ (ရုပ်သံ)
မကြာသေးခင်က တရုတ်နိုင်ငံမှဆေးဝန်ထမ်းအမျိုးသမီးဟာ အနားယူဖို့သူမရဲ့ PPE ဝတ်စုံကိုချွတ်ခဲ့ပြီးနောက် ဝတ်စုံထဲမှ စီးကျလာတဲ့များပြားလွန်းတဲ့ ချွေးရည်တွေကြောင့် အဆိုပါ video ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။
အဆိုပါ video ကို Urumqi မြို့မှာရိုက်ကူးခဲ့တာဖြစ်ပြီး ၊ အဆိုပါမြို့ရဲ့ လက်ရှိအပူချိန်ဟာ 29°C ခန့်ရှိတဲ့အတွက် အလုံပိတ်ဝတ်ဆင်ရတဲ့ PPE ဝတ်စုံနဲ့ဆိုရင် ဘယ်လောက်ထိ ပူလောင်နေမလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ် ။
Urumqi မြို့ဟာ ပြီးခဲ့တဲ့ July လက ကိုဗစ္-19 ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့တဲ့အပြင် ကူးစက်ခံရသူပေါင်း 531 ဦးခန့်ရှိကြောင်းလည်း သိရှိရပါတယ် ။ ယခုချိန်မှာတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ် ။
အဆိုပါ video ကိုကြည့်ရှု့သူပေါင်း 5 million ခန့်ရှိခဲ့ပြီး တရုတ်နိုင်ငံမှပြည်သူများကလည်း အဆိုပါဆေးဝန်ထမ်းများအတွက် ဆုတောင်းစကားများဆိုခဲ့ကြကြောင်း သိရှိရပါတယ် ။
ရုပ်သံကြည့်ရန်
Jasmine (Mckzone Daily)
Source: worldofbuzz