Breaking News- ICC တရား႐ုံးႏွင့္ အာဂ်င္တီးနားတရား႐ုံးက ေပးပို႔လာေသာ အေၾကာင္း ၾကားစာ၊ ဖမ္းဆီးမိန႔္၊ ဖမ္း၀ရမ္းႏွင့္ဆင့္ေခၚစာ လက္မခံရန္ မင္းေအာင္လွိုင္ လၽွို႔ဝွက္ညႊန္ၾကား
ရန္ကုန္၊ ဒီဇင္ဘာ ၂၉
မင္းေအာင္လွိုင္ႏွင့္စစ္ေခါင္းေဆာင္မ်ားထံသို႔ နိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC ၊ အာဂ်င္တီးနား တရား႐ုံး အပါအဝင္ နိုင္ငံတကာအဖြဲ႕အစည္းမ်ားက
ေပးပို႔လာေသာ အေၾကာင္းၾကားစာ၊ ဖမ္းဆီးမိန႔္၊ ဖမ္း၀ရမ္းႏွင့္ဆင့္ေခၚစာမ်ားကို လုံး၀ လက္ခံျခင္း မျပဳရန္ မင္းေအာင္လွိုင္က ညႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ေၾကာင္း သိရွိရသည္။
စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္၏ ညႊန္ၾကားခ်က္ကို ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္ထံသို႔ ေပးပို႔ထားၿပီး
တရားသူႀကီးခ်ဳပ္ ထြန္းထြန္းဦးကလည္း ၎၏ တရားလႊတ္ေတာ္ ဝန္ထမ္းမ်ားကို ျပည္ပမွ ဝင္လာမည့္ မည္သည့္စာကိုမွ လက္မခံရန္ တစ္ဆင့္ထပ္မံ လၽွို႔ဝွက္ ညႊန္ၾကားေၾကာင္း သိရွိရသည္။
တရားလႊတ္ေတာ္ ဝန္ထမ္းမ်ားအေနျဖင့္ ျပည္ပမွ ဝင္ေရာက္ေလ့ရွိသည့္ DHL အပါအဝင္ အျမန္ေခ်ာပို႔ႏွင့္အျခားနည္းလမ္းမ်ားျဖင့္ ေပးပို႔လာသည့္စာမ်ားကို လက္ခံျခင္းမျပဳရန္ ညႊန္ၾကားထားေၾကာင္း သိရွိရသည္။
လတ္တေလာ ျမန္မာနိုင္ငံတြင္ ရိုဟင္ဂ်ာမ်ားအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ စစ္အာဏာသိမ္းၿပီးေနာက္ ျပည္သူမ်ားကို သတ္ျဖတ္ၿပီး စစ္ရာဇဝတ္မႈ က်ဴး လြန္မႈမ်ားအတြက္
မင္းေအာင္လွိုင္ႏွင့္စစ္ေခါင္းေဆာင္မ်ားကို နိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC ႏွင့္အာဂ်င္တီးနား တရား႐ုံးတို႔တြင္ တရားစြဲထားမႈမ်ားကို စတင္စစ္ေဆးေနၿပီျဖစ္သည္။
Breaking News- ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်းဝရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန် မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များထံသို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနား တရားရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက
ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်းဝရမ်းနှင့်ဆင့်ခေါ်စာများကို လုံးဝ လက်ခံခြင်း မပြုရန် မင်းအောင်လှိုင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို နေပြည်တော်တရားလွှတ်တော်ချုပ်ထံသို့ ပေးပို့ထားပြီး
တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း ၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို ပြည်ပမှ ဝင်လာမည့် မည်သည့်စာကိုမှ လက်မခံရန် တစ်ဆင့်ထပ်မံ လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။
တရားလွှတ်တော် ဝန်ထမ်းများအနေဖြင့် ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့်အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
လတ်တလော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်မှုများအတွက်
မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နှင့်အာဂျင်တီးနား တရားရုံးတို့တွင် တရားစွဲထားမှုများကို စတင်စစ်ဆေးနေပြီဖြစ်သည်။