Rain (For Ialinks)
Unicode
ရောဂါသည်သမီးလေးနှင့်အတူ ပျောက်ကွယ်သွားဖို့ရာ အဆင်သင့်ဖြစ်နေ၍ သင်္ချိုင်းသို့သွားရောက်ပြီး နေခဲ့သော ဖခင်
မိဘတို့သည် သူတို့ဧ။်သွေးသားရင်းချာ သားသမီးများကို မထင်မှတ်ပဲ လက်လွှတ်ဆုံးရှုံးလိုက်ရမည်ဖြစ်ပါက ရူးမတတ်ခံစားရပြီး ကိုယ်တိုင်ပါ ဆုံးပါးသွားချင်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ Zhalg leiအမည်ရှိသော ၂နှစ်အရွယ် ကလေးမလေးသည် အရွယ်နှင့်မလိုက်အောင် မကြာခဏအားနည်းတတ်ပြီး သွေးသွင်းပေးရသည့် ရောဂါတစ်မျိုးအား ခံစားနေရစဥ် နေမကောင်းခဏခဏဖြစ်သည့်အတွက်လည်း မိဘတို့မှာ စိတ်မချမ်းသာခဲ့ရပေ။
မိဘနှစ်ပါးသည် သူတို့သမီးငယ်လေးအတွက် နှစ်နှစ်တာကာလအတွင်း ဆေးကုသရန် ယွမ် ၁၄၀၀၀၀သုံးစွဲခဲ့ရပြီး စုဆောင်းငွေလည်း မရှိတော့၍ ထပ်မံကုသပေးရန် မတတ်နိုင်တော့ပဲ ဖြစ်နေရသည်။
ထို့ကြောင့် ကြံမရတော့သည့်အဆုံး ဖခင်ဖြစ်သူသည် သမီးလေးနှင့်အတူ လူ့လောကကြီးကနေ အပြီးပိုင်ထွက်သွားဖို့ရာ အဆင်သင့်ဖြစ်သည့်အနေနှင့် သင်္ချိုင်းကုန်းသို့ သွားရောက်ပြီး အကြွင်းတူးကာ နေခဲ့သည်။
ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ ကူညီရေးဝက်ဘ်ဆိုက်သို့ ကလေးငယ်ဧ။် ဆေးကုသစရိတ်အတွက် ငွေများလှူဒါန်းခဲ့ကြပြီး ထိုမိသားစုဧ။် အခက်အခဲအား ကူညီဖြေရှင်းပေးခဲ့ကြသည်။
Rain (For Ialinks)