စစ္ေကာင္စီက ဗိုလ္နဂါးအား ဖမ္းဆီးရန္ ရဟတ္ယာဥ္ ၄ စီး အသုံးျပဳေသာ္လည္း ဖမ္းမမိ
OAK
စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ဦးေႏွာက္႐ြာတြင္ ယေန႔ ဇန္နဝါရီလ ၁၀ ရက္ မနက္ပိုင္းက PPDF ေခါင္းေဆာင္ ဗိုလ္နဂါး အဖြဲ႕ အစည္းအေဝး ျပဳလုပ္ေနစဥ္ စစ္ေကာင္စီမွ ရဟတ္ယာဥ္ ေလးစီး အသုံးျပဳကာ တိုက္ခိုက္ခဲ့သည္။
“မနက္က ႐ြာကို ရဟတ္ယာဥ္နဲ႔ ဝိုင္းပစ္ၿပီးေတာ့ လူေတြလည္း ခ်သြားတယ္။ အင္အားမ်ားတယ္ ၁၀၀ ေက်ာ္ေလာက္ရွိတယ္၊ ကန႔္ေဒါင့္ဘက္ကေနလည္း ကားေတြနဲ႔ စစ္ကူလာတယ္၊ အခုလည္း ႐ြာထဲကိုဝင္ၿပီး အိမ္ေတြကို မီးရႈိ႕ေနတယ္။ ႐ြာထဲမွာ လူတစ္ခ်ိဳ႕တစ္ဝက္ေလာက္ေတာ့ က်န္ေသးတယ္၊ က်န္တဲ့လူေတြက ထြက္ေျပးသြားၿပီ” ဟု ဦးေႏွာက္႐ြာသား တစ္ဦးကေျပာသည္။
အဆိုပါ တိုက္ခိုက္မႈသည္ PPDF ေခါင္းေဆာင္ ဗိုလ္နဂါးအား ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။ သို႔ေသာ္ ဗိုလ္နဂါးမွာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။
စစ္တပ္က ရဟတ္ယာဥ္မ်ားျဖင့္ လာေရာက္တိုက္ခိုက္၍ ဦးေႏွာက္႐ြာ အပါအဝင္ ႐ြာေလး႐ြာမွ ႐ြာသား ေထာင္ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ ေနရသည္။
ဦးေႏွာက္႐ြာသည္ အိမ္ေျခ ၃၀၀ ခန႔္ႏွင့္ လူဦးေရ ၁၀၀၀ နီးပါးရွိေသာ႐ြာ ျဖစ္သည္။
စစ်ကောင်စီက ဗိုလ်နဂါးအား ဖမ်းဆီးရန် ရဟတ်ယာဉ် ၄ စီး အသုံးပြုသော်လည်း ဖမ်းမမိ
OAK
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာတွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက PPDF ခေါင်းဆောင် ဗိုလ်နဂါး အဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီမှ ရဟတ်ယာဉ် လေးစီး အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
“မနက်က ရွာကို ရဟတ်ယာဉ်နဲ့ ဝိုင်းပစ်ပြီးတော့ လူတွေလည်း ချသွားတယ်။ အင်အားများတယ် ၁၀၀ ကျော်လောက်ရှိတယ်၊ ကန့်ဒေါင့်ဘက်ကနေလည်း ကားတွေနဲ့ စစ်ကူလာတယ်၊ အခုလည်း ရွာထဲကိုဝင်ပြီး အိမ်တွေကို မီးရှို့နေတယ်။ ရွာထဲမှာ လူတစ်ချို့တစ်ဝက်လောက်တော့ ကျန်သေးတယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးသွားပြီ” ဟု ဦးနှောက်ရွာသား တစ်ဦးကပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် PPDF ခေါင်းဆောင် ဗိုလ်နဂါးအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သို့သော် ဗိုလ်နဂါးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
စစ်တပ်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်၍ ဦးနှောက်ရွာ အပါအဝင် ရွာလေးရွာမှ ရွာသား ထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေရသည်။
ဦးနှောက်ရွာသည် အိမ်ခြေ ၃၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀ နီးပါးရှိသောရွာ ဖြစ်သည်။
ဗိုလ္နဂါး ေဘးကင္းလုံၿခဳံစြာရွိ..