❝ ဘုရားရွိခိုးခ်င္စိတ္ ေပ်ာက္ေနလၽွင္ ❞
တစ္ခါတေလ ဘုရားရွိခိုးခ်င္စိတ္ေပ်ာက္ေနတာမ်ိဳးေတြ ျဖစ္ဖူးၾကလားအဲလိုျဖစ္ရျခင္းက အေၾကာင္းအရင္းေတြရွိပါတယ္။
၁။ အကုသိုလ္စိတ္မ်ားရင္ျဖစ္တတ္ပါတယ္။
၂။ ေဒါသမ်ားရင္ ျဖစ္တတ္ပါတယ္။
၃။ ဘုရားခန္းရဲ့ အပူအေအးမမၽွတရင္လည္း ပင္ပန္းႏြမ္းနယ္ၿပီး ဘုရားရွိခိုးခ်င္စိတ္ေပ်ာက္တက္ပါတယ္။
၄။ အလုပ္အရမ္းပင္ပန္းေနတဲ့အခါမ်ိဳးေတြမွာလည္း ဘုရားမရွိခိုးခ်င္ပါဘူး။
၅။ စိတ္အရမ္းပင္ပန္းေနရတဲ့အခ်ိန္မ်ိဳးေတြမွာလည္း ျဖစ္တတ္ပါတယ္။
၆။ ပိုက္ဆံေငြေၾကး ေပါမ်ားတဲ့အခ်ိန္ေတြမွာအေပ်ာ္လြန္ၿပီး ဘုရားရွိခိုးခ်င္စိတ္ေတြေပ်ာက္တက္ပါတယ္။
၇။ ဘုရားရွိခိုးမယ့္ ပတ္ဝန္းက်င္ အသံဆူညံေနရင္လည္း ရွိခိုးခ်င္စိတ္ေပ်ာက္ပါတယ္။
၈။ ပတ္ဝန္းက်င္မွာ မေကာင္းတဲ့ အနံ့အသက္ေတြ ရွိေနရင္လည္း စိတ္ကမလန္းပါဘူး။
၉။ အိမ္မွာ ဆူဆူပူပူေတြ ျဖစ္ေနရင္လည္း ဘုရားရွိခိုးဖို့ မေအးခ်မ္းလို့ မရွိခိုးျဖစ္ပါဘူး။
၁၀။ ကိုယ္ထိုင္ရွိခိုးမယ့္ေနရာ မသန္႔ရွင္း ရွုတ္ပြေနရင္လည္း ရွိခိုးခ်င္စိတ္ေပ်ာက္တတ္ပါတယ္။
၁၁။ ဧည့္သည္ေတြ ေရာက္ေနတဲ့ အခါမ်ိဳးေတြမွာလည္း ဘုရားရွိခိုးဖို့ ပ်က္တတ္ပါတယ္။
၁၂။ အိပ္ေရးမဝရင္လည္း စိတ္မပါတာမ်ိဳးေတြျဖစ္တတ္ပါတယ္။
၁၃။ အေသြးအသားေတြနဲ႔ တည္ေဆာက္ထားတဲ့ခႏၶာကိုယ္ျဖစ္တဲ့အတြက္ နားခ်ိန္ေသခ်ာမနားတာရယ္လူမွုေရး စီးပြားေရးေတြေၾကာင့္ စိတ္ပင္ပန္းေနတာေတြ စုံသြားရင္လည္း ဘုရားရွိခိုးခ်င္စိတ္ေတြပ်က္ပါတယ္။
၁၄။ ဆီး ဝမ္း ေသြး ေလ မမွန္ကန္လို့ ၿငီးစိစိႀကီးျဖစ္ေနတာမ်ိဳးေတြလည္းျဖစ္တက္ပါတယ္။
ဒါေၾကာင့္မိုလို့ အခ်ိန္အခါေလးေတြကို မၽွမၽွတတေလးအသုံးျပဳၿပီး မိမိကိုယ္တိုင္ကေအးခ်မ္းေအာင္အတတ္နိုင္ဆုံးေနတတ္မွသာ ပတ္ဝန္းက်င္လည္းေအးခ်မ္းမွာပါ။
ဘုရားမရွိခိုးခင္ မ်က္ႏွာသစ္ သြားတိုက္ ကိုယ္လက္သန္႔စင္ပါ။ အဝတ္အစားအသစ္ဝတ္ပါ။
ေရေမႊးအနည္းငယ္ဆြတ္ပါ။
ကိုယ္ထိုင္ရွိခိုးမယ့္ ပတ္ဝန္းက်င္ သန္႔ရွင္းေနပါေစ။
တိတ္ဆိတ္တဲ့အခ်ိန္ ကိုေရြးခ်ယ္ပါ။
အခန္းအပူခ်ိန္ကို ဘုရားမရွိခိုးခင္ အဲယားကြန္းသို့မဟုတ္ ပန္ကာတို့ျဖင့္ ဖြင့္ထားၿပီး အပူအေအးမၽွတေနပါေစ။
ဖုန္းေတြအကုန္ ပိတ္ထားပါ။
အျပင္ကအသံေတြ အတတ္နိုင္ဆုံးမဝင္ေအာင္တံခါးေတြကို အဆင္ေျပသလို ပိတ္ထား ဖြင့္ထားနိုင္ပါတယ္။
ပထမဆုံး ငါးပါးသီလခံယူေဆာက္တည္ၿပီးေမတၱာသုတ္ ၉ေခါက္ ကို အလြတ္ရရင္ မ်က္လႊာေလးခ်ၿပီး ေျဖးေျဖးနဲ႔မွန္မွန္ အရင္ရြတ္ဆိုပါ။
ဂုဏ္ေတာ္ေတြမပြားမ်ားခင္မွာ စိတ္ကို အကုန္လႊတ္ခ်ၿပီး ဝင္ေလ ထြက္ေလေလးကို အာ႐ုံစိုက္ၿပီး တရားအရင္ထိုင္ပါ။
စိတ္ေတြေအးခ်မ္းသြားၿပီး ၿငိမ္သြားၿပီ ဆိုကာမွ ရြတ္စရာရွိတာေတြ စရြတ္ပါ။
အဲနည္းေလးအတိုင္း စမ္းၾကည့္ပါေအးခ်မ္းလာပါလိမ့္မယ္…
.ေန႔တိုင္း ဘုရားရွစ္ခိုးၾကပါ……
credit ေပးပါသည္။
unicode version
❝ ဘုရားရှိခိုးချင်စိတ် ပျောက်နေလျှင် ❞
တစ်ခါတလေ ဘုရားရှိခိုးချင်စိတ်ပျောက်နေတာမျိုးတွေ ဖြစ်ဖူးကြလားအဲလိုဖြစ်ရခြင်းက အကြောင်းအရင်းတွေရှိပါတယ်။
၁။ အကုသိုလ်စိတ်များရင်ဖြစ်တတ်ပါတယ်။
၂။ ဒေါသများရင် ဖြစ်တတ်ပါတယ်။
၃။ ဘုရားခန်းရဲ့ အပူအအေးမမျှတရင်လည်း ပင်ပန်းနွမ်းနယ်ပြီး ဘုရားရှိခိုးချင်စိတ်ပျောက်တက်ပါတယ်။
၄။ အလုပ်အရမ်းပင်ပန်းနေတဲ့အခါမျိုးတွေမှာလည်း ဘုရားမရှိခိုးချင်ပါဘူး။
၅။ စိတ်အရမ်းပင်ပန်းနေရတဲ့အချိန်မျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။
၆။ ပိုက်ဆံငွေကြေး ပေါများတဲ့အချိန်တွေမှာအပျော်လွန်ပြီး ဘုရားရှိခိုးချင်စိတ်တွေပျောက်တက်ပါတယ်။
၇။ ဘုရားရှိခိုးမယ့် ပတ်ဝန်းကျင် အသံဆူညံနေရင်လည်း ရှိခိုးချင်စိတ်ပျောက်ပါတယ်။
၈။ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ အနံ့အသက်တွေ ရှိနေရင်လည်း စိတ်ကမလန်းပါဘူး။
၉။ အိမ်မှာ ဆူဆူပူပူတွေ ဖြစ်နေရင်လည်း ဘုရားရှိခိုးဖို့ မအေးချမ်းလို့ မရှိခိုးဖြစ်ပါဘူး။
၁၀။ ကိုယ်ထိုင်ရှိခိုးမယ့်နေရာ မသန့်ရှင်း ရှုတ်ပွနေရင်လည်း ရှိခိုးချင်စိတ်ပျောက်တတ်ပါတယ်။
၁၁။ ဧည့်သည်တွေ ရောက်နေတဲ့ အခါမျိုးတွေမှာလည်း ဘုရားရှိခိုးဖို့ ပျက်တတ်ပါတယ်။
၁၂။ အိပ်ရေးမဝရင်လည်း စိတ်မပါတာမျိုးတွေဖြစ်တတ်ပါတယ်။
၁၃။ အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက် နားချိန်သေချာမနားတာရယ်လူမှုရေး စီးပွားရေးတွေကြောင့် စိတ်ပင်ပန်းနေတာတွေ စုံသွားရင်လည်း ဘုရားရှိခိုးချင်စိတ်တွေပျက်ပါတယ်။
၁၄။ ဆီး ဝမ်း သွေး လေ မမှန်ကန်လို့ ငြီးစိစိကြီးဖြစ်နေတာမျိုးတွေလည်းဖြစ်တက်ပါတယ်။
ဒါကြောင့်မိုလို့ အချိန်အခါလေးတွေကို မျှမျှတတလေးအသုံးပြုပြီး မိမိကိုယ်တိုင်ကအေးချမ်းအောင်အတတ်နိုင်ဆုံးနေတတ်မှသာ ပတ်ဝန်းကျင်လည်းအေးချမ်းမှာပါ။
ဘုရားမရှိခိုးခင် မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်ပါ။ အဝတ်အစားအသစ်ဝတ်ပါ။
ရေမွှေးအနည်းငယ်ဆွတ်ပါ။
ကိုယ်ထိုင်ရှိခိုးမယ့် ပတ်ဝန်းကျင် သန့်ရှင်းနေပါစေ။
တိတ်ဆိတ်တဲ့အချိန် ကိုရွေးချယ်ပါ။
အခန်းအပူချိန်ကို ဘုရားမရှိခိုးခင် အဲယားကွန်းသို့မဟုတ် ပန်ကာတို့ဖြင့် ဖွင့်ထားပြီး အပူအအေးမျှတနေပါစေ။
ဖုန်းတွေအကုန် ပိတ်ထားပါ။
အပြင်ကအသံတွေ အတတ်နိုင်ဆုံးမဝင်အောင်တံခါးတွေကို အဆင်ပြေသလို ပိတ်ထား ဖွင့်ထားနိုင်ပါတယ်။
ပထမဆုံး ငါးပါးသီလခံယူဆောက်တည်ပြီးမေတ္တာသုတ် ၉ခေါက် ကို အလွတ်ရရင် မျက်လွှာလေးချပြီး ဖြေးဖြေးနဲ့မှန်မှန် အရင်ရွတ်ဆိုပါ။
ဂုဏ်တော်တွေမပွားများခင်မှာ စိတ်ကို အကုန်လွှတ်ချပြီး ဝင်လေ ထွက်လေလေးကို အာရုံစိုက်ပြီး တရားအရင်ထိုင်ပါ။
စိတ်တွေအေးချမ်းသွားပြီး ငြိမ်သွားပြီ ဆိုကာမှ ရွတ်စရာရှိတာတွေ စရွတ်ပါ။
အဲနည်းလေးအတိုင်း စမ်းကြည့်ပါအေးချမ်းလာပါလိမ့်မယ်…
.နေ့တိုင်း ဘုရားရှစ်ခိုးကြပါ……
credit ပေးပါသည်။