နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင် စီက ထောင်ဒဏ် ၅ နှစ်ထပ်မံ ချမှတ်၊ တစ်ပေါင်းတည်းကျခံစေရန် ပါ၍ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ
ရန်ကုန်၊ ဇန်နဝါရီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလုအကြမ်း ဖက် စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထ ပ်မံ ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။
အာဏာလု စစ်ကောင်စီက အမှုဆင် စွဲဆိုထားသော ပို့ကုန်သွင်းကုန်အမှုအ တွက် ၂နှစ်၊ ဆက်သွယ်ရေးအမှုအတွက် ၁နှစ် ချမှတ်ပြီး ယင်းအမှုနှစ်ခုအ တွက် တစ်ပေါင်းတည်းကျခံစေရန်ဟု အမိန့်ချမှတ်ရာ စုစုပေါင်းထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
ယင်းအပြင် ကိုဗစ်ဆိုင်ရာ ဥပဒေချိုးဖောက်သည်ဟု ဆိုကာ သဘာ၀ဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် အမှုအတွက် ၂နှစ် ချမှတ်ရာ ယနေ့တွင် အမှု ၃ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခြင်းဖြစ်သည်။
အာဏာလု အကြမ်းဖက်စစ်ကောင်စီက တရားစွဲဆိုထားသော အမှု ၃ ခုအတွက် ထောင်ဒဏ် ၄ နှစ်ထပ်မံချမှတ်ခြင်းဖြစ်ကြောင်း၊ မူလက အမှု ၂ ခုအတွက် ထောင် ဒဏ် ၄ နှစ်ချမှတ်ပြီး ၂ နှစ်လျှော့ပေါ့ကြောင်း အကြမ်းဖက် စစ်ကောင်စီက ကြေ ညာခဲ့ရာ စုစုပေါင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခံထားရခြင်းဖြစ်သည်။
အာဏာလု အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် လုယူ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ပစ္စည်းများ ခိုးယူ လုယက်ခြင်း၊ ကလေးငယ်များကို သတ်ဖြတ်ခြင်း၊ ပြည်သူများကို မတရားဖမ်းဆီးထောင်ချ ခြင်း အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန် ပြောဆိုထားသည်။
Unicode



