ၾကားသိရသမွ်

အဘွားတစ်ယောက် အိတ်‌တွေနဲ့ လမ်း‌ဘေးမှာ ထိုင် နေတာ တွေ့တော့ ကင်းစောင့်တဲ့ သူတွေက သွားစစ်ကြည့်တဲ့ အခါ

အဘွားတစ်ယောက် အိတ်‌တွေနဲ့ လမ်း‌ဘေးမှာ ထိုင် နေတာ တွေ့တော့ ကင်းစောင့်တဲ့ သူတွေက သွားစစ်ကြည့်တဲ့ အခါ

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ ရွှေပြည်သာ မြို့နယ်မှာ အဖွားတစ်ယောက် လမ်းဘေးမှာ ထိုင်နေတာ တွေ့လို့ သွားမေးကြတဲ့ အခါ ထိုအဖွားဟာ စကားတွေကို ဦးတည်ရာ မရှိပဲ ပြောနေခဲ့ပါတယ်။

“ဒီအဘွားကို ရွှေပြည်သာမြို့နယ် သံလမ်းမှတ်တိုင် အနီးဗိုလ်ချုပ်လမ်းမ တန်းဘေးမှာထိုင်နေတာတွေ့လို့ ကျနော်တို့ရက်ကွက်က ကင်းစောင့်တဲ့သူတွေ ကတာဝန်အရ သွားစစ်ကြည့်တော့အဘွားကို ဘယ်ကလာတာ လဲ မေးတော့ အဘွားက သူ့သူငယ်ချင်းသုံးယောက်နဲ့ ဘုရားဖူးသွား တာ တဲ့ ဆူးလေဘုရားကိုသူ့သူငယ်ချင်း နှစ်ယောက်က ဆူးလေမှာ ကျန်ခဲ့တယ်ပေါ့ အဲ့လိုဖြေတယ်။

အဘွားဘယ်ပြန်မှာလဲ ထပ်မေးတော့ လှိုင်သာယာပြန်မှာလို့ပြောတယ်။

နောက်တခေါက် အဘွားပြန်မဲ့နေရာ ထပ်မေးတော့ သံလျင်လို့ပြောပြန်ရော။ “ငါမသိတော့ဘူး ငါမမှတ်မိတော့ဘူး လို့လဲပြောတယ်” ထပ်မေးတော့”ငါကြည့်မြင်တိုင် ကနေလာတာ”လို့ထပ်ပြောပြန်ရောသူ့ကြည့်ရတာ ဘာမှမမှတ်မိတဲ့ပုံပါပဲ။ ကျနော်တို့ ရက်ကွက်ကလူကြီး တွေကတော့ တာဝန်အရ သူ့မှာပါလာတဲ့ ပစ္စည်းတွေ စစ်ကြည့်တော့ မုန့်တချို့၊အကျီတချို့နဲ ့အအေးဘူးလေးတစ်ဘူးပါပါ တယ်။

အဘွားကို ထပ်မေးကြတော့ “ငါ့ကိုမှန်လုံကားနဲ့ ချသွားတာ”လို့ပြောပါတယ်။ ဘာမှမေးလို့မရဘူးမေး လဲအမျိုးမျိုး အဖြေထွက်နေတာပါ။ နမည်က ဒေါ်သန်းသန်းမြင့် လို့ပြောပါတယ်။

အသက်ကတော့ ၇၀ လောက်ရှိပါပီ။ ကျနော်တို့လဲ့် ဘယ်သူ့မှ ခုချိန်မှှ ယုံလို့မရတဲ့ အတွက်ကြောင ရက်ကွက်က ပဲစောင့်ရောက်ကြည့် ထားပါတယ်။ ထမင်းလဲကျွေးထားပါတယ်ခဗျ။

အဘွားက အမှန်ပဲ လမ်းပျောက်တာလား သူပြောတဲ့အတိုင်း သူ့ကိုမှန်လုံကားနဲ့ ချသွားတာ တကယ်ပဲလားဆိုတာ ကျနော်တို့လဲမေးလို့မရဘူး ဖစ်နေပါတယ်။

ကူညီရှဲပေးကြပါအုံးခဗျ။ ခုအဘွားကို ရွှေပြည်သာမြို့နယ်၊ သံလမ်းမှတ်တိုင် ၅/၁ ရက်ကွက်ဓမ္မာရုံမှာ ထိန်းသိမ်းထားပါတယ်။” ဆိုပြီး မူရင်း ပို့စ် ပိုင်ရှင်က ရေးသား ဖော်ပြထားခဲ့ပါတယ်။

ပရိတ်သတ်ကြီး ထဲမှ သိတဲ့ သူများရှိရင် ဆက်သွယ်နိုင်ရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။ ဖတ်ရှု အားပေး ခဲ့ကြတဲ့ပရိတ်သတ်ကြီး သာယာသော နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေ။

မူရင်း ရေးသားသူအား လေးစားစွာ ဖြင့် Creditပေးပါသည်။

Zawgyi

အဘြားတစ္ေယာက္ အိတ္‌ေတြနဲ႔ လမ္း‌ေဘးမွာ ထိုင္ ေနတာ ေတြ႕ေတာ့ ကင္းေစာင့္တဲ့ သူေတြက သြားစစ္ၾကည့္တဲ့ အခါ

မဂၤလာပါ ပရိတ္သတ္ႀကီး တို႔ေရ ေ႐ႊျပည္သာ ၿမိဳ႕နယ္မွာ အဖြားတစ္ေယာက္ လမ္းေဘးမွာ ထိုင္ေနတာ ေတြ႕လို႔ သြားေမးၾကတဲ့ အခါ ထိုအဖြားဟာ စကားေတြကို ဦးတည္ရာ မရွိပဲ ေျပာေနခဲ့ပါတယ္။

“ဒီအဘြားကို ေ႐ႊျပည္သာၿမိဳ႕နယ္ သံလမ္းမွတ္တိုင္ အနီးဗိုလ္ခ်ဳပ္လမ္းမ တန္းေဘးမွာထိုင္ေနတာေတြ႕လို႔ က်ေနာ္တို႔ရက္ကြက္က ကင္းေစာင့္တဲ့သူေတြ ကတာဝန္အရ သြားစစ္ၾကည့္ေတာ့အဘြားကို ဘယ္ကလာတာ လဲ ေမးေတာ့ အဘြားက သူ႔သူငယ္ခ်င္းသုံးေယာက္နဲ႔ ဘုရားဖူးသြား တာ တဲ့ ဆူးေလဘုရားကိုသူ႔သူငယ္ခ်င္း ႏွစ္ေယာက္က ဆူးေလမွာ က်န္ခဲ့တယ္ေပါ့ အဲ့လိုေျဖတယ္။

အဘြားဘယ္ျပန္မွာလဲ ထပ္ေမးေတာ့ လႈိင္သာယာျပန္မွာလို႔ေျပာတယ္။

ေနာက္တေခါက္ အဘြားျပန္မဲ့ေနရာ ထပ္ေမးေတာ့ သံလ်င္လို႔ေျပာျပန္ေရာ။ “ငါမသိေတာ့ဘူး ငါမမွတ္မိေတာ့ဘူး လို႔လဲေျပာတယ္” ထပ္ေမးေတာ့”ငါၾကည့္ျမင္တိုင္ ကေနလာတာ”လို႔ထပ္ေျပာျပန္ေရာသူ႔ၾကည့္ရတာ ဘာမွမမွတ္မိတဲ့ပုံပါပဲ။ က်ေနာ္တို႔ ရက္ကြက္ကလူႀကီး ေတြကေတာ့ တာဝန္အရ သူ႔မွာပါလာတဲ့ ပစၥည္းေတြ စစ္ၾကည့္ေတာ့ မုန႔္တခ်ိဳ႕၊အက်ီတခ်ိဳ႕နဲ ့အေအးဘူးေလးတစ္ဘူးပါပါ တယ္။

အဘြားကို ထပ္ေမးၾကေတာ့ “ငါ့ကိုမွန္လုံကားနဲ႔ ခ်သြားတာ”လို႔ေျပာပါတယ္။ ဘာမွေမးလို႔မရဘူးေမး လဲအမ်ိဳးမ်ိဳး အေျဖထြက္ေနတာပါ။ နမည္က ေဒၚသန္းသန္းျမင့္ လို႔ေျပာပါတယ္။

အသက္ကေတာ့ ၇၀ ေလာက္ရွိပါပီ။ က်ေနာ္တို႔လဲ့္ ဘယ္သူ႔မွ ခုခ်ိန္မွွ ယုံလို႔မရတဲ့ အတြက္ေၾကာင ရက္ကြက္က ပဲေစာင့္ေရာက္ၾကည့္ ထားပါတယ္။ ထမင္းလဲေကြၽးထားပါတယ္ခဗ်။

အဘြားက အမွန္ပဲ လမ္းေပ်ာက္တာလား သူေျပာတဲ့အတိုင္း သူ႔ကိုမွန္လုံကားနဲ႔ ခ်သြားတာ တကယ္ပဲလားဆိုတာ က်ေနာ္တို႔လဲေမးလို႔မရဘူး ဖစ္ေနပါတယ္။

ကူညီရွဲေပးၾကပါအုံးခဗ်။ ခုအဘြားကို ေ႐ႊျပည္သာၿမိဳ႕နယ္၊ သံလမ္းမွတ္တိုင္ ၅/၁ ရက္ကြက္ဓမၼာ႐ုံမွာ ထိန္းသိမ္းထားပါတယ္။” ဆိုၿပီး မူရင္း ပို႔စ္ ပိုင္ရွင္က ေရးသား ေဖာ္ျပထားခဲ့ပါတယ္။

ပရိတ္သတ္ႀကီး ထဲမွ သိတဲ့ သူမ်ားရွိရင္ ဆက္သြယ္ႏိုင္ရန္ ရည္႐ြယ္ၿပီး ေဖာ္ျပေပးလိုက္ရပါတယ္။ ဖတ္ရႈ အားေပး ခဲ့ၾကတဲ့ပရိတ္သတ္ႀကီး သာယာေသာ ေန႔ရက္မ်ား ပိုင္ဆိုင္ ႏိုင္ၾကပါေစ။

မူရင္း ေရးသားသူအား ေလးစားစြာ ျဖင့္ Creditေပးပါသည္။