ၾကားသိရသမွ်

မိလ္လာပိုက်ကို အလွယ်တကူ ပိတ်ဆို့စေနိုင်တဲ့ အရာ (၈) ခု

မိလႅာပိုက္ကို အလြယ္တကူ ပိတ္ဆို႔ေစႏိုင္တဲ့ အရာ (၈) ခု

အခ်ိဳ႕ေတြက အိမ္သာ ပိုက္ထဲကို အမႈိက္ေတြ၊ စကၠဴေတြ ထည့္ၿပီး ေရ ဆြဲခ်တတ္ပါတယ္။ အဲဒါေၾကာင့္ အိမ္သာပိုက္ ပိတ္သြားရင္ အခ်ိန္ၾကန႔္ၾကာၿပီး အဆင္မေျပမႈေတြ ျဖစ္ေစပါတယ္။

ပိတ္ဆို႔မႈေတြ မျဖစ္ေအာင္၊ အနံ႔ဆိုးေတြ မျဖစ္ေအာင္ အိမ္သာထဲ ကို ဘယ္လိုအရာေတြ မထည့္သင့္လဲ ဆိုတာကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ တစ္ရႉး စကၠဴ

တစ္ရႉး စကၠဴေတြက အိမ္သာသုံး စကၠဴနဲ႔ ဆင္တူတာေၾကာင့္ အခ်ိဳ႕ေတြက အသုံးျပဳၾကပါတယ္။ ဒါေပမယ့္ တစ္ရႉး စကၠဴေတြက ပိုၿပီး ထူထဲတာေၾကာင့္

ေရဆိုးပိုက္ စနစ္ထဲမွာ ေဆြးျမည့္ဖို႔ ခက္ခဲ ပါတယ္။ အဲဒါေၾကာင့္ အိမ္သာသုံး စကၠဴအစား တစ္ရႉးစကၠဴ သုံးမယ္ဆိုရင္ အိမ္သာေရပိုက္ထဲ မထည့္ဘဲ သန႔္စင္ခန္းထဲက အမႈိက္ပုံးထဲ ကိုသာ လႊင့္ပစ္သင့္ပါတယ္။

၂။ Wet wipes

Wet wipes က သန႔္ရွင္းေရး ျပဳလုပ္တဲ့ အခါ အရမ္းကို အဆင္ေျပတဲ့ အရာပါ။ ဒါေပမယ့္ wet wipe ေတြကို အိမ္သာ ပိုက္ထဲ ထည့္လိုက္ရင္

ပိုက္ ပိတ္ဆို႔သြားပါလိမ့္မယ္။ Wet wipes နဲ႔ သန႔္ရွင္းေရးလုပ္ၿပီးရင္ သန႔္စင္ခန္းထဲက အမႈိက္ပုံးထဲကိုသာ ထည့္သင့္ ပါတယ္။

၃။ ဆီ

အခ်ိဳ႕ေသာ ဟင္းခ်က္ဆီေတြက အပူခ်ိန္ နည္းတဲ့အခါ ပိုက္ထဲမွာ ပိတ္ေန တတ္ပါတယ္။ အဲဒီအခါ ေရေတြက အေပၚကို ျပန္တက္လာၿပီး အဆင္မေျပ

ျဖစ္ေနမွာပါ။ ဆီပါတဲ့ အစားအစာေတြကို ေရဆိုးပိုက္ထဲကို အလြယ္တကူ မလႊင့္ပစ္ဘဲ စနစ္တက်ထုတ္ပိုးၿပီးမွ စြန႔္ပစ္ပါ။

၄။ ေသာက္ေဆး၊ အိမ္သုတ္ ေဆး

အခ်ိဳ႕ ဓာတုေဆးေတြကို ေရဆိုးပိုက္ထဲ ပစ္လိုက္ရင္ အဆိပ္အေတာက္ျဖစ္ၿပီး ရက္ေပါင္းမ်ားစြာ ေရေတြ ပိတ္ေနတတ္ပါတယ္။ အထူးသျဖင့္ ေသာက္ေဆး၊ အိမ္သုတ္ေဆး၊ ေရမခဲေဆးေတြကို ေရဆိုးပိုက္ထဲ

မထည့္သင့္ ပါဘူး။ အေရာင္ခြၽတ္ေဆးေတြကိုလည္း အိမ္သာထဲကို အလြယ္တကူ ထည့္လိုက္ရင္ ပိုက္ေတြကို ၾကာရွည္ မခံေစပါဘူး။ ဒါ့အျပင္ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္ေငြ႕ေတြကိုလည္း ထုတ္လႊတ္ပါတယ္။

၅။ လစဥ္သုံး ပစၥည္းမ်ား

လြယ္လြယ္နဲ႔ မၿပိဳကြဲလြယ္တဲ့ အမ်ိဳးသမီး လစဥ္သုံးပစၥည္းေတြ၊ ဒိုင္ပါေတြကို အိမ္သာထဲ ကို ထည့္ၿပီး လႊင့္လိုက္ရင္ ေရဆိုးပိုက္က လ်င္လ်င္ျမန္ျမန္ ပိတ္သြားပါတယ္။ လစဥ္သုံး ပစၥည္းေတြနဲ႔

ဒိုင္ပါေတြကို အိမ္သာထဲ မထည့္ဘဲ အိတ္ေလး တစ္လုံးထဲမွာ ထည့္ၿပီးေတာ့ သန႔္စင္ခန္းထဲက အမႈိက္ပုံးထဲ မွာသာ ပစ္ပါ။

၆။ ေၾကာင္အညစ္အေၾကးစြန႔္တဲ့ သဲ

အခ်ိဳ႕ေတြက ေၾကာင္ေတြ အညစ္အေၾကးစြန႔္ၿပီးတဲ့အခါ သဲေတြကို အိမ္သာထဲကို ပစ္တတ္ၾကပါတယ္။ သဲေတြက အိမ္သာကို ပိတ္ေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။ ေၾကာင္အညစ္အေၾကးမွာ Toxoplasma gondi ပါတာေၾကာင့္

လူသားေတြရဲ႕ ကိုယ္ခံအား စနစ္ကို ဒုကၡေပးပါတယ္။ အဲဒါေၾကာင့္ ေၾကာင္အညစ္အေၾကးနဲ႔ အတူ သဲေတြကို အိတ္ထဲမွာ ထည့္ၿပီးေတာ့သာ အျခားေနရာမွာ စြန႔္ပစ္ပါ။

၇။ ဆံပင္

ဆံပင္ေတြကို အိမ္သာထဲကို အလြယ္တကူ လႊင့္ပစ္တဲ့ အခါ ဆံပင္ေတြ လုံးသြားၿပီး ေရဆိုးပိုက္ ကို ပိတ္ေနေစမွာပါ။ ဒါ့အျပင္ အနံ႔အသက္ ဆိုးေတြကိုပါ

ျဖစ္လာေစပါတယ္။ ဆံပင္ကြၽတ္ေတြကို အိမ္သာထဲ အလြယ္တကူ မပစ္ဘဲ အိတ္သီးသန႔္နဲ႔ ထည့္ၿပီး အမႈိက္ပုံးထဲ ကို လႊင့္ပါ။

၈။ စားႂကြင္း စားက်န္မ်ား

ဆံပင္ေတြလိုပဲ စားႂကြင္းစားက်န္ေတြ ဟာလည္း အိမ္သာထဲကို မပစ္သင့္တဲ့ အရာေတြပါ။ အခ်ိဳ႕ အစားအစာေတြက ပိုက္မွာ ကပ္က်န္ေနတတ္တာေၾကာင့္ ေရဆိုးပိုက္ ပိတ္တာကို ခဏခဏ ျဖစ္ေစမွာပါ။ အစားအစာေတြကို ျဖစ္သလို လႊင့္ပစ္ရင္ က်န္းမာေရးကိုလည္း ထိခိုက္ လာေစမွာပါ။Crd

Unicode

မိလ္လာပိုက်ကို အလွယ်တကူ ပိတ်ဆို့စေနိုင်တဲ့ အရာ (၈) ခု
အချို့တွေက အိမ်သာ ပိုက်ထဲကို အမှိုက်တွေ၊ စက္ကူတွေ ထည့်ပြီး ရေ ဆွဲချတတ်ပါတယ်။ အဲဒါကြောင့် အိမ်သာပိုက် ပိတ်သွားရင် အချိန်ကြန့်ကြာပြီး အဆင်မပြေမှုတွေ ဖြစ်စေပါတယ်။

ပိတ်ဆို့မှုတွေ မဖြစ်အောင်၊ အနံ့ဆိုးတွေ မဖြစ်အောင် အိမ်သာထဲ ကို ဘယ်လိုအရာတွေ မထည့်သင့်လဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။

၁။ တစ်ရှူး စက္ကူ

တစ်ရှူး စက္ကူတွေက အိမ်သာသုံး စက္ကူနဲ့ ဆင်တူတာကြောင့် အချို့တွေက အသုံးပြုကြပါတယ်။ ဒါပေမယ့် တစ်ရှူး စက္ကူတွေက ပိုပြီး ထူထဲတာကြောင့်

ရေဆိုးပိုက် စနစ်ထဲမှာ ဆွေးမြည့်ဖို့ ခက်ခဲ ပါတယ်။ အဲဒါကြောင့် အိမ်သာသုံး စက္ကူအစား တစ်ရှူးစက္ကူ သုံးမယ်ဆိုရင် အိမ်သာရေပိုက်ထဲ မထည့်ဘဲ သန့်စင်ခန်းထဲက အမှိုက်ပုံးထဲ ကိုသာ လွှင့်ပစ်သင့်ပါတယ်။

၂။ Wet wipes

Wet wipes က သန့်ရှင်းရေး ပြုလုပ်တဲ့ အခါ အရမ်းကို အဆင်ပြေတဲ့ အရာပါ။ ဒါပေမယ့် wet wipe တွေကို အိမ်သာ ပိုက်ထဲ ထည့်လိုက်ရင်

ပိုက် ပိတ်ဆို့သွားပါလိမ့်မယ်။ Wet wipes နဲ့ သန့်ရှင်းရေးလုပ်ပြီးရင် သန့်စင်ခန်းထဲက အမှိုက်ပုံးထဲကိုသာ ထည့်သင့် ပါတယ်။

၃။ ဆီ

အချို့သော ဟင်းချက်ဆီတွေက အပူချိန် နည်းတဲ့အခါ ပိုက်ထဲမှာ ပိတ်နေ တတ်ပါတယ်။ အဲဒီအခါ ရေတွေက အပေါ်ကို ပြန်တက်လာပြီး အဆင်မပြေ

ဖြစ်နေမှာပါ။ ဆီပါတဲ့ အစားအစာတွေကို ရေဆိုးပိုက်ထဲကို အလွယ်တကူ မလွှင့်ပစ်ဘဲ စနစ်တကျထုတ်ပိုးပြီးမှ စွန့်ပစ်ပါ။

၄။ သောက်ဆေး၊ အိမ်သုတ် ဆေး

အချို့ ဓာတုဆေးတွေကို ရေဆိုးပိုက်ထဲ ပစ်လိုက်ရင် အဆိပ်အတောက်ဖြစ်ပြီး ရက်ပေါင်းများစွာ ရေတွေ ပိတ်နေတတ်ပါတယ်။ အထူးသဖြင့် သောက်ဆေး၊ အိမ်သုတ်ဆေး၊ ရေမခဲဆေးတွေကို ရေဆိုးပိုက်ထဲ

မထည့်သင့် ပါဘူး။ အရောင်ချွတ်ဆေးတွေကိုလည်း အိမ်သာထဲကို အလွယ်တကူ ထည့်လိုက်ရင် ပိုက်တွေကို ကြာရှည် မခံစေပါဘူး။ ဒါ့အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကိုလည်း ထုတ်လွှတ်ပါတယ်။

၅။ လစဉ်သုံး ပစ္စည်းများ

လွယ်လွယ်နဲ့ မပြိုကွဲလွယ်တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ၊ ဒိုင်ပါတွေကို အိမ်သာထဲ ကို ထည့်ပြီး လွှင့်လိုက်ရင် ရေဆိုးပိုက်က လျင်လျင်မြန်မြန် ပိတ်သွားပါတယ်။ လစဉ်သုံး ပစ္စည်းတွေနဲ့

ဒိုင်ပါတွေကို အိမ်သာထဲ မထည့်ဘဲ အိတ်လေး တစ်လုံးထဲမှာ ထည့်ပြီးတော့ သန့်စင်ခန်းထဲက အမှိုက်ပုံးထဲ မှာသာ ပစ်ပါ။

၆။ ကြောင်အညစ်အကြေးစွန့်တဲ့ သဲ

အချို့တွေက ကြောင်တွေ အညစ်အကြေးစွန့်ပြီးတဲ့အခါ သဲတွေကို အိမ်သာထဲကို ပစ်တတ်ကြပါတယ်။ သဲတွေက အိမ်သာကို ပိတ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ကြောင်အညစ်အကြေးမှာ Toxoplasma gondi ပါတာကြောင့်

လူသားတွေရဲ့ ကိုယ်ခံအား စနစ်ကို ဒုက္ခပေးပါတယ်။ အဲဒါကြောင့် ကြောင်အညစ်အကြေးနဲ့ အတူ သဲတွေကို အိတ်ထဲမှာ ထည့်ပြီးတော့သာ အခြားနေရာမှာ စွန့်ပစ်ပါ။

၇။ ဆံပင်

ဆံပင်တွေကို အိမ်သာထဲကို အလွယ်တကူ လွှင့်ပစ်တဲ့ အခါ ဆံပင်တွေ လုံးသွားပြီး ရေဆိုးပိုက် ကို ပိတ်နေစေမှာပါ။ ဒါ့အပြင် အနံ့အသက် ဆိုးတွေကိုပါ

ဖြစ်လာစေပါတယ်။ ဆံပင်ကျွတ်တွေကို အိမ်သာထဲ အလွယ်တကူ မပစ်ဘဲ အိတ်သီးသန့်နဲ့ ထည့်ပြီး အမှိုက်ပုံးထဲ ကို လွှင့်ပါ။

၈။ စားကြွင်း စားကျန်များ

ဆံပင်တွေလိုပဲ စားကြွင်းစားကျန်တွေ ဟာလည်း အိမ်သာထဲကို မပစ်သင့်တဲ့ အရာတွေပါ။ အချို့ အစားအစာတွေက ပိုက်မှာ ကပ်ကျန်နေတတ်တာကြောင့် ရေဆိုးပိုက် ပိတ်တာကို ခဏခဏ ဖြစ်စေမှာပါ။ အစားအစာတွေကို ဖြစ်သလို လွှင့်ပစ်ရင် ကျန်းမာရေးကိုလည်း ထိခိုက် လာစေမှာပါ။Crd