ၾကားသိရသမွ်

ဖမ်းဆီးခံထားရတဲ့ မောင်လျှံဖြိုးအောင်ရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ် သူမရဲ့မျက်ကြည်လွှာတစ်ဖက်ကို လှူဒါန်းချင်တဲ့ မိန်းကလေးတစ်ဦး

ဖမ်းဆီးခံထားရတဲ့ မောင်လျှံဖြိုးအောင်ရဲ့ မွေးနေ့မှာလက်ဆောင်အဖြစ် သူမရဲ့မျက်ကြည်လွှာတစ်ဖက်ကို လှူဒါန်းချင်တဲ့ မိန်းကလေး

တစ်ဦး

မကွေးအကျဉ်းထောင်ထဲမှာ ပုဒ်မ၅၀၅(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မောင်လျှံဖြိုးအောင်ကတော့

ကိုယ်လက်အင်္ဂါမစုံလင်တော့ပေမယ့် အားတင်းပြီးရင်ဆိုင်နေတာဖြစ်ပါတယ်

မောင်လျှံဖြိုးအောင်က ဘေးလူကူညီပေးမှ ထိုင်နိုင်၊ထနိုင်တဲ့ အခြေအနေဖြစ်လို့ ထောင်ထဲမှာ ဘယ်လိုများနေမလဲဆိုပြီး

မိသားစုဝင်တွေကလည်း စိတ်ပူနေရတာဖြစ်ပါတယ်။ဒါ့အပြင် ဆေးကုသဖို့လည်း အမြန်လိုအပ်နေတာကြောင့်

သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြည်သူတချို့က အသနားခံစာရေးပြီး သက်ဆိုင်ရာနေရာကို တင်ထားကြတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူကလည်း သူ့ရဲ့သားငယ်လေးအတွက် နေ့ရောညပါ စိတ်ပူနေရတာဖြစ်ပါတယ်။

သားငယ်လေးရဲ့ ညာဘက်မျက်လုံးကလည်း အစားထိုးကုသဖို့လိုအပ်တဲ့အပြင်

ကိုယ်လက်အင်္ဂါတွေအတွက် လေ့ကျင့်ခန်းတွေလည်းလုပ်ရဦးမယ်လို့သိရပါတယ်။

မောင်လျှံဖြိုးအောင်ကတော့ နွေဦးတော်လှန်ရေးမှာတစ်တပ်တစ်အားပါဝင်ခဲ့ပြီး

ခန္ဓာကိုယ်အကောင်းအတိုင်းပြန်မဖြစ်တော့တာကြောင့်

ပြည်သူတွေကလည်း သူ့အတွက်စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

ဒီနေ့ဆိုရင် မောင်လျှံဖြိုးအောင်ရဲ့ (၂၃)နှစ်ပြည့် မွေးနေ့ဖြစ်လို့ သူ့အတွက်မွေးနေ့လက်ဆောင်အဖြစ်

နောက်ထပ်မိန်းကလေးတစ်ဦးက မျက်ကြည်လွှာလှူချင်ပါတယ်ဆိုပြီး ပြောလာတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်က ကိုယ်လက်အင်္ဂါတွေလည်း ဆုံးရှုံးထားရတာဖြစ်လို့ မျက်လုံးလေးပြန်မြင်ရဖို့အတွက်

စေတနာရှင်မိန်းကလေးကသဒ္ဓါတရားထက်သန်နေတာပဲဖြစ်ပါတယ်။ သူမကတော့ “မျက်စိတစ်ဖက်ပဲရှိရင်ရပါပြီ”ဆိုပြီး

စေတနာပြည့်ဝလွန်းတဲ့ မိန်းကလေးရဲ့စိတ်ဓာတ်ကို လေးစားမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi


စ်ဦး















