ၾကားသိရသမွ်

သခင့်ကို ဒဏ်ရာရအောင်လုပ်ခဲ့မိလို့ စိတ်မကောင်းဖြစ်ကာ ပွေ့ဖက်တောင်းပန်ခဲ့တဲ့ ခွေးလေး

Chow Chow (Moose) အမည်ရှိတဲ့ ခွေးလေးဟာ သူ့ရဲ့သခင်ကို ဒဏ်ရာရအောင်လုပ်ခဲ့မိလို့ ကြောက်လန့်နေခဲ့တဲ့အပြင် ဝမ်းနည်းနေခဲ့ကာ နာရီတိုင်းသခင့်ကိုအမြဲသွားရောက် စစ်ဆေးနေလျက်ရှိပါတယ် ။ အဖြစ်အပျက်လေးကတော့ ပြီးခဲ့တဲ့ December 20 ရက်နေ့က ခွေးလေးရဲ့သခင် Icho ဟာ Netflix ကနေ show တစ်ခုကိုကြည့်နေစဉ် Moose လေးကရောက်ရှိလာပြီး သူ့ကို ကုတ်ပေးဖို့ သခင့်နာအပူကပ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း အရှိန်မထိန်နိုင်ဘဲ ခွေးလေး Moose က သခင့်ရဲ့ ညာဖက်မျက်လုံးကို အမှတ်မထင်ကုတ်ခြစ်မိခဲ့ပါတော့တယ် ။ ပြင်းထန်စွာနာကျင်လွန်းလို့ သခင်ဖြစ်သူမှာလည်း အနီးအနားမှာရှိတဲ့ မျက်စိဆေးခန်းသို့ သွားရောက်ကုသမှုခံယူခဲ့ရပါတယ် ။ မျက်ကြည်လွှာတစ်လွှာက ပေါက်ပြဲသွားခဲ့ပေမဲ့ ကံကောင်းစွာနဲ့ နက်ရှိုင်းလွန်းတဲ့ဒဏ်ရာမျိုး ရရှိခဲ့ခြင်းမရှိပါဘူး ။

သခင်ဖြစ်သူအိမ်ပြန်ရောက်လာခဲ့ချိန်မှာတော့ စိတ်မကောင်းဖြစ်နေခဲ့တဲ့ Moose လေးက သခင့်ရဲ့ပေါင်ပေါ် သူ့ရဲ့ခေါင်းလေးကို ဖြေးညင်းစွာတင်ပြီး ဝမ်းနည်းစွာ တောင်းပန်ပါတယ် ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်နေခဲ့ပါတယ် ။ သခင်ဖြစ်သူကလည်း Moose လေးကိုပြန်ပွေ့ဖက်ပြီး ရပါတယ် ၊ အဆင်ပြေသွားမှာပါ ဆိုပြီးပြန်ပြောပေးခဲ့ပါတယ် ။ ဒါပေမဲ့လည်း ကိုယ့်ကိုအပြစ်ရှိမှန်းသိနေခဲ့တဲ့ Moose လေးက သခင့်ကိုအချိန်တောင်လာရောက်ကြည့်ရှုစစ်ဆေးပေးနေလျက်ရှိပါတယ် ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

Chow Chow (Moose) အမည်ရှိတဲ့ ခွေးလေးဟာ သူ့ရဲ့သခင်ကို ဒဏ်ရာရအောင်လုပ်ခဲ့မိလို့ ကြောက်လန့်နေခဲ့တဲ့အပြင် ဝမ်းနည်းနေခဲ့ကာ နာရီတိုင်းသခင့်ကိုအမြဲသွားရောက် စစ်ဆေးနေလျက်ရှိပါတယ် ။ အဖြစ်အပျက်လေးကတော့ ပြီးခဲ့တဲ့ December 20 ရက်နေ့က ခွေးလေးရဲ့သခင် Icho ဟာ Netflix ကနေ show တစ်ခုကိုကြည့်နေစဉ် Moose လေးကရောက်ရှိလာပြီး သူ့ကို ကုတ်ပေးဖို့ သခင့်နာအပူကပ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း အရှိန်မထိန်နိုင်ဘဲ ခွေးလေး Moose က သခင့်ရဲ့ ညာဖက်မျက်လုံးကို အမှတ်မထင်ကုတ်ခြစ်မိခဲ့ပါတော့တယ် ။ ပြင်းထန်စွာနာကျင်လွန်းလို့ သခင်ဖြစ်သူမှာလည်း အနီးအနားမှာရှိတဲ့ မျက်စိဆေးခန်းသို့ သွားရောက်ကုသမှုခံယူခဲ့ရပါတယ် ။ မျက်ကြည်လွှာတစ်လွှာက ပေါက်ပြဲသွားခဲ့ပေမဲ့ ကံကောင်းစွာနဲ့ နက်ရှိုင်းလွန်းတဲ့ဒဏ်ရာမျိုး ရရှိခဲ့ခြင်းမရှိပါဘူး ။

သခင်ဖြစ်သူအိမ်ပြန်ရောက်လာခဲ့ချိန်မှာတော့ စိတ်မကောင်းဖြစ်နေခဲ့တဲ့ Moose လေးက သခင့်ရဲ့ပေါင်ပေါ် သူ့ရဲ့ခေါင်းလေးကို ဖြေးညင်းစွာတင်ပြီး ဝမ်းနည်းစွာ တောင်းပန်ပါတယ် ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်နေခဲ့ပါတယ် ။ သခင်ဖြစ်သူကလည်း Moose လေးကိုပြန်ပွေ့ဖက်ပြီး ရပါတယ် ၊ အဆင်ပြေသွားမှာပါ ဆိုပြီးပြန်ပြောပေးခဲ့ပါတယ် ။