ၾကားသိရသမွ်

ရံပုံငွေအတွက် NUG လုပ်ဆောင်မယ့် လမ်းကြောင်း ၃ ခု

ညက ပြုလုပ်တဲ့ အွန်လိုင်း အစည်းအဝေးမှာ နိုင်ငံတကာရောက် မြန်မာ ၅၀၀ ပြည့်နီးပါး တက်ရောက်ကြပြီး NUG က ပြည်ထောင်စုဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးအတော်များများနဲ့ ကိုမင်းကိုနိုင်၊ ကိုနေဖုန်းလတ် စတဲ့ တာဝန်ရှိ လူကြီးတွေ တက်ရောက်ကာ ရှင်းလင်း ပြောကြား ဖြေကြားချက်အရ …

ရံပုံငွေအတွက် 1) Tax 2) Bond 3) One Day of Your Salary ဆိုပြီး လမ်းကြောင်း ၃ ခု ‌စတင် ဆောင်ရွက်ရန် ရှိပါတယ်။

အခွန်ပေးဆောင်တဲ့ အခွန်ထမ်း ပြည်သူတွေကို Unique Tax ID တစ်ခုကို ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပြီးတဲ့အခါ အဆိုပါ ID ပြနိုင်သူတွေကို အခွန်သက်သာခွင့်/ ခုနှိမ်ခွင့်တွေအပြင် ချီးမြှင့်ဂုဏ်ပြုမှုတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ (အခွန်ဆောင်မယ့် ပြည်တွင်း ပြည်ပ ကုမ်ပဏီကြီးတွေလည်း အသင့် စောင့်နေ‌ကြောင်း သိရှိရပါတယ်။)

US က ထိန်းချုပ်ထားတဲ့ ပြည်သူတွေ ပိုင်တဲ့ USD 1 ဘီလျှံ ပြန်လည် ရရှိရေးအတွက်လည်း Unlocking Funds in US ဆိုတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကြိုးစားဆောင်ရွက်နေပါတယ်။

ယာယီသမ္မတကြီးကိုယ်တိုင် သမ္မတဘိုင်ဒင်ဆီ စာနှစ်ကြိမ် ပို့ပြီး တောင်းဆိုထားပြီး ဖြစ်သလို CRPH ဥက္ကဌကြီး ဦးအောင်ကြည်ညွှန့် အနေနဲ့လည်း US Capitols ကို တရားဝင် စာပို့ တောင်းဆိုထားပြီး စီမံ – ဘဏ္ဍာ – ရင်းနှီးမြှုပ်နှံ ဝန်ကြီး ဦးတင်ထွန်းနိုင်လည်း တွေ့သင့်တွေ့ထိုက်တဲ့ US Officials တွေကို လူချင်းတွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်။

NUG က ငွေတိုက်စာချုပ်တွေ (Bonds) ထုတ်ရောင်းဖို့ စီစဉ်နေပြီး မကြာခင် ထုတ်ပြန် ကြေညာသွားပါလိမ့်မယ်။ တော်လှန်ရေးမှာ ရံပုံငွေ မရှိ မဖြစ် လိုအပ်တာမလို့ အခုလို ဒေါ်လာနဲ့ ရွှေတွေ မဟားဒရား တက်အောင် ချယ်လှယ်ကစား ခံရလို့ ဘာလုပ်ရမှန်း မသိချိန် … တော်လှန်ရေးကို အားဖြည့်ရင်း ငွေစု ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်စေတာမို့ အင်မတန် ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပြီး Raffle Ticket လို ကျိန်းသေပေါက် အောင်မြင်မယ့် ရံပုံငွေ သန်းထောင်ချီ ရနိုင်မယ့် အစီအစဉ်ပါ။ ဝယ်ယူဖို့သာ စောင့်ဆိုင်းပေးကြပါ။

‌ဉပမာ … ဒေါ်လာ ၅၀၀ တန် စာချုပ်ပေါင်း … ၁၀ သိန်း ရောင်းရရင် … အန်ယူဂျီအတွက် သန်း ၅၀၀ ရပါတယ်။

ငွေတိုက်စာချုပ်အတွက် လူတန်းစား အားလုံး ပါဝင်နိုင်အောင် … $100 … $500 … $1,000 … $5,000 & $10,000 တန် စာချုပ်တွေ ရောင်းပေးဖို့ ​ရေးသား အကြံပြုခဲ့တယ်။

၀မ်းသာအားရစရာ သတင်းတခုက NUGက ရောင်းချမယ့် ငွေတိုက်စာချုပ်ကို ‌‌ဒေါ်လာ သိန်း ၅၀၀ ဖိုး ၀ယ်ယူဖို့ စတင် ‌ပြောထားသူ လက်ခံ ရရှိထား‌ကြောင်းပါ။

နိုင်ငံတကာရောက် မြန်မာတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ တစ်ရက်တာ လစာ (ဝင်ငွေ)ကို စုပေါင်း လှူဒါန်းကြခြင်းပါ။ စင်္ကာပူအတွက် ဘယ်လို ဆောင်ရွက်လို့ ရမလဲ ၀ိုင်းဆွေးနွေးပြီးရင် ပြန်လည် ပြောပါမယ်။

ဆိုရရင် ဒီနောက်ဆုံး မိစ္ဆာတွေ အမြစ်ဖြတ် တိုက်ပွဲကို စိတ်ရှည် သည်းခံပြီး အဆုံးထိ ရေရှည် တိုက်ရမှာ ဖြစ်ပါတယ်။

၁။ တဆက်တည်း စကစရဲ့ အကြီးမားဆုံး ဝင်ငွေရလမ်း တခု ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေကို ပိတ်ဆို့ဖို့ UN, EU တို့ တောင်းဆိုနေတာ လုံးဝ မရသေးပါ။ ဒီလို ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းတွေ Conglomerates ကို သက်ဆိုင်ရာ အစိုးရ အနေနဲ့ ဖိအားပေးရ ခက်နေတဲ့ သဘောလို့ ယူဆနိုင်ပြီး …

ဆက်လက် ကြိုးစားနေဆဲဖြစ်သလို စကစနဲ့ ဆက်လက် ဆောင်ရွက်နေတဲ့ ရေနံကုမ္ပဏီ … ဉပမာ Total ကို တရားစွဲဆိုနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနဲ့အတူ နိုင်ငံတကာ Law Firm တစ်ခုနဲ့ လက်ရှိ စီစဉ် ဆောင်ရွက်နေပါတယ်။

၂။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး အနှစ် ၇၀ ကျော် အတွေ့အကြုံ ရှိသူတွေ အပါအဝင် တတ်သိပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် ဆောင်ရွက်နေတယ်လို့ ထပ်လောင်း ပြောကြားပြီး အရာရာတိုင်းကို အသေးစိတ် ပြောလို့ မရတာကို နားလည်ပေးဖို့လည်း ပြောကြားပါတယ်။

၃။ ပြည်ထောင်စု ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေနဲ့ ကိုမင်းကိုနိုင်တို့ အမှာစကား ကျေးဇူးတင်စကား ပြောကြားတဲ့ လူအများဆုံး ဖိတ်ကြား တက်ရောက်ကြတဲ့ အစည်းအဝေးမှာ စိတ်မသက်သာစရာ အကောင်းဆုံးက အစည်းအဝေး ချက်ဘောက်က ကွန်မန့်တွေပါပဲ။ မပြောခင် မမန့်ခင် ရင့်ကျက်စွာ စဉ်းစားမှု မရှိဘဲ ပြောဆို ရေးသားခြင်းပါ။

၂ ဦး – ၃ ဦးဆို အတော်လေးကို ယဉ်ကျေးမှု မရှိဘဲ ရေးသား ပြောဆိုမှုတွေ တွေ့ရပါတယ်။ မေးခွန်း မေးသူတချို့နဲ့ တက်ရောက်သူတချို့လည်း အိမ်စာမ‌ကြေ စိတ်ခံစားမှုနဲ့ အပြစ်တင် မေးမြန်းတာ၊ ချက်ဘောက်မှာ ရေးသားကြတာ တွေ့ရတယ်။

ဥပမာ အနေနဲ့ ပြောရရင် … လက်ရှိရထားတဲ့ ရံပုံငွေတွေကို ဘာကြောင့် ပီဒီအက်ဖ်တွေကို လက်နက် တပ်ဆင် မပေးတာလဲ ရေးကြ ပြောကြတာပါ။

‌ဒေါက်တာဇော်‌‌ဝေစိုးရဲ့ ဖြေကြားချက် (အရင်ကလည်း သူ့အင်တာဗျူးမှာ အဲ့လို တွက်ချက် ဖြေထားဖူးပါတယ်) Raffle Ticket ရောင်းရငွေ 7 Mil

7 Mil x 2000 Ks = 14,000,000,000 Ks / 5,000,000 Ks ( သရက်သီးသနပ် ) = 2800

လက်ရှိမှာ ပီဒီအက်ဖ်ပေါင်း သောင်းဂဏန်း ရှိနေသလို လိုကယ် ပီဒီအက်ဖ် သိန်းဂဏန်း ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး နီးစပ် ပတ်သက်ရာကနေ တတ်နိုင်တာထက် ပိုပြီး ကူကြ လှူကြဖို့ လိုပါတယ်။ ကူနိုင် လှူနိုင်အောင်လည်း အမြဲ ကြိုးစား ဆောင်ရွက်နေကြရပါတမယ်။

တချို့လည်း ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်ပြောပြီး အန်ယူဂျီရဲ့ အသေးစိတ် ထုတ်ပြန် ကြေညာချက်တွေကို မသိဘဲ ပြောဆိုနေတာလည်း တွေ့ရတယ်။

၂ ဦးကတော့ မမေးသင့်တဲ့ မေးခွန်းတွေ မေးနေတာ တွေ့ရတယ်။ မသိရင် စကစ ဒလန်ကျနေတာပဲ။ မေးတာက အခု “ခင်ဗျားတို့ ဘယ်မှာ အခြေစိုက်သလဲ” တဲ့ အီးလို ရေး‌မေးတာပါ။ နောက်တစ်ဉီးကလည်း မမေးသင့်တဲ့ အသေးစိတ်တွေ ရေးမေးတယ်။

ကျေနပ်စရာ ကောင်းတာက တာဝန်ရှိသူတွေဟာ ခုလို ပြောဆိုတာတွေကို ကောင်းမွန်စွာ ဖြေကြားပေးသလို လောလောဆယ် အနေအထားအရ အားလုံးအတွက် ပြည့်စုံအောင် မဆောင်ရွက်ပေးနိုင်သေးမှုအပေါ် တောင်းပန်စကား ပြောကြားကြတာပါ။

တချို့တွေလည်း စိတ်ခံစားမှုနဲ့လား၊ ဘယ်လို သဘောနဲ့လည်း မစောကြောတတ်ပေမယ့် အပြုသဘော မဆန်တဲ့ စိတ်ခံစားမှု ဦးစားပေးတဲ့ ရေးသားမှုတွေ တွေ့ရပါတယ်။

အဓိက တောင်းဆိုချင်တာက ကျွန်တော်တို့က တော်လှန်ရေးကို ၀မ်းနည်း ကြေကွဲနေတဲ့ စိတ်ခံစားချက် တခုတည်းနဲ့ လုပ်လို့ မရပါဘူး။ အထူးသဖြင့် လူအများအတွက် ဆောင်ရွက်မယ့်သူ ဦးဆောင်ပေးမယ့်သူဟာ ၀မ်းနည်း ကြေကွဲနေလို့ မရ၊ ခိုင်မာတဲ့ ရပ်တည်ချက် ဉာဏ်ပညာနဲ့ ဆောင်ရွက်ကြရမှာပါ။

ဘာပဲဖြစ်ပါစေ … ဒီနောက်ဆုံး မိစ္ဆာတွေ နှိမ်နင်းပွဲ အောင်ကို အောင်ရမယ်။ မအောင်မချင်း စိတ်ဓါတ် ခိုင်မာစွာနဲ့ တိုက်ကြရမယ်။

အောင်ဖို့အတွက် နိုင်ငံသား တာဝန်ကျေပွန်စွာ …ကူကြ လှူကြပါ

စိုးထွန်း