ၾကားသိရသမွ်

အသက် ၃၁ နှစ်ရှိပြီဖြစ်ပေမဲ့ ကြီးပြင်းလာခြင်းမရှိတဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးနေခဲ့ရတဲ့ မိခင်

ထိုင်းငုယင်ခရိုင်၊ ဒိုင်တူးခရိုင်၊ Dong Ca ရွာ၊ Hung Son ကွန်မြူနတီမှာ နေထိုင်တဲ့ မိခင်နဲ့ ကံမကောင်းတဲ့ သမီးဖြစ်သူ D. ရဲ့ ဝမ်းနည်းစရာအကြောင်းကို ဝေမျှပေး

မှာဖြစ်ပါတယ် ။ D. ရဲ့ ခန္ဓာကိုယ်က ကြည့်လိုက်ရင် 2 နှစ်အရွယ် ကလေးလေးလိုရှိနေသေးပေမဲ့ ဒီနှစ်မှာ သူမရဲ့အသက်က 31 နှစ်ရှိနေပြီဆိုတာကို ဘယ်သူမှ မယုံနိုင်

ပါဘူး ။ မွေးဖွားခါစမှာ သူမက 2.5 ကီလိုဂရမ်အလေးချိန်ရှိတဲ့ ချစ်စဖွယ်သမီးလေးတစ်ဦးဖြစ်ပေမဲ့ 6-နှစ်သားအရွယ်မှာ ရုတ်တရက်ဖျားသွားပြီး တီဘီ

ကာကွယ်ဆေးထိုးပြီးတဲ့နောက် D. ရဲ့ လက်မောင်းနှစ်ဖက်စလုံးက lymph nodes များ ရောင်ရမ်းလာစေခဲ့ပါတယ် ။ ထိုအချိန်မှစပြီး သူမရဲ့ ကျန်းမာရေးက သိသိ

သာသာ ဆိုးရွားလာကာ မကြာခဏ နေမကောင်းဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်က နောက်ထပ် မဖွံ့ဖြိုးတော့ပါဘူး ။

.

သားသမီးများကို ချစ်မြတ်နိုးတဲ့ အဆိုပါ မိသားစုက ဆေးကုသမှုခံယူရန် အနီးနားတစ်ဝိုက်မှ ငွေများကို စုဆောင်းကာ ချေးငှားခဲ့သောလည်း D.ရဲ့ရောဂါက ကောင်းမ

လာခဲ့ပါ ။ ဘာလုပ်ရမှန်းမသိတော့ လင်မယားနှစ်ယောက်လုံး မျက်ရည်တွေကျပြီး သူတို့ကလေးရဲ့ ကံတရားလို့ဘဲ သတ်မှတ်လိုက်ပါတယ် ။

.

ယခုမှာ အသက် 31 နှစ်ရှိပြီဖြစ်သော်လည်း D. ရဲ့ ခန္ဓာကိုယ်က အရပ် 70 စင်တီမီတာခန့်ရှိပြီး 13 ကီလိုဂရမ်သာ အလေးချိန်ရှိတဲ့ ကလေးလေး အန္ဓာကိုယ်ပင်ဖြစ်ပါ

တယ် ။ တစ်နေ့ပြီးတစ်နေ့ သူမက အိမ်ငယ်လေးရဲ့ ထောင့်တစ်နေရာမှာ တစ်ယောက်တည်းပုန်းနေလိုက်ပါတယ် ။

.

သီလရှင်များက D. ကို စောင့်ရှောက်ရန် ကမ်းလှမ်းသော်လည်း မိခင်က ချက်ချင်း ခေါင်းယမ်းကာ D. ရဲ့ အခြေအနေကို သိတဲ့ US က အမျိုးသားတစ်ဦးရှိသဖြင့်

လက်ဆောင်နဲ့ အရုပ်များကို အိမ်သို့ မကြာခဏ ပို့ပေးပါတယ် ။

နောက်ပြီး D. ရဲ့မိခင်က သူမ အသက်ရှင်နေသမျှကာလပတ်လုံး အမေနဲ့သမီးကို မခွဲခွာဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပြီး ဘယ်လောက်ပင် ခက်ခဲ့ပြီး ငတ်မွတ်နေပါစေ

အမေနဲ့သမီး အတူတူရှိနေသရွေ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီမယ်လို့ ဆိုပါတယ် ။ လောကမှာ မိခင်မေတ္တာလောက် မွန်မြတ်မြင့်မြတ်တဲ့အရာဆိုတာ ဘာ

မှမရှိသလို မိခင်တွေသားသမီးအပေါ်ထားတဲ့ မေတ္တာက ယှဉ်စရာ ဘာတစ်ခုမှ မရှိပါဘူး ။

JRose (KB Chimmy One)

Reference : bestie