ၾကားသိရသမွ်


Zawgyi

ဒုရဲအုပ် ချယ်ရီထက်အမှု တရားလို ဒုရဲမှူးအား စစ်ဆေး

ဧရာဝတီ၊ ဒီဇင္ဘာ ၂၊ ၂၀၂၁

ဒုရဲအုပ် ချယ်ရီထက်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့်

တရားစွဲဆိုထားမှုအား ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဌာနမှ

ဒုရဲမှူး ဇော်ဝင်းထွန်းအား စစ်ဆေးခဲ့ကြောင်း ရှေ့နေအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့်ရုံးချိန်းတွင် တရားလိုမှ ဒုရဲအုပ် ချယ်ရီထက်၏ ဖုန်းအား ဖွင့်ကြည့်ကာ ထွက်ဆိုရန်ကြိုးပမ်းမှုကို

ရှေ့နေများက ကန့်ကွက်ခဲ့သော်လည်း ယနေ့တွင် တရားသူကြီးက ဖုန်းအားဖွင့်ကြည့်ကာ ထွက်ဆိုရန်

ခွင့်ပြုခဲ့သည့်အတွက် ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်

ဒုရဲအုပ် ချယ်ရီထက်အား စစ်ကောင်စီက စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးကာ

ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အမှုဖွင့် ဖမ်းဆီးပြီးနောက် ၎င်းအား နေပြည် တော် အချုပ်ထောင်သို့

ပို့ဆောင်ကာ ထောင်တွင်းအထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက် အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်အား

ဖမ်းဆီးပြီးနောက် ၎င်းအနေဖြင့်လည်း စစ်ကောင်စီ၏ ထိန်းချုပ်စောင့်ကြည့်မှုအောက်တွင် အကျယ်ချုပ်သဘောဖြင့်

အမှုဖွင့် ဖမ်းဆီးသည့်အချိန်အထိ နေထိုင်ခဲ့ရကြောင်းလည်း သိရသည်။

ယင်းပြင် ဒုရဲအုပ်ချယ်ရီထက် အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေအရလည်း ရဲခုံရုံးဖြင့် စစ်ဆေးခံခဲ့ရပြီး

လတ်တလောတွင် ရဲခုံရုံးမှ ပြစ်ဒဏ်ချမှတ်မှု ရှိမရှိ ၎င်းထံ အသိပေး အကြောင်းကြားခြင်းမရှိသေးကြောင်း ရှေ့နေများက တဆင့် သိရသည်။

The Irrawaddy – Burmese Edition

Unicode

ဒုရဲအုပ် ချယ်ရီထက်အမှု တရားလို ဒုရဲမှူးအား စစ်ဆေး

ဧရာဝတီ၊ ဒီဇင်ဘာ ၂၊ ၂၀၂၁

ဒုရဲအုပ် ချယ်ရီထက်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့်

တရားစွဲဆိုထားမှုအား ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဌာနမှ ဒုရဲမှူး

ဇော်ဝင်းထွန်းအား စစ်ဆေးခဲ့ကြောင်း ရှေ့နေအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့်ရုံးချိန်းတွင် တရားလိုမှ ဒုရဲအုပ် ချယ်ရီထက်၏ ဖုန်းအား ဖွင့်ကြည့်ကာ ထွက်ဆိုရန်ကြိုးပမ်းမှုကို

ရှေ့နေများက ကန့်ကွက်ခဲ့သော်လည်း ယနေ့တွင် တရားသူကြီးက ဖုန်းအားဖွင့်ကြည့်ကာ ထွက်ဆိုရန်

ခွင့်ပြုခဲ့သည့်အတွက် ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်

ဒုရဲအုပ် ချယ်ရီထက်အား စစ်ကောင်စီက စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးကာ ဇဗ္ဗူသီရိမြို့နယ်၊

အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အမှုဖွင့် ဖမ်းဆီးပြီးနောက် ၎င်းအား နေပြည် တော် အချုပ်ထောင်သို့ ပို့ဆောင်ကာ

ထောင်တွင်းအထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက် အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်အား

ဖမ်းဆီးပြီးနောက် ၎င်းအနေဖြင့်လည်း စစ်ကောင်စီ၏ ထိန်းချုပ်စောင့်ကြည့်မှုအောက်တွင် အကျယ်ချုပ်သဘောဖြင့်

အမှုဖွင့် ဖမ်းဆီးသည့်အချိန်အထိ နေထိုင်ခဲ့ရကြောင်းလည်း သိရသည်။

ယင်းပြင် ဒုရဲအုပ်ချယ်ရီထက် အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေအရလည်း ရဲခုံရုံးဖြင့်

စစ်ဆေးခံခဲ့ရပြီး လတ်တလောတွင် ရဲခုံရုံးမှ ပြစ်ဒဏ်ချမှတ်မှု ရှိမရှိ ၎င်းထံ အသိပေး

အကြောင်းကြားခြင်းမရှိသေးကြောင်း ရှေ့နေများက တဆင့် သိရသည်။

The Irrawaddy – Burmese Edition