ၾကားသိရသမွ်

“စိတ်ဓာတ်ကျနေတယ် အားပေးပါလားတဲ့… အခုတလောစိတ်ဓာတ်ကျတာတွေ ခေတ်စားနေတာလားလို့”

အခုတလော တော်တော်များများ ရင်လာဖွင့်ကြတယ်။

“စိတ်ဓာတ်ကျနေတယ် အားပေးပါလားတဲ့… ကျမ ကတောင် စလိုက်သေးတယ် စိတ်ဓာတ်ကျတာတွေ ခေတ်စားနေတာလားလို့”

ကျမရော စိတ်ဓာတ်မကျဘူးလားဆိုတော့ ကျတာပေါ့။

စစ်တပ် က ကျူးလွန်တဲ့အမှုတွေကို လိုက်ရတယ်။

သက်သေယူရတယ် ဒါတွေကို နေ့တိုင်း လုပ်ရတဲ့အခါ ကိုယ်ကပါ ထပ်ဆင့် စိတ်ဒဏ်ရာရတယ်။

ရန်သူ ဒုက္ခပေးတာ တခုထဲမဟုတ်ဘူး ကိုယ်ယုံတဲ့သူတွေကပါ နောက်ကျောက ဓားနဲ့ထိုးသွားတာတွေ အများကြီး။

ဝေဖန်မှုတွေကြားထဲမှာ အသက်ရှူရတာလည်း မလွယ်ဘူး ထိုင်ရင်လည်းထိုင်လို့၊ ထရင်လည်းထလို့၊ ပြောရင်လည်းပြောလို့၊ မပြောရင်လည်း မပြောလို့ ဘယ်အရာမှ အပြစ်မလွတ်။

ကိုယ်လုပ်ချင်တိုင်း လုပ်မရတဲ့အခါ၊ ဖြစ်ချင်တာ မဖြစ်ရတဲ့အခါ စိတ်ဓာတ်ကျပြန်ရော။ ဒါပေမဲ့ အဆိုးကြီးပဲမဟုတ်ဘူး အကောင်းတွေလည်း ရှိပါတယ်။ ကိုယ့်ကို ချစ်တဲ့သူ၊ ခင်တဲ့သူတွေကလည်း ရှိနေပြန်ရော။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိုယ့်ကိုချစ်တဲ့သူတွေ အတွက်ရော ကိုယ်ကချစ်ရတဲ့သူတွေ အတွက်ရော တွေးပြီး အသက်ရှင်ပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဖက်ဒရယ်အကြောင်းကို တအားပြောရခက်ခဲတယ် ဒါပေမဲ့ ဖေဖော်ဝါရီ က စတဲ့ တော်လှန်ရေး မတ်လလောက်မှာ ဖက်ဒရယ်အာမီ အကြောင်းပြောရင်း ဖက်ဒရယ်ပြည်ထောင်စု အကြောင်း လူတွေက ပြောနေကြပြီ။

ပြင်မလား၊ ဖျက်မလား၊ အသစ်ရေးမလား ငြင်းခုန်ခဲ့ကြတဲ့ ၂၀၀၈ ကိုလည်း ဖျက်သိမ်းခဲ့ကြပြီးပြီ။

တချို့နေရာတွေမှာ ထိန်းချုပ်နယ်မြေတွေ ရှိလာပြီ။ နောက်တခါ အာဏာသိမ်းမယ် ဆိုတာကို စစ်တပ်ပါးစပ်က လွယ်လွယ်မထွက်ရဲတော့ဘူး။ ဒီအရွေ့ကြီး တခုလုံးက ဘယ်သူတွေလုပ်ခဲ့တာလဲ လူထုက တွန်းတင်ခဲ့တာပါ။

ကိုယ့်အစွမ်းအစ ကို မမေ့ပါနဲ့။ ပြောင်းလဲမှုက ကိုယ့်လက်ထဲမှာဘဲရှိတယ်။ ဖိနှိပ်မှုကင်းတဲ့ လောကအသစ် က တကယ် ရှိတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းပေါ်ပဲ မူတည်ပါတယ်။

“တို့ပြည်သူတွေ ညီရဲ့လားဟေ့”

အခုတေလာ ေတာ္ေတာ္မ်ားမ်ား ရင္လာဖြင့္ၾကတယ္။

“စိတ္ဓာတ္က်ေနတယ္ အားေပးပါလားတဲ့… က်မ ကေတာင္ စလိုက္ေသးတယ္ စိတ္ဓာတ္က်တာေတြ ေခတ္စားေနတာလားလို႔”

က်မေရာ စိတ္ဓာတ္မက်ဘူးလားဆိုေတာ့ က်တာေပါ့။

စစ္တပ္ က က်ဴးလြန္တဲ့အမႈေတြကို လိုက္ရတယ္။

သက္ေသယူရတယ္ ဒါေတြကို ေန႔တိုင္း လုပ္ရတဲ့အခါ ကိုယ္ကပါ ထပ္ဆင့္ စိတ္ဒဏ္ရာရတယ္။

ရန္သူ ဒုကၡေပးတာ တခုထဲမဟုတ္ဘူး ကိုယ္ယုံတဲ့သူေတြကပါ ေနာက္ေက်ာက ဓားနဲ႔ထိုးသြားတာေတြ အမ်ားႀကီး။

ေဝဖန္မႈေတြၾကားထဲမွာ အသက္ရႉရတာလည္း မလြယ္ဘူး ထိုင္ရင္လည္းထိုင္လို႔၊ ထရင္လည္းထလို႔၊ ေျပာရင္လည္းေျပာလို႔၊ မေျပာရင္လည္း မေျပာလို႔ ဘယ္အရာမွ အျပစ္မလြတ္။

ကိုယ္လုပ္ခ်င္တိုင္း လုပ္မရတဲ့အခါ၊ ျဖစ္ခ်င္တာ မျဖစ္ရတဲ့အခါ စိတ္ဓာတ္က်ျပန္ေရာ။ ဒါေပမဲ့ အဆိုးႀကီးပဲမဟုတ္ဘူး အေကာင္းေတြလည္း ရွိပါတယ္။ ကိုယ့္ကို ခ်စ္တဲ့သူ၊ ခင္တဲ့သူေတြကလည္း ရွိေနျပန္ေရာ။

အဲ့ဒါေၾကာင့္ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ ကိုယ့္ကိုခ်စ္တဲ့သူေတြ အတြက္ေရာ ကိုယ္ကခ်စ္ရတဲ့သူေတြ အတြက္ေရာ ေတြးၿပီး အသက္ရွင္ပါ။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြမွာ ဖက္ဒရယ္အေၾကာင္းကို တအားေျပာရခက္ခဲတယ္ ဒါေပမဲ့ ေဖေဖာ္ဝါရီ က စတဲ့ ေတာ္လွန္ေရး မတ္လေလာက္မွာ ဖက္ဒရယ္အာမီ အေၾကာင္းေျပာရင္း ဖက္ဒရယ္ျပည္ေထာင္စု အေၾကာင္း လူေတြက ေျပာေနၾကၿပီ။

ျပင္မလား၊ ဖ်က္မလား၊ အသစ္ေရးမလား ျငင္းခုန္ခဲ့ၾကတဲ့ ၂၀၀၈ ကိုလည္း ဖ်က္သိမ္းခဲ့ၾကၿပီးၿပီ။

တခ်ိဳ႕ေနရာေတြမွာ ထိန္းခ်ဳပ္နယ္ေျမေတြ ရွိလာၿပီ။ ေနာက္တခါ အာဏာသိမ္းမယ္ ဆိုတာကို စစ္တပ္ပါးစပ္က လြယ္လြယ္မထြက္ရဲေတာ့ဘူး။ ဒီအေရြ႕ႀကီး တခုလုံးက ဘယ္သူေတြလုပ္ခဲ့တာလဲ လူထုက တြန္းတင္ခဲ့တာပါ။

ကိုယ့္အစြမ္းအစ ကို မေမ့ပါနဲ႔။ ေျပာင္းလဲမႈက ကိုယ့္လက္ထဲမွာဘဲရွိတယ္။ ဖိႏွိပ္မႈကင္းတဲ့ ေလာကအသစ္ က တကယ္ ရွိတယ္။ ကိုယ့္ရဲ့ လုပ္နိုင္စြမ္းေပၚပဲ မူတည္ပါတယ္။

“တို႔ျပည္သူေတြ ညီရဲ့လားေဟ့”