ရည္းစားျဖစ္သူရဲ႕ ရက္ရက္စက္စက္လုပ္လိုက္မႈေၾကာင့္ ေယာဂနည္းျပမိန္းကေလး ေ…သဆံုး
ေဟာင္ေကာင္က ၾကယ္ငါးပြင့္ဟိုတယ္ ေကာ္လြန္း ဝက္တ္ဇ္ ရိတ္ဇ္ ကာလ္တန္ရဲ႕ အခန္းတစ္ခုအတြင္း
အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ေခ်ာေဝရင္လို႔ အမည္ရတဲ့ မိန္းကေလးတစ္ဦးမွာ ဓါးအခ်က္ေပါင္းမ်ားစြာ၊
လွီးျဖတ္ဒဏ္ရာ ေတြေတြနဲ႔ ေသဆုံးလ်က္သားေတြ႕ရွိရတယ္လို႔ Mothership သတင္းရဲ႕ ေရသား ေဖာ္ျပခ်က္အရ သိရပါတယ္။
ေဟာင္ေကာင္မီဒီယာ on.cc ရဲ႕ ေရးသားေဖာ္ျပခ်က္ထဲ ေခ်ာလို႔ ေခၚတဲ့ မိန္းကေလးမွာ ေယာဂနည္းျပဆရာမ တစ္ဦးျဖစ္ၿပီး
သူမရဲ႕ မိခင္ျဖစ္သူမွာ သမီးနဲ႔ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနမႈကိုသတင္းေပးၿပီးတဲ့ေနာက္ ဟိုတယ္ခန္းအတြင္း ေသဆုံးေနခဲ့တာကို ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။
ရဲတပ္ဖြဲ႕က ေသဆုံးသူမိန္းကေလးရဲ႕ ရည္းစားေကာင္ေလးရဲ႕ တည္ေနရာကို ရွာေဖြခဲ့ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ “လို” ဆိုသူဟာ မိန္းကေလးဘယ္မွာရွိေနသလဲဆိုတာကို သူ မသိရွိခဲ့ဘူးလို႔ ဆိုခဲ့ပါတယ္။
သို႔ ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ လုံၿခဳံေရးကင္မရာကတဆင့္ စစ္ေဆးေတြ႕ရွိခ်က္ထဲ “လို” ဟာ ေသဆုံးခဲ့သူ ရည္းစား ေဟာင္းမိန္းကေလးရဲ႕ အခန္းကေန အတူ ထြက္ခြာသြားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။
သတင္းမီဒီယာေတြရဲ႕ ေရးသားေဖာ္ျပခ်က္ထဲ “လို” ဟာ ရဲစခန္းကို သူ႔ရဲ႕ အမႈလိုက္ေရွ႕ေနနဲ႔ အတူသြားခဲ့ၿပီး
သူ႔ ဆီမွာ ဟိုတယ္အခန္းတံခါးေသာ့ေတြ ကိုင္ေဆာင္ထားခဲ့တာကိုလည္း သတင္းေပးပို႔ေဖာ္ျပတာေတြ ရွိခဲ့ပါတယ္။
ဟိုတယ္ရဲ႕ အခန္းတြင္းထဲ ရန္ျဖစ္သတ္ပုတ္မႈအခင္းျဖစ္ပြားျခင္းပုံစံနဲ႔ ေသြးေတြကို ေတြ႕ရွိခဲ့ကာ ေသဆုံးသူ မိန္းကေလးဆီမွာ ဓါးထိုးသြင္းဒဏ္ရာ အခ်က္ ၃၀ ေက်ာ္ကို ေတြ႕ခဲ့ရပါတယ္။
ေသဆုံးသူ ေယာဂနည္းျပဆရာမ မိန္းကေလးငယ္ကို ရွာေဖြေတြ႕ရွိခဲ့ခ်ိန္မွာေတာ့ ေရခ်ိဳးဇလုံရဲ႕ ေရေအာက္ထဲမွာ နစ္ျမဳပ္ေနခဲ့တာျဖစ္ပါတယ္။
ေတာင္တ႐ုတ္မနက္ခင္းသတင္းစာရဲ႕ ေရးသားေဖာ္ျပခ်က္အရ ရဲတပ္ဖြဲ႕က အသက္ ၂၈ ႏွစ္အ႐ြယ္ အမ်ိဳးသားကို
ရည္းစားေဟာင္းမိန္းကေလးကို ဟိုတယ္ခန္းအတြင္း သတ္ျဖတ္မႈနဲ႔ အမႈ ဖြင့္တရားစြဲဆိုထားတယ္လို႔ သိရပါ တယ္။
credit to orginal
unicode
ရည်းစားဖြစ်သူရဲ့ ရက်ရက်စက်စက်လုပ်လိုက်မှုကြောင့် ယောဂနည်းပြမိန်းကလေး ေ…သဆုံး
ဟောင်ကောင်က ကြယ်ငါးပွင့်ဟိုတယ် ကော်လွန်း ဝက်တ်ဇ် ရိတ်ဇ် ကာလ်တန်ရဲ့ အခန်းတစ်ခုအတွင်း
အသက် ၂၃ နှစ်အရွယ်ရှိ ချောဝေရင်လို့ အမည်ရတဲ့ မိန်းကလေးတစ်ဦးမှာ ဓါးအချက်ပေါင်းများစွာ၊
လှီးဖြတ်ဒဏ်ရာ တွေတွေနဲ့ သေဆုံးလျက်သားတွေ့ရှိရတယ်လို့ Mothership သတင်းရဲ့ ရေသား ဖော်ပြချက်အရ သိရပါတယ်။
ဟောင်ကောင်မီဒီယာ on.cc ရဲ့ ရေးသားဖော်ပြချက်ထဲ ချောလို့ ခေါ်တဲ့ မိန်းကလေးမှာ ယောဂနည်းပြဆရာမ တစ်ဦးဖြစ်ပြီး
သူမရဲ့ မိခင်ဖြစ်သူမှာ သမီးနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေမှုကိုသတင်းပေးပြီးတဲ့နောက် ဟိုတယ်ခန်းအတွင်း သေဆုံးနေခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က သေဆုံးသူမိန်းကလေးရဲ့ ရည်းစားကောင်လေးရဲ့ တည်နေရာကို ရှာဖွေခဲ့ပြီး အသက် ၂၈ နှစ်အရွယ် “လို” ဆိုသူဟာ မိန်းကလေးဘယ်မှာရှိနေသလဲဆိုတာကို သူ မသိရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။
သို့ ပေမယ့်လည်း နောက်ပိုင်းမှာတော့ လုံခြုံရေးကင်မရာကတဆင့် စစ်ဆေးတွေ့ရှိချက်ထဲ “လို” ဟာ သေဆုံးခဲ့သူ ရည်းစား ဟောင်းမိန်းကလေးရဲ့ အခန်းကနေ အတူ ထွက်ခွာသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်ထဲ “လို” ဟာ ရဲစခန်းကို သူ့ရဲ့ အမှုလိုက်ရှေ့နေနဲ့ အတူသွားခဲ့ပြီး
သူ့ ဆီမှာ ဟိုတယ်အခန်းတံခါးသော့တွေ ကိုင်ဆောင်ထားခဲ့တာကိုလည်း သတင်းပေးပို့ဖော်ပြတာတွေ ရှိခဲ့ပါတယ်။
ဟိုတယ်ရဲ့ အခန်းတွင်းထဲ ရန်ဖြစ်သတ်ပုတ်မှုအခင်းဖြစ်ပွားခြင်းပုံစံနဲ့ သွေးတွေကို တွေ့ရှိခဲ့ကာ သေဆုံးသူ မိန်းကလေးဆီမှာ ဓါးထိုးသွင်းဒဏ်ရာ အချက် ၃၀ ကျော်ကို တွေ့ခဲ့ရပါတယ်။
သေဆုံးသူ ယောဂနည်းပြဆရာမ မိန်းကလေးငယ်ကို ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ ရေချိုးဇလုံရဲ့ ရေအောက်ထဲမှာ နစ်မြုပ်နေခဲ့တာဖြစ်ပါတယ်။
တောင်တရုတ်မနက်ခင်းသတင်းစာရဲ့ ရေးသားဖော်ပြချက်အရ ရဲတပ်ဖွဲ့က အသက် ၂၈ နှစ်အရွယ် အမျိုးသားကို
ရည်းစားဟောင်းမိန်းကလေးကို ဟိုတယ်ခန်းအတွင်း သတ်ဖြတ်မှုနဲ့ အမှု ဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါ တယ်။
credit to orginal