ၾကားသိရသမွ်

ကားစီးရင်းအပျင်းပြေစေဖို့ ကားဆရာက အရုပ်တွေချိတ်ဆွဲပေးထားသည့်အတွက် ကားပေါ်တက်လိုက်တာနဲ့ ပွဲဈေးတန်းရောက်သွား သလိုခံစားသွားရနိုင်သည့် ဘတ်စ်ကား

စာဖတ်သူတို့အနေဖြင့်လည်း ငယ်စဉ်အရွယ်က ပွဲဈေးသွားလည်ရသည့်အချိန်လေးက အလွန်အပျော်စရာကောင်းသောအချိန်အခါလေးဖြစ်ခဲ့မှာသေချာပါတယ်။တွေ့တဲ့အရုပ်လေးတွေကို လက်ညိုးထိုးပြီးမိဘတွေကို ပူဆာနေကြမြဲနေရာက ပွဲဈေးတန်းလေးပင်ဖြစ်ပါတယ်။

ယခုတွင်တော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ Pham Ngoc Tuyenဆိုသည့်အမျိုးသားဟာ ဘတ်စ်ကားမောင်းသူတစ်ဦးဖြစ်ပါတယ်။သူဟာ ခရီးသည်တွေ ကားစီးရင်း အပျင်းပြေနေစေဖို့အတွက် အရုပ်ပေါင်းများစွာကို ကားထဲမှာ အပြည့်ချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်ကားစီးရင်း အရုပ်လေးတွေနှင့်ဆော့ကစားနိုင်ပြီး အရုပ်ဆိုင်ရောက်နေသလိုဖြစ်နေတော့မှာသေချာပါတယ်။အမျိုးသားဟာ အရုပ်တွေကိုလည်း ဝယ်ယူပြီးရှာဖွေခဲ့တာမဟုတ်ဘဲ အရုပ်ကောက်စက်မှာ သွားဆော့ပြီး ရယူခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ကားစီးရင္းအပ်င္းေျပေစဖို႔ ကားဆရာက အ႐ုပ္ေတြခ်ိတ္ဆြဲေပးထားသည့္အတြက္ ကားေပၚတက္လိုက္တာနဲ႔ ပြဲေဈးတန္းေရာက္သြား သလိုခံစားသြားရႏိုင္သည့္ ဘတ္စ္ကား

စာဖတ္သူတို႔အေနျဖင့္လည္း ငယ္စဥ္အ႐ြယ္က ပြဲေဈးသြားလည္ရသည့္အခ်ိန္ေလးက အလြန္အေပ်ာ္စရာေကာင္းေသာအခ်ိန္အခါေလးျဖစ္ခဲ့မွာေသခ်ာပါတယ္။ေတြ႕တဲ့အ႐ုပ္ေလးေတြကို လက္ညိဳးထိုးၿပီးမိဘေတြကို ပူဆာေနၾကၿမဲေနရာက ပြဲေဈးတန္းေလးပင္ျဖစ္ပါတယ္။

ယခုတြင္ေတာ့ ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕မွ Pham Ngoc Tuyenဆိုသည့္အမ်ိဳးသားဟာ ဘတ္စ္ကားေမာင္းသူတစ္ဦးျဖစ္ပါတယ္။သူဟာ ခရီးသည္ေတြ ကားစီးရင္း အပ်င္းေျပေနေစဖို႔အတြက္ အ႐ုပ္ေပါင္းမ်ားစြာကို ကားထဲမွာ အျပည့္ခ်ိတ္ဆြဲထားခဲ့တာျဖစ္ပါတယ္။

ထို႔ေၾကာင့္ကားစီးရင္း အ႐ုပ္ေလးေတြႏွင့္ေဆာ့ကစားႏိုင္ၿပီး အ႐ုပ္ဆိုင္ေရာက္ေနသလိုျဖစ္ေနေတာ့မွာေသခ်ာပါတယ္။အမ်ိဳးသားဟာ အ႐ုပ္ေတြကိုလည္း ဝယ္ယူၿပီးရွာေဖြခဲ့တာမဟုတ္ဘဲ အ႐ုပ္ေကာက္စက္မွာ သြားေဆာ့ၿပီး ရယူခဲ့တာျဖစ္ပါတယ္။

Shoon (Cele Daily)