အိုမီခ႐ြန္ႏွင့္ျမန္မာ့ေ႐ႊ
အိုမီခ႐ြန္ပိုးအသစ္သတင္းေၾကာင့္ ျမင့္တက္ေနတဲ့ကမာ့ေရနံေစ်းဟာထိုးက်ခဲ့ၿပီး၊
ေ႐ႊေစ်းကိုတက္ဖို႔ပဲလူအမ်ားကေမွ်ာ္လင့္ထားၾကပါတယ္။
ေ႐ႊေစ်းဟာလည္း မႏွစ္ကေစ်းတန္း $1770/oz ႏွင့္ $1780/ozေစ်းတန္းမွာ
တပတ္လုံးနီးပါးတည္ၿငိမ္ေနပါတယ္။ ပိုးနဲ႔ပတ္သက္တဲ့သတင္းအေပၚနားစြင့္ေနတာရယ္၊
အေမရိကန္ဗဟိုဘဏ္ဥကၠဌရဲ႕ အတိုးႏႈန္းအေပၚသေဘာထားရယ္ကို ေစာင့္ၾကည့္ေနၾကပါတယ္။
ျမန္မာ့ေ႐ႊေစ်းဟာ world gold ရဲ႕အေျပာင္းအလဲကို သိပ္မတုန္႔ျပန္ခဲ့တာ တလနီးပါးရွိလာခဲ့ပါၿပီ။
အဓိကက ေ႐ႊထြက္ရာသီမွာ ေ႐ႊထြက္ရာျမန္မာျပည္အထက္ပိုင္းေဒသေတြမွာမေအးခ်မ္းတာရယ္ ၊
ေဒၚလာေစ်းဟာ ႏႈန္းတခုမွာတန္႔ေနတာေၾကာင့္ရယ္ ၁၇သိန္း၇ေသာင္းဟာ ေဖာက္က်ဖို႔
အင္မတန္ခက္ခဲေနပါတယ္။ ထုတ္ကုန္ရာသီမွာ ေဒၚလာ ဝင္ရမည့္ကာလျဖစ္ေနေသာလည္း
တကမာလုံးဆိုင္ရာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြဟာ ကုန္သြယ္ေရးကို
အေျမာက္အျမားမျပဳျခင္းႏွင့္ သေဘာ္တင္ရန္ အခက္အခဲေတြဟာ
ေဒၚလာအမ်ားအျပားဝင္ေရာက္ဖို႔ကိုဟန္႔တားေနေစပါတယ္။
အိုမီခ႐ြန္သာ ျပင္းထန္တဲ့က်န္းမာေရးထိခိုက္မႈ႕သာထပ္ျဖစ္ေစမည္ဆိုရင္ ျ
မန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနနဲ႔ က်ားကန္ထားရတဲ့ ထုတ္ကုန္သြင္းကုန္ေပၚလစီဟာ
အားနည္းေနတဲ့ျမန္မာ့ကုန္သြယ္ေရးကိုထပ္မံထိခိုက္ေစမွာအေသအခ်ာပါပဲ။
ျမန္မာ့ကုန္သြယ္ေရးဟာ အေျခခံစားကုန္ေတြတင္ပို႔မႈ႕ကို အားျပဳထားျခင္းဟာ
အၿမဲတဖက္ေစာင္းနင္းဆက္ဆံခံေနရမွာအေသအခ်ာပါပဲ။
ထိုကုန္သြယ္ေရးကို တဖက္ႏိုင္ငံမွ ငါးလတာနီးပါးပိတ္ဆို႔ျခင္းေၾကာင့္ ျမန္မာ့စီးပြါးေရးဟာ
ယိမ္းယိုင္ခဲ့ရတာမ်က္ျမင္ပါပဲ။ အကယ္လို႔ အိုမီခ႐ြန္ဟာတကယ္ျပင္းထန္ခဲ့ရင္ေတာ့
ေနာက္ထပ္က်န္းမာေရးသုံးပစၥည္းေတြအျပင္းအထန္တင္သြင္းရဖြယ္ရွိၿပီ
း ပို႔ကုန္အားနည္းေနရင္ေတာ့ စံခ်ိန္တင္ေငြလဲလွယ္ႏႈန္းမ်ားသာျပန္လည္ျမင့္ေတြ႕
ဖြယ္ရာရွိေသာေၾကာင့္ ျမန္မာ့ေ႐ႊဟာလည္းကြၽဲကူးေရပါမည္ျဖစ္ေၾကာင္းသုံးသပ္လိုက္ရပါတယ္။
ႀဆာေအာင္ေကာင္းၿမတ္
အိုမီခရွန်နှင့်မြန်မာ့ရွှေ
အိုမီခရွန်ပိုးအသစ်သတင်းကြောင့် မြင့်တက်နေတဲ့ကမာ့ရေနံဈေးဟာထိုးကျခဲ့ပြီး၊
ရွှေဈေးကိုတက်ဖို့ပဲလူအများကမျှော်လင့်ထားကြပါတယ်။
ရွှေဈေးဟာလည်း မနှစ်ကဈေးတန်း $1770/oz နှင့် $1780/ozဈေးတန်းမှာ
တပတ်လုံးနီးပါးတည်ငြိမ်နေပါတယ်။ ပိုးနဲ့ပတ်သက်တဲ့သတင်းအပေါ်နားစွင့်နေတာရယ်၊
အမေရိကန်ဗဟိုဘဏ်ဥက္ကဌရဲ့ အတိုးနှုန်းအပေါ်သဘောထားရယ်ကို စောင့်ကြည့်နေကြပါတယ်။
မြန်မာ့ရွှေဈေးဟာ world gold ရဲ့အပြောင်းအလဲကို သိပ်မတုန့်ပြန်ခဲ့တာ တလနီးပါးရှိလာခဲ့ပါပြီ။
အဓိကက ရွှေထွက်ရာသီမှာ ရွှေထွက်ရာမြန်မာပြည်အထက်ပိုင်းဒေသတွေမှာမအေးချမ်းတာရယ် ၊
ဒေါ်လာဈေးဟာ နှုန်းတခုမှာတန့်နေတာကြောင့်ရယ် ၁၇သိန်း၇သောင်းဟာ ဖောက်ကျဖို့
အင်မတန်ခက်ခဲနေပါတယ်။ ထုတ်ကုန်ရာသီမှာ ဒေါ်လာ ဝင်ရမည့်ကာလဖြစ်နေသောလည်း
တကမာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကြောင့် အိမ်နီးချင်းနိုင်ငံတွေဟာ ကုန်သွယ်ရေးကို
အမြောက်အမြားမပြုခြင်းနှင့် သဘော်တင်ရန် အခက်အခဲတွေဟာ
ဒေါ်လာအများအပြားဝင်ရောက်ဖို့ကိုဟန့်တားနေစေပါတယ်။
အိုမီခရွန်သာ ပြင်းထန်တဲ့ကျန်းမာရေးထိခိုက်မှု့သာထပ်ဖြစ်စေမည်ဆိုရင် ြ
မန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ကျားကန်ထားရတဲ့ ထုတ်ကုန်သွင်းကုန်ပေါ်လစီဟာ
အားနည်းနေတဲ့မြန်မာ့ကုန်သွယ်ရေးကိုထပ်မံထိခိုက်စေမှာအသေအချာပါပဲ။
မြန်မာ့ကုန်သွယ်ရေးဟာ အခြေခံစားကုန်တွေတင်ပို့မှု့ကို အားပြုထားခြင်းဟာ
အမြဲတဖက်စောင်းနင်းဆက်ဆံခံနေရမှာအသေအချာပါပဲ။
ထိုကုန်သွယ်ရေးကို တဖက်နိုင်ငံမှ ငါးလတာနီးပါးပိတ်ဆို့ခြင်းကြောင့် မြန်မာ့စီးပွါးရေးဟာ
ယိမ်းယိုင်ခဲ့ရတာမျက်မြင်ပါပဲ။ အကယ်လို့ အိုမီခရွန်ဟာတကယ်ပြင်းထန်ခဲ့ရင်တော့
နောက်ထပ်ကျန်းမာရေးသုံးပစ္စည်းတွေအပြင်းအထန်တင်သွင်းရဖွယ်ရှိပြီ
း ပို့ကုန်အားနည်းနေရင်တော့ စံချိန်တင်ငွေလဲလှယ်နှုန်းများသာပြန်လည်မြင့်တွေ့
ဖွယ်ရာရှိသောကြောင့် မြန်မာ့ရွှေဟာလည်းကျွဲကူးရေပါမည်ဖြစ်ကြောင်းသုံးသပ်လိုက်ရပါတယ်။
ဆြာအောင်ကောင်းမြတ်



